တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက် (၁၇- ၂၁.၃ ၂၀၂၅)
ပြောင်း
ပြောင်းကတော့ စျေးကွက် အတက်ဘက်ကိုရောက်လာနေတယ်လို့သိရပါတယ်။ ပြောင်းအထွက်နှုန်းနည်းခြင်း၊ ပြည်ပကဝယ်လိုအားကောင်းခြင်းကြောင့် မြန်မာ့ပြောင်းစျေးကွက်ကောင်းနေတာဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းဝယ်လက်တွေကတော့ ဧရာဝတီပြောင်းကို ပိုပြီးဝယ်လိုအားကောင်းနေပါတယ်။ ပြောင်းဆံကို ထိုင်းနဲ့အိန္ဒိယကို အခွန်ကင်းလွတ်ခွင့်နဲ့တင်ပို့နေတဲ့အပြင် တခြားပြည်ပနိုင်ငံတွေကိုပါ တင်ပို့မှုရှိနေပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာပြောင်းဆံ တစ်ပိဿာကို ၁၆၈၀ မှ ၁၆၉၀ ကျပ်ရှိပါ တယ်။ ကုန်ချိန်ပမာဏများများရောင်းချမယ်ဆိုရင်တော့ ၁၇၃၀ ကျပ်လောက်အထိစျေးရနေပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းက အတက်စျေးတန်းမှာ ငြိမ်နေပေမယ့် အရောင်းအဝယ်တော့သွက်နေတယ်လို့ သိရပါတယ်။ တရုတ်ဝယ်လိုအားရှိတာကြောင့် ဈေးကွက်ကောင်းနေတာ ဖြစ်ပါတယ်။ တောင်သူတွေက သိုလှောင်မှုနည်းပြီး ရောင်းလိုအားများနေပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပဲတီစိမ်းခရမ်းရွှေဝါနဲ့ ပဲတီစိမ်း ပဲခူးရွှေဝါက တစ်ပိဿာကို ၅၅၀၀ ကျပ်နဲ့ဈေးငြိမ်နေ ပြီး ပဲတီစိမ်း အညာကလည်းအရင်တပတ်ကအတိုင်း ၅၁၆၅ ကျပ်မှ ၅၁၈၅ ကျပ်မှာဈေးငြိမ်နေတာ ပါတယ်။ ပဲတီစိမ်း ဝါးခယ်မကတော့ ၅၂၅၀ မှ ၅၂၇၀ ကျပ်ရှိပါတယ်။
မန္တလေးဈေးကွက်မှာ ပဲတီစိမ်းအညာက ၂၆၀၀၀၀ မှ၂၆၅၀၀၀ ကျပ်ရှိပါတယ်။
မတ်ပဲ
မတ်ပဲက တော့ တစ်တန်ကို ကျပ်သိန်း ၃၀ အထက်မှာပဲ စျေးတန်းရှိနေပါတယ်။ အိန္ဒိယအစိုးရဘက်က အခွန်ကင်းလွတ်ခွင့်နဲ့ တင်သွင်းခွင့်ပြုလိုက်ပြီးနောက်မှာ စျေးထပ်မတက်လာပေမယ့်လည်း သိန်း ၃၀ ကျပ်စျေးတန်းအောက်ကို ကျဆင်းသွားခြင်းမရှိဘဲ ကျပ်သိန်း ၃၀ အပေါ်မှာပဲ အတက်အကျရှိနေတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာနေ့က မတ်ပဲ (FAQ )တစ်တန်ကို ၃၀၁၇၀၀၀ ကျပ်၊ အင်္ဂါနေ့မှာ ၃၀၀၆၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ ၃၀၁၅၀၀၀ ကျပ် ၊ ကြာသပတေးနေ့မှာ ၃၀၁၁၀၀၀ ကျပ်၊ သောကြာနေ့မှာ ၃၀၁၁၀၀၀ ကျပ်ရှိပါတယ်။ အခုတပတ်မှာ ၃၀၀၀၀ လောက်ကျပါတယ်။
