ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
(၁၉.၃.၂၀၁၈ မွ ၂၃.၃.၂၀၁၈)ထိ
ဒီတစ်ပတ်မှာတော့ ပထမတန်းစားဖြစ်တဲ့ ဆန်ချောစပါးစျေးက ငြိမ်နေပြီး ဒုတိယတန်းစား ဆန်ကြမ်းစပါးစျေးက အနည်းငယ်ပြောင်းလဲမှုရှိပါတယ်။ မတ်ပဲနဲ့ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ စျေးအနည်းငယ်သာ အတက်အကျရှိပါတယ်။
စပါး
ပြီးခဲ့တဲ့အပတ်က စျေးတက်ခဲ့တဲ့စပါးစျေးက ဒီတစ်ပတ်မှာတော့ စျေးငြိမ်နေပါတယ်။ လက်ကျန်စပါးနည်းလာတာနဲ့အမျှ စပါးစျေးက တက်လာနေပြီးတော့ ဒုတိယတန်းစား စပါးတွေကတော့ ဆန်အဝင်များလာတဲ့အတွက်ကြောင့် စျေးက ပြန်ကျဆင်းသွားခဲ့ပါတယ်။ ဒီတစ်ပတ်မှာတော့ ပထမတန်းစားဆန်တွေဖြစ်တဲ့ ဧရာဝတီပေါ်ဆန်းက တင်း ၁၀၀ ကို ၁၀၀၇၀၀၀ ကျော်၊ ပေါ်ဆန်းရင်က တင်း ၁၀၀ ကို ၉၀၂၀၀၀ ကျော်၊ ဖျာပုံပေါ်ဆန်းက တင်း ၁၀၀ ကို ၉၂၈၀၀၀ ကျော်ရှိပြီး စျေးအပြောင်းအလဲ မရှိခဲ့ပါဘူး။ ဒုတိယတန်းစား စပါးတွေဖြစ်တဲ့ ရွှေသွယ်လေးနဲ့ ဧရာမင်းက တင်း ၁၀၀ ကို ၆၉၀၀၀၀၀ ၊မနောသုခက ၅၉၈၀၀၀ ရှိပါတယ်။ မီးကောက်ကတော့ တင်း ၁၀၀ ကို ၆၁၆၄၀၀ ရှိပြီး တင်း ၁၀၀ ကို ၆၀၀၀၀ ကျော်စျေးတက်လာပါတယ်။ သီးထပ်ရင်ကတော့ တင်း ၁၀၀ ကို ၅၆၅၈၀၀ ရှိပြီး ၁၀၀၀၀ ကျော်စျေးကျဆင်းသွားပါတယ်။
ဆန်
ဧရာဝတီတိုင်းမှာတော့ စပါးစျေးက ငြိမ်နေတဲ့အတွက် ဆန်စျေးတွေကလည်း ပြီးခဲ့တဲ့ အပတ်ကအတိုင်း စျေးငြိမ်နေခဲ့ပါတယ်။ ဝါးတန်းကုန်စည်ဒိုင်မှာတော့ ဆန်ချောစျေးက ငြိမ်နေပေမယ့် ဆန်ကြမ်းတွေကတော့ စျေးကျဆင်းသွားပါတယ်။ ဆန်အဝင်ကတော့ ပုံမှန်ဖြစ်ပြီး အရောင်းအဝယ်က အေးနေတဲ့အတွက် စျေးကျဆင်းသွားတာပါ။ ဝါးတန်းကုန်စည်ဒိုင်မှာ ဆန်ကြမ်းအမျိုးအစားဖြစ်တဲ့ ဧည့်မထ ၂၅ မှတ်တန်က တစ်တင်းကို ၇၀၀ နီးပါးစျေးကျဆင်းသွားပြီး လတ်တလောပေါက်စျေးကတော့ တစ်တင်းကို ၂၀၅၀၀ ကနေ ၂၀၈၀၀ ရှိပါတယ်။ ရက် ၉၀ ဆန်ကလည်း တစ်အိတ်ကို ၂၄၂၀၀ ကနေ ၂၅၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၃၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။ နွေသီးထပ်ရှယ်ကလည်း တစ်အိတ်ကို ၁၀၀၀ လောက်စျေးကျဆင်းခဲ့ပြီး တစ်အိတ်ကို ၂၂၈၀၀ ကနေ ၂၃၀၀၀ ပေါက်စျေးရှိနေပါတယ်။
မတ္ပဲ (FAQ/RC)
မတ်ပဲကတော့ ဒီတစ်ပတ်မှာ စျေးအနည်းငယ် အပြောင်းအလဲရှိပါတယ်။ ပြည်ပတင်ပို့မှုများတဲ့နေ့ စျေးကအနည်းငယ်တက်ပြီး တင်ပို့မှုနည်းတဲ့နေ့ဆို စျေးကအနည်းငယ်ကျဆင်းသွားပါတယ်။ တင်ပို့မှုမှာ ၂၀၁၈ ပဲအသစ်တွေလည်း ပါဝင်တဲ့အတွက်ကြောင့် ပဲအသစ်တွေကတော့ ပဲအဟောင်းထက် စျေးကောင်းရနေပါတယ်။ မြန်မာအစိုးရက ဒီတစ်ပတ်မှာ အိန္ဒိယနိုင်ငံအစိုးရကို မတ်ပဲ နဲ့ ပဲစင်းငုံနီကို တန်ချိန်တိုးဝယ်ဖို့အတွက် စာတင်ထားတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ သြဂုတ်လလောက်မှာ အိန္ဒိယအစိုးရက ပဲတန်ချိန် ကန့်သတ်လိုက်တည်းကစပြီးစျေးက မထင်မှတ်လောက်အောင်ကျဆင်းသွားကာ ကုန်သည်တွေ တောင်သူတွေ ထိခိုက်မှုအများအပြားဖြစ်ပွားခဲ့ပါတယ်။ လက်ရှိအိန္ဒိယနိုင်ငံမှာလည်း ပဲလက်ကျန်တွေကျန်နေတာဖြစ်တဲ့အတွက် လျော့ချဝယ်ယူခဲ့ပြီး ယခုနှစ်မှာလည်း ထပ်ပြီးလျော့ချနိုင်ဖွယ်အခြေအနေတွေ ရှိနေပါတယ်။ ထပ်ပြီးတင်သွင်းမယ်ဆိုရင် လက်ကျန်ပဲ အများအပြား ကျန်ရှိနေမှာကို ကုန်သည်တွေက စိုးရိမ်ပြီး မြန်မာမတ်ပဲ စျေးအလွန်သက်သာနေတဲ့အတွက် တောင်သူတွေမှာ ထိခိုက်မှုတွေ ရှိနိုင်တယ်လို့လည်းစိုးရိမ်မှုများရှိနေပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ မတ်ပဲကတစ်တင်းကို ၁၅၅၀၀ နဲ့ တစ်တင်းကို ၂၀၀ ကျပ်လောက်စျေးတက်လာပါတယ်။နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်အိတ်ကို ၄၅၀၀၀ ရှိပြီး တစ်အိတ်ကို ၁၅၀၀ ကျပ် စျေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၅၈၀၀ ရှိပြီး ၄၀၀ ကျပ်လောက်စျေးကျဆင်းသွားပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း စျေးက အတက်အကျအနည်းငယ်သာ ပြောင်းလဲမှုရှိပါတယ်။ ပဲအသစ်တွေ စပေါ်ချိန်က ပဲအဟောင်းထက် စျေးပိုရခဲ့ပေမယ့် လက်ရှိမှာတော့ ပဲအသစ်တွေက စျေးကျဆင်းသွားပြီး ပဲ အဟောင်းတွေက စျေးအနည်းငယ်ပို ရနေတာကိုတွေ့ရပါတယ်။ ပဲစင်းငုံကတော့ နယ်ကုန်စည်ဒိုင်တွေမှာ ရက်ခြားရောင်းဝယ်မှုသာ ရှိတယ်လို့လည်းသိရပါတယ်။ ပဲစင်းငုံနီကို တန်ချိန် ၄ သိန်းအထိ တိုးဝယ်ဖို့ မြန်မာအစိုးရက အိန္ဒိယအစိုးရကို တောင်းဆိုထားပါတယ်။ ပဲစင်းငုံနီကတော့ နယ်ကုန်စည်ဒိုင်တွေက အဝယ်မလိုက်တဲ့အတွက်စျေးက ကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာ တစ်တင်းကို ၁၀၅၀၀ ရှိပြီး ၂၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၉၀၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ ၁၁၀၀၀ ရှိပြီး ၂၀၀ ကျပ်စျေးအသီးသီးစျေးကျဆင်းသွားပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းက