အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဒီတစ်ပတ်အတွင်း ပဲအများစုဈေးတက်

ဒီတစ်ပတ်အတွင်း ပဲအများစုဈေးတက်

AMIA
AMIA • 31/05/2024

 

တစ်ပတ်အတွင်းမှာ‌တော့ ငွေကြေးဈေးတည်ငြိမ်မှုမရှိဘဲ ငွေလဲလှယ်နှုန်းဈေး မြင့်တက်တာတွေကြောင့် ပို့ကုန်ပဲ အပါအဝင် ပဲ အများစု ဈေးမြင့်တက်လာပါတယ်။ ဈေးမြင့်တက်နေတာဖြစ်တဲ့အတွက် အရောင်းတွေကတော့ရှိပေမယ့် အဝယ်ကတော့ အနည်းငယ် အေးနေတဲ့ အခြေအနေ ဖြစ်တယ်လို့သိရပါတယ်။ပဲ တစ်အိတ်ကို အနိမ့်ဆုံး ၅၀၀၀ ကနေ အမြင့်ဆုံး ၅၀၀၀၀ အထိ ဈေးမြင့်တက်နေပါတယ်။

မတ်ပဲ

မတ်ပဲကတော့ ဆက်တိုက်ဈေးမြင့်တက်လာပါတယ်။ ဈေးကွက်အတွင်း ဒေါ်လာ ဈေးမြင့်တက်လာတဲ့အတွက်ကြောင့် ပဲဈေးတွေက မြင့်တက်လာတာဖြစ်ပါတယ်။ ဈေးကွက်အတွင်းမှာတော့ငွေကြေး‌ဈေး တည်ငြိမ်မှု မရှိတာကြောင့် အရောင်းအဝယ်တွေလည်း အေးနေပြီး ကုန်သည်တွေ အနေနဲ့ စောင့်ကြည့် နေကြတယ်လို့ သိရပါတယ်။

ပြည်တွင်းမှာတော့ ငွေကြေးဈေး မတည်ငြိမ်မှုတွေက ပဲ ဈေးတွေကို မြင့်တက်နေစေသလို အိန္ဒိယနိုင် ငံမှာလည်း အခု နှစ် ရာသီမှာ ရာသီဥတုအခြေအကြောင့်ပဲမျိုးစုံ ထုတ်လုပ်နိုင်မှုက ၃၀ ရာခိုင်နှုန်း လောက် လျော့ကျနိုင်မယ်လို့ ဝန်ကြီးဌာနက ခန့်မှန်းထုတ်ပြန်ထားတာကြောင့်  လက်ရှိရွေးကောက်ပွဲ ပြီးပါက ပဲ ဈေးမြင့်တက်မှုက ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း ထိ မြင့်လာဦးမယ်လို့ အိန္ဒိယကုန်သည်တွေက ခန့်မှန်းထားကြောင့် အိန္ဒိယပဲ သတင်းတွေ အရ သိရပါတယ်။

ယခင် အခြေအနေက အိန္ဒိယပဲ ဈေး မြင့်တက်လာမှ ပြည်တွင်း မတ်ပဲ ဈေး မြင့်တက်ခဲ့တာ ဖြစ်ပေမယ့် လက်ရှိ အခြေအနေကတော့ မြန်မာပြည်တွင်း ပဲ ဈေး မြင့်တက်လာမှုကို စောင့်ကြည့်ပြီး အမြင့်ဈေး နဲ့ ရောင်းဝယ်နေကြတာ ဖြစ်လို့ အိန္ဒိယနိုင်ငံမှာ ဒီတစ်ပတ် မြန်မာ မတ်ပဲ FAQ  က တစ်တန်ကို ရူပီး ၉၂၂၅  ပေါက်ဈေးရှိနေပြီး ၁၇၅ ရူပီး မြင့်တက်လာပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့  မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၄၈၀၀၀၀ ပေါက်ဈေးရှိပြီး  ပြီးခဲ့တဲ့ အပတ်နဲ့ သောကြာနေ့နဲ့ ယှဉ်ရင်တစ်တန်ကို ၁၉၇၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။ (SQ/RC)ကတော့ တစ်တန်ကို    ၃၇၇၅၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၂၂၀၀၀၀  ကျပ်  ဈေးတက်လာပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၆၁၅  မှ ၅၆၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၂၅ ကျပ်ဈေး မြင့်တက်လာပါတယ်။ မတ်ပဲ FOB ