Export အားနည်းနေချိန်တွင် အသင့်စားထုတ်ကုန်များထုတ်လုပ်၍ ဈေးကွက်သစ်ထိုးဖောက်လာကြ
ပြည်ပသို့ မက္ကဒေးမီးယား Export တင်ပို့မှုအားနည်းနေချိန်တွင် လုပ်ငန်းရှင်များဦးဆောင်၍ မက္ကဒေးမီးယား အသင့်စားကုန်ချောထုတ်ကုန်များ ထုတ်လုပ်ကာ ပြည်တွင်း၌ ဈေးကွက်သစ်များ ရှာဖွေထိုးဖောက်လာကြောင်း မက္ကဒေးမီးယား ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နေသူများထံမှ သိရသည်။
မြန်မာနိုင်ငံမှထွက်ရှိသည့် မက္ကဒေးမီးယားကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့ရောင်းချခဲ့ကြပြီး၊ ကိုဗစ်-၁၉ ကာလ ၂ နှစ်တာအတွင်း တင်ပို့မှုအားနည်းနေသည်။
မက္ကဒေးမီးယားက မနှစ်ကရော ဒီနှစ်ရောမှာ Export ဈေးကွက်ပျက်နေတာတော့ ၂ နှစ် ရှိပါပြီ။ တရုတ်နိုင်ငံဘက်ကို တင်ပို့နေတဲ့လမ်းကြောင်းတွေ ပိတ်တဲ့အတွက်ကြောင့်ပါ။ ဒီလို ပြည်ပဈေးကွက်တင်ပို့မှု အားနည်းသွားတဲ့အတွက် တစ်ခုကောင်းလာတဲ့အချက်ကတော့ ပြည်တွင်းမှာတင် ဖြန့်ချိရောင်းချဖို့အတွက် လုပ်ငန်းရှင်တွေက ကုန်ချော (အစေ့အဆံ) အသင့်စားထုတ်ကုန်တွေ ထုတ်လုပ်လာကြပါတယ်။ အခုဆိုရင် ထုတ်ကုန်အမည် ၇ ခုလောက်အထိကို ထုတ်လုပ်လာတာ တွေ့ရပါတယ်။ မက္ကဒေးမီးယားက အာဟာရတန်ဖိုးမြင့်မားပြီး ကျန်းမာရေးနဲ့ညီညွှတ်တဲ့ စားသောက်ကုန်တစ်ခုပါ။
ဟု မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၊ မြေပုံကျေးရွာမှ မက္ကဒေးမီးယားပင် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူ ကိုဇော်ဝင်းနိုင်က ပြောသည်။
မက္ကဒေးမီးယားကို တရုတ်နိုင်ငံသို့မဟုတ်ဘဲ အခြားပြည်ပနိုင်ငံများသို့ Export တင်ပို့ရန်မူ ဝယ်လိုအားရှိသော်လည်း အခွံမာသီးအတိုင်းတင်ပို့ရန်အတွက် ပြည်တွင်း၌ စက်ပစ္စည်းကိရိယာနှင့် နည်းပညာလိုအပ်ချက်ရှိနေခြင်း၊ အစေ့အဆံတင်ပို့ရန်အတွက် စိုက်ပျိုးထုတ်လုပ်မှု နည်းနေသေးခြင်း စသည့် အဓိကအားနည်းချက် ၂ မျိုး ရှိနေသည်။
မက္ကဒေးမီးယားကို တကယ့်ကို ဝယ်လိုအားရှိတဲ့နိုင်ငံတွေ ရှိပေမယ့်လည်း သူတို့လိုအပ်တဲ့ပမာဏကို ကျွန်တော်တို့ဘက်က မပို့ပေးနိုင်သေးဘူး။ ကွန်တိန်နာတစ်ခုကို တန်နှစ်ဆယ်၊ တန်သုံးဆယ်စာ တင်ပို့နိုင်ဖို့အတွက်ဆိုရင် ကျွန်တော်တို့ ပြည်တွင်းမှာရှိတဲ့ စိုက်ပျိုးထုတ်လုပ်မှုလုံလောက်ဖို့လိုနေတယ်။ အခွံမာသီးအတိုင်း တင်ပို့မယ်ဆိုရင်တော့ စုပေါင်းတင်ပို့မယ်ဆိုရင် လိုအပ်တဲ့ပမာဏ ပြည့်နိုင်ပေမယ့် အစိုဓာတ်ထိန်းသိမ်းနိုင်ပြီး Quality ကောင်းကောင်းတင်ပို့နိုင်ဖို့ဆိုရင် ပေါင်းခံစက်လိုအပ်နေတယ်။ ကုန်ချော(မက္ကဒေးမီးယား အစေ့အဆံ) အတိုင်းတင်ပို့ဖို့ဆိုရင်လည်း လိုအပ်တဲ့ ကုန်ပမာဏပြည့်မီဖို့ လိုနေသေးတယ်။
ဟု ၎င်းက ဆက်လက်ပြောသည်။
မက္ကဒေးမီးယား (အခွံမာသီးအတိုင်း) ကို ပေါင်းခံစက်ဖြင့် ပေါင်းမခံဘဲ ပြည်ပသို့ တင်ပို့ရောင်းချပါက စိုထိုင်းဆပါဝင်မှုမြင့်မားသွားနိုင်ပြီး ဆီချေး (ဆီဂျီး) စော်နံကာ Quality ကျဆင်းမှုများ ဖြစ်ပေါ်တတ်ကြောင်း သိရသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022