ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
(၂၅.၆.၂၀၁၈ မှ ၂၉.၆.၂၀၁၈)ထိ
မတ်ပဲ (FAQ/RC)
မတ်ပဲကတော့ လက်ရှိမှာ ပြန်လည်ဦးမော့ဖို့ ခက်နေတဲ့အခြေအနေပါ။ တောင်သူတွေက အတက်ဈေးကို မျှော်လင့်နေပေမယ့် ဈေးကကျပြီးရင်းကျအခြေအနေ ဖြစ်နေပါတယ်။ အိန္ဒိယရဲ့ ဝယ်လိုအားအခြေအနေကို ကုန်သည်တွေက စောင့်ကြည့်နေတဲ့အတွက် ပြည်တွင်းဝယ်လိုအားမှာလည်း လျော့ကျနေပြီး ဈေးကမတက်တဲ့ အခြေအနေဖြစ်နေပါတယ်။ ပြီးခဲ့တဲ့အပတ်က တစ်တန်ကို ၄ သိန်း ၇သောင်းကျော်ရှိခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ တစ်တန်ကို ၄ သိန်း၃ သောင်းကျော်အထိ ဈေးကမထင်မှတ်လောက်အောင် ကျဆင်းသွားပါတယ်။၂၀၁၅ ခုနှစ်နောက်ပိုင်းမှာ အနိမ့်ဆုံးဈေး ရောက်ရှိသွားတဲ့ဈေးနှုန်းဆိုလည်း မမှားပါဘူး။ ယခုနှစ်ဧပြီလမှာလည်း မတ်ပဲက တစ်တန်ကို ၄၂၀၀၀၀ ကျော်အထိ ဈေးကျဆင်းသွားခဲ့ပေမယ့် ရက်ပိုင်းအတွင်း ဈေးပြန်တက်လာခဲ့ပါတယ်။ဒါပေမယ့် လက်ရှိ အခြေအနေကတော့ ဈေးက ဆက်မတက်ပဲ အချိန်ကြာရပ်တန့်နေပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ မတ်ပဲက တစ်တင်းကို ၁၄၅၀၀ နဲ့ ၁၀၀၀ ကျပ်၊ နေပြည်တော်ကုန်စည်ဒိုင်မှာ တစ်တင်းကို ၁၅၅၀၀ ကျပ်နဲ့ ၅၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာ တစ်တင်းကို ၁၄၈၀၀ နဲ့ ၁၂၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်လအတွင်း တစ်တန်ကို ၁ သိန်းကျော်ဈေးကျဆင်းသွားခဲ့ပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ မတ်ပဲလောက် အတက်အကျမကြမ်းပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးကျဆင်းသွားခဲ့ပါတယ်။ အိန္ဒိယကို တင်ပို့ခဲ့တဲ့ ကာလတစ်လျှောက်လုံး ပဲစင်းငုံနီ ဈေးက မတ်ပဲဈေးကို မှီတဲ့အခြေအနေမရှိခဲ့ပေမယ့် လက်ရှိမှာတော့ မတ်ပဲဈေးက တောင်သူတွေကုန်သည်တွေပါ မထင်မှတ်လောက်ကို ကျဆင်းသွားခဲ့ပြီး ပဲစင်းငုံနီဈေးနဲ့ အတော်ကြီးကွာဟသွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံကလည်း မတ်ပဲထက် ပဲစင်းငုံနီ ဝယ်ယူမှုက ပိုများနေတဲ့အတွက် ဈေးကလည်း ကျပေမယ့် မတ်ပဲလောက် မကြမ်းပါဘူး။ ပဲစင်းငုံနီကို အိန္ဒိယနိုင်ငံအပြင် အခြားနိုင်ငံတွေဖြစ်တဲ့ စင်ကာပူ၊ မလေးရှား၊ ကနေဒါ၊ ပါကစ္စတန်နိုင်ငံ နဲ့ နီပေါနိုင်ငံတို့ကိုလည်း တင်ပို့ရောင်းချတာပါတယ်။ နယ်ကုန်စည်ဒိုင်တွေမှာလည်း ပဲစင်းငုံနီက ဈေးအများကြီးကျဆင်းသွားမျိုးမရှိပဲ အနည်းငယ်သာ အတက်အကျရှိပါတယ်။ မုံရွာကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၃၃၀၀ နဲ့ ၂၀၀ ကျပ်၊ မြင်းခြံကုန်စည်ဒိုင်မှာ တစ်တင်းကို ၁၅၀၀၀ ကျပ် နဲ့ ၆၀၀ ကျပ်၊ပခုက္ကူကုန်စည်ဒိုင်မှာ တစ်တင်းကို ၁၅၁၀၀ ကျပ်နဲ့ ၅၀၀ ကျပ်၊ပြည်ကုန်စည်ဒိုင်မှာ တစ်တင်းကို ၁၄၀၀၀ ကျပ်နဲ့ ၂၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက တစ်လအတွင်း တစ်တန်ကို ၅၀၀၀၀ ကျော်ဈေးကျဆင်းသွားခဲ့ပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဈေးဆက်တိုက်ကို ကျဆင်းနေခဲ့ပါတယ်။ ရာသီဥတုကြောင့် နယ်တွေမှာ ရေနစ်မြှပ်မှုဖြစ်ပွားခဲ့ပြီး သီးနှံစိုက်ခင်းတွေ ပျက်စီးသွားခဲ့ပါတယ်။ သီးနှံပျက်စီးမှုကြောင့် ပဲတွေ အ၇ည်အသွေးညံ့ပြီး ဈေးကလည်း ကျဆင်းသွားပါတယ်။ ပြီးခဲ့တဲ့ အပတ်ကလိုပဲ ဝယ်လိုအားကတော့ ပုံမှန်ရှိနေပေမယ့် ဈေးကကျဆင်းသွားခဲ့ပါတယ်။ မုံရွာဈေးကွက်မှာ ပဲတီစိမ်းက တစ်တင်းကို ၂၁၀၀၀ ကနေ ၂၅၀၀၀ ရှိပြီး ၄၀၀၀ ကျပ်၊ မြင်းခြံကုန်စည်ဒိုင်မှာ တစ်တင်းကို ၂၇၀၀၀ ရှိပြီး ၇၀၀၀ ကျပ်၊ ပခုက္ကူမှာ တစ်တင်းကို ၂၄၀၀၀ နဲ့ ၉၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။
ကုလားပဲ
ကုလားပဲကတော့ ပြီးခဲ့တဲ့အပတ်ကအထိ ဈေးတက်လာခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးက ကျဆင်းသွားခဲ့ ပါတယ်။ ပြည်တွင်းမှာ ငွေကြေးဈေးနှုန်းကျဆင်းနေပြီး ဒေါ်လာဈေးတွေ တက်နေတာကလည်း ပဲဈေးတွေကို ကျဆင်းစေပါတယ်။ လက်၇ှိမှာ ပြည်တွင်းဝယ်လိုအားလျော့နည်းနေပြီး လက်ကျန်တွေကလည်း လျော့နည်းလာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲလုံးဖြူ (ကြီး၊သေး)က တစ်တင်းကို ၂၀၃၀၀ ကနေ ၂၀၇၀၀ ရှိပြီး ၁၅၀၀ ကျပ်၊ ကုလားပဲလုံးဝါ (ကြီး၊သေး)က တစ်တင်းကို ၁၈၀၀၀ ကနေ ၂၀၀၀၀ ကျော်ရှိပြီး ၈၀၀ ကျပ် နီးပါး ဈေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာ ကုလားပဲလုံး (ဖြူ၊ဝါ) က တစ်တင်းကို ၁၉၀၀၀ ကနေ ၂၀၀၀၀ ရှိပြီး တစ်တင်းကို ၁၀၀၀ ကျော်ဈေးကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာလည်း ကုလားပဲလုံး (ဖြူ၊ဝါ)က တစ်တင်းကို ၂၀၀၀၀ ရှိပြီး တစ်တင်းကို၁၀၀၀ ကျပ် ၊ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၂၁၅၀၀ နဲ့ ၁၀၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။
ဝတ်ရည်မွန်(AMIA)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026