ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
(၂၆.၃.၂၀၁၈ မွ ၃၀.၃.၂၀၁၈)ထိ
ဒီတစ်ပတ်မှာ ဆန်ချောစျေးတွေရော စပါးတွေပါ စျေးငြိမ်နေပြီး ဆန်ကြမ်းကတော့ ဆန်ရော စပါးပါ စျေးကတက်လာပါတယ်။ မတ်ပဲကတော့ ဒီတစ်ပတ်မှာ ထင်ထားတာထက်စျေးက ပိုမိုကျဆင်းသွားပေမယ့် ပဲစင်းငုံနီကတော့ အတက်စျေးနဲ့ ရှိနေပါတယ်။ ဆက်တိုက်ကျဆင်းနေတဲ့ ကုလားပဲကတော့ ဒီတစ်ပတ်မှာတော့ စျေးတက်လာတာကို တွေ့ရပါတယ်။
ဆန်
ဒီတစ်ပတ်မှာတော့ ဆန်ချောစျေးတွေ ပြည်နယ်နဲ့တိုင်းတွေမှာ ငြိမ်နေပေမယ့် ဆန်ကြမ်းစျေးတွေကတော့ အနည်းငယ် တက်လာတာကို တွေ့ရပါတယ်။ ဝါးတန်းကုန်စည်ဒိုင်မှာတော့ ဆန်ကြမ်းစျေးတွေက အနည်းငယ် စျေးကျဆင်းသွားပါတယ်။ အဝင်နည်းပြီး အရောင်းအဝယ်ကလည်း ငြိမ်နေပါတယ်။ ဆန်ကြမ်းထဲမှာ ဧည့်မထ ၂၅ မှတ်တန်ကတော့ ပြည်ပအိမ်နီးချင်းနိုင်ငံကို အဓိကတင်ပို့တာ ဖြစ်ပြီး လက်ရှိမှာ တင်ပို့မှုအနည်းငယ်လျော့ကျသွားတဲ့အတွက် စျေးက အနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ ဝါးတန်းကုန်စည်ဒိုင်မှာတော့ နွေသီးထပ်ဆန်၊ ရက် ၉၀ ဆန်တို့က စျေးအနည်းငယ်ကျဆင်းသွားခဲ့ပေမယ့် နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ ပုသိမ်ကုန်စည်ဒိုင်မှာတော့ သီးထပ်ရင် စပါးက တင်း ၁၀၀ ကို ၅၇၉၆၀၀ ရှိပြီး တစ်တင်းကို ၁၅၀၀၀ ကျော်စျေးတက်လာပါတယ်။ တစ်ခြား ရွှေသွယ်လေး၊ ဧရာမင်း၊ မနောသုခ နဲ့မီးကောက်တို့ကတော့ စပါးစျေးမှာငြိမ်နေပါတယ်။ နေပြည်တော ်ကုန်စည်ဒိုင်မှာတော့ ဆန်ကြမ်းဖြစ်တဲ့ မနောသုခ၊ သုခထွန်းတို့က တစ်အိတ်ကို ၅၀၀ ကနေ ၂၀၀၀ ကြားစျေးတက်လာပါတယ်။ မုံရွာမှာလည်း မနောသုခ တစ်အိတ်ကို ၂၆၀၀၀ ပေါက်စျေးရှိပြီး တစ်အိတ်ကို ၈၀၀ လောက်စျေးတက်လာပါတယ်။
မတ္ပဲ (FAQ/RC)
ဒီတစ်ပတ်မှာတော့ မတ်ပဲက ထင်တာထက်စျေးက ကျဆင်းသွားတာကို တွေ့ရပါတယ်။ ပြည်တွင်းမှာတော့ နေ့စဉ်အဝင်ရှိပြီး အဝယ်ရှိနေပေမယ့် စျေးကမတက်လာလည်း ငြိမ်လိုက်၊ကျလိုက်အခြေအနေဖြစ်နေပါတယ်။ လက်ရှိအိန္ဒိယနိုင်ငံမှာလည်း ပြည်ပပဲမျိုးစုံကို ဝယ်ယူဖို့ကို တောင်သူတွေ၊ ကုန်သည်တွေက ဆန္ဒပြလိုက်ပြီးတဲ့နောက်မှာ ပဲမျိုးစုံတင်သွင်းမှုကို အိန္ဒိယအစိုးရက ပြန်လည်စဉ်းစားခဲ့ပါတယ်။ မြန်မာအစိုးရကလည်း ပြီးခဲ့တဲ့ အပတ်က မြန်မာနိုင်ငံက မတ်ပဲနဲ့ပဲစင်းငုံတို့ကို တိုးမြှင့်ဝယ်ယူပေးရန် တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အိန္ဒိယကတော့ မြန်မာနိုင်ငံအစိုးရက တောင်းဆိုမှုနဲ့ ပတ်သတ်ပြီး ယခုမတ်လကုန်မှာ ထုတ်ပြန်ပေးမယ်လို့ကြေညာ ထားပါတယ်။ မြန်မာဘက်က ကန့်သတ်ခံရတဲ့ ပဲတွေဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံများကိုရောင်းချလိုတဲ့တန်ချိန်ကို အိန္ဒိယအစိုးရကို တင်ပေးထားပြီး အိန္ဒိယနိုင်ငံနဲ့မြန်မာနိုင်ငံကို ထုတ်လုပ်သူနှင့် စားသုံးသူ တိုက်ရိုက်ရောင်းဝယ်ခြင်း စနစ်ရေရှည်တည်ဆောင်သွားရန်၊ G to G အရောင်းအဝယ်လုပ်ပါက ငွေပေးငွေရအပိုင်းကို LC စနစ်ဖြင့်သွားရန်အချက်တို့ကို ညှိုနှိုင်းထားခဲ့တယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ သြဂုတ်လလောက်မှာ အိန္ဒိယအစိုးရက ပဲတန်ချိန်ကန့်သတ်လိုက်တည်းက စပြီးစျေးက မထင်မှတ်လောက်အောင်ကျဆင်းသွားကာ ကုန်သည်တွေ တောင်သူတွေ ထိခိုက်မှုအများအပြား