မန္တလေးဈေးကွက်မှာ မတ်ပဲ ပိဿာ ၆၀ကို ၂၈၀၀၀၀ မှ ၂၈၂၀၀၀ ကျပ်ရှိပါတယ်။
ပဲစဉ်းငုံ
ပဲစဉ်းငုံကလည်း အခုတစ်ပတ်မှာ ဈေးတန်းပြန်ကျလာပါတယ်။ တစ်တန်ကို ကျပ်သိန်း ၃၀၅၅၀၀၀ အထိမြင့်တက်ခဲ့ရာကနေ ဒီတစ်ပတ်မှာတော့ တစ်တန်ကို ကျပ်သိန်း ၃၀ အောက်ပြန်ကျသွားပါတယ်။
စျေးတန်းအေးပေမယ့် အိန္ဒိယက ပဲစဥ်းငုံအဝယ်ပုံမှန်ရှိပြီး လှောင်လက်သမားတွေလည်း အဝယ်ရှိနေပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လါနေ့နဲ့ အင်္ဂါနေ့က ပဲစဉ်းငုံနီ တစ်တန်ကို ၂၉၆၀၀၀၀ကျပ် ၊ ဗုဒ္ဓဟူးနေ့ကနေ သောကြာအထိ မှာ ၂၉၈၀၀၀၀ ကျပ်သာရှိပါတယ်။
မန္တလေးဈေးကွက်မှာ ခုတစ်ပတ်မှာ ပဲစဉ်းငုံနီကို ပိဿာ ၆၀ ကို၂၇၈၀၀၀ မှ ၂၇၉၀၀၀ ကျပ်ရှိပါတယ်။
ကြက်သွန်နီ
ကြက်သွန်နီကတော့ ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် အဝင်နည်းပေမယ့် ဈေးက အကျဈေးနဲ့ ရှိနေပါတယ်။ ပြည်တွင်း ဝယ်လိုအားနည်းပြီး ရောင်းအား များနေတာကြောင့် ဈေးတွေ က ဆက်တိုက်ကျဆင်းနေတာလည်း ဖြစ်ပါတယ်။ နေ့စဉ် ဘုရင့်နောင်ဈေးကွက်ထဲကို ပိဿာချိန် ၂ သိန်းခွဲ ပတ်ချာလည် အဝင်ရှိနေပါတယ်။
ရန်ကုန်ဘုရင့်နောင် ဈေးကွက်မှာ ကြက်သွန်နီ (ဆိတ်ဖြူ၊မြစ်သား၊တို့က တစ်ပိဿာကို ၁၆၀၀ မှ ၂၇၀၀ ကြားရှိပြီး တစ်ပိဿာကို ၁၀၀ ဈေးကျဆင်းပါတယ်။ ရက် ၂၀ အတွင်း တစ်ပိဿာကို ၃၀၀ မှ ၈၀၀ ကြား ဈေးကျဆင်းသွားပါတယ်။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူကတော့ ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးပြန်မြင့်တက်လာပါတယ်။ ဈေးကွက်ထဲ အဝင်နည်းပြီး ဈေးမြင့်တက်လာတာ ဖြစ်ပါတယ်။
ရှမ်းကြက်သွန်ဖြူက တစ်ပိဿာကို ၆၀၀၀ မှ ၇၅၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးတက်လာပြီး ကြူကုတ်ကလည်း တစ်ပိဿာကို ၁၃၀၀၀ မှ ၁၃၅၀၀ ရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။
မတ်လ အစ နဲ့ ယှဉ်ရင်တော့ ရှမ်းကြက်သွန်ဖြူက တစ်ပိဿာကို ၃၀၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပြီး ကြူကုတ်ကတော့ တစ်ပိဿာကို ၁၀၀၀ ကျော်လောက်ဈေးတက်လာပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
အကြောင်းအရာ 2
သီးနှံဈေးကွက်
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026