နှစ်ပတ်ဆက်တိုက် စျေးက တစ်ဖြေးဖြေးစျေးကျဆင်းသွားခဲ့ပါတယ်။ နေ့စဉ် အဝင်မရှိတော့ပေမယ့် အဝယ်ကလည်း အေးနေတဲ့အတွက် စျေးက ငြိမ်နေတာလည်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံကို ပဲတင်သွင်းမှု လျှောက်ထားရမှာ ပဲတီစိမ်းလည်း ပါဝင်တယ်လို့သိရပါတယ်။ ပဲတီစိမ်းက အိန္ဒိယနိုင်ငံအပြင် တရုတ်နိုင်ငံနဲ့ထိုင်းနိုင်ငံကလည်း ဝယ်ယူနေတာဖြစ်တဲ့အတွက်ကြောင့် တစ်ခြားပဲတွေ လောက် ထိခိုက်မှုမရှိပေ။ မုံရွာကုန်စည်ဒိုင်မှာတော့ ပဲတီစိမ်း တစ်တင်းကို ၁၉၀၀၀ ကနေ ၂၂၀၀၀ ပေါက်စျေးရှိပြီး စျေးငြိမ်နေပါတယ်။ နေပြည်တော်မှာတော့ ၃ တင်းဝင် တစ်အိတ်ကို ၆၅၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၈၀၀၀ ကျော်စျေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၅၅၀၀ ပေါက်စျေးရှိပြီး ၁၅၀၀ ကျပ်စျေးတက်လာပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၁၂၀၀ ကနေ ၁၇၅၀ ကျော်ရှိပြီး အတက်အကျ အနည်းငယ်ပြောင်းလဲပါတယ်။
နှမ်းမျိုးစုံ
နှမ်းရောင်စုံဖြစ်တဲ့ နှမ်းနက်၊ နှမ်းဖြူ၊ နှမ်းနက်(စမုံ)၊ နှမ်းနီ၊ နှမ်းညိုအစရှိတဲ့ နှမ်းမျိုးစုံတို့ကတော့ စျေးငြိမ်နေတာ တော်တော်ကြာနေပါတယ်။ စျေးကွက်အတွင်း နှမ်းတွေဝင်ရောက်မှုနည်းလာပြီး အရောင်းအဝယ်ကလည်း နည်းလာတဲ့အတွက် စျေးငြိမ်နေတာလည်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ နှမ်းဆီစက်သမားတွေ ဝယ်ယူမှုမှသာ တစ်အိတ်ကို ၁၀၀၀ ကျော်သာ တက်ရောက်ပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ နှမ်းဖြူက တစ်တင်းကို ၄၁၇၅၀ နှမ်းဝါက ၃၄၀၀၀နှမ်းနီက ၃၅၀၀၀၊နှမ်းညိုက ၃၂၅၀၀၊နှမ်းနက်က ၃၆၀၀၀၊ပန်းနှမ်းကတော့ ၁၆၅၀၀ ရှိပြီး ပန်းနှမ်းကလွဲပြီး နှမ်းမျိုးစုံစျေးက ပြောင်းလဲမှုမရှိပါဘူး။ မြင်းခြံကုန်စည်ဒိုင်မှာတော့ နှမ်းညို က ၃၃၃၀၀ ရှိပြီး ၄၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ နှမ်းနက်က တစ်တင်းကို ၃၅၀၀၀ နဲ့ ၄၀၀၀ လောက်စျေးတက်လာပါတယ်။နှမ်းနီကတော့ စျေးအပြောင်းအလဲမရှိပဲ ၇၅၀၀၀ ပေါက်စျေးရှိပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း နှမ်းနက်ရော နှမ်းနီရော တစ်အိတ်ကို ၃၆၀၀၀ နဲ့စျေးက ငြိမ်နေပါတယ်။
မဝတ်ရည်မွန်(AMIA)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026