ဖြစ်ပွားခဲ့ပါတယ်။ ရန်ကုန်မှာတော့ မတ်ပဲ FAQ/RC က တစ်တန်ကို ၄၄၅၀၀၀ အထိ စျေးက ကျဆင်းသွားခဲ့ပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာလည်း သုံးတင်းဝင် တစ်အိတ်ကို ၄၃၅၀၀ ရှိပြီး တစ်အိတ်ကို ၁၅၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။ မုံရွာမှာတော့ တစ်တင်းကို ၁၀၀၀ လောက်ကျဆင်းပြီး ၁၄၅၀၀ ပေါက်ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၅၀၀၀ ရှိပြီး ၈၀၀ ကျပ်စျေးကျဆင်းသွားခဲ့ပါတယ်။
ပဲစင်းငုံနီ
ပြီးခဲ့တဲ့အပတ်က အတက်အကျအနည်းငယ်ပြောင်းလဲခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ရန်ကုန်ကုန်စည်ဒိုင်မှာ ပဲစင်းငုံနီက စျေးတက်လာတယ်။ ရန်ကုန် FOB စျေးနှုန်းကလည်း စျေးမြင့်နေပေမယ့် အိန္ဒိနိုင်ငံမှာတော့ ပဲစင်းငုံနီက စျေးကျဆင်းနေတာကိုလည်း တွေ့ရပါတယ်။ တစ်တန်ကို ဒေါ်လာ ၅၉၀ ကျော်နဲ့ စျေးက ကျဆင်းနေခဲ့ပါတယ်။ နယ်ကုန်စည်ဒိုင်တွေမှာတော့ နေ့စဉ် ပဲအဝင်ပုံမှန်ရှိနေပြီး အရောင်းအဝယ်ကတော့ အေးနေပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံနီက တစ်တင်းကို ၁၀၀၀၀ ရှိပြီး ၁၀၀၀ ကျပ်လောက်စျေးက ကျဆင်းသွားပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၈၂၀၀ ကျော်ရှိပြီး ၈၀၀ နီးပါးစျေးကျဆင်းသွားပါတယ်။ မုံရွာမှာလည်း တစ်တင်းကို ၁၀၀၀၀ ရှိပြီး ၅၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်မှာတော့ တစ်တန်ကို ၃၉၀၀၀၀ ကျော်အထိ ပေါက်စျေးရှိကာပြီးခဲ့တဲ့ အပတ်ကထက် တစ်တင်းကို ၂၀၀၀၀ နီးပါးစျေးတက်လာပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာ စျေးငြိမ်နေပါတယ်။ နယ်ကုန်စည်ဒိုင်တွေကို ပဲအဝင်နည်းသွားပြီး ရက်ခြားသာ အရောင်းအဝယ် ဖစ်နေတဲ့အတွက် စျေးကလည်း ငြိမ်နေပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာ ပဲတီစိမ်းက တစ်အိတ်ကို ၆၅၀၀၀၊ ပြည်ကုန်စည်ဒိုင်မှာ တစ်တင်းကို ၂၅၅၀၀၊ မုံရွာကုန်စည်ဒိုင်မှာ တစ်တင်းကို ၁၉၀၀၀ ကနေ ၂၂၀၀၀ရှိပြီး စျေးငြိမ်နေပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၁၂၀၀ ကနေ ၁၇၈၀ ရှိပြီး စျေးအတက်အကျအပြောင်းအလဲ ရှိနေပါတယ်။
ကုလားပဲ
ကုလားပဲကတော့ ဒီတစ်ပတ်မှာတော့ စျေးကကျဆင်းလာပါတယ်။ ပဲအသစ်တွေကလည်း နေ့စဉ် နဲ့အမျှ ဝင်ရောက်နေပြီး အရောင်းအဝယ်ကလည်း သွက်နေပါတယ်။ ခွဲစက်သမားတွေက အဝယ်များနေပေမယ့် စျေးက အတက်အကျကလည်း တည်ငြိမ်မှုမရှိပါဘူး။ ပြီးခဲ့တဲ့ နှစ်နဲ့ နှိုင်းယှဉ်ရင် စျေးက နှစ်သောင်းနီးပါးစျေးကွာဟမှုတွေ ရှိပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ ကုလားပဲ ဖြူ၊ဝါက တစ်တင်းကို ၂၂၅၀၀ရှိပြီး တစ်တင်းကို ၂၅၀၀ လောက်စျေးကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ ကုလားပဲ ဖြူ၊ ဝါ(ကြီး၊သေး)က တစ်တင်းကို ၂၁၀၀၀ ကနေ၂၂၀၀၀ ရှိပြီး တစ်တင်းကို ၂၀၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၁၀၀၀ ကျော်ရှိပြီး တစ်တင်းကို ၂၀၀၀ ကျပ်စျေးကျဆင်းသွားပါတယ်။ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၁၀၀၀ ကနေ ၂၂၅၀၀ ရှိပြီး တစ်တင်းကို ၂၀၀၀ ကျော်စျေးကျဆင်းသွားခဲ့ပါတယ်။
ဝတ်ရည်မွန်(AMIA)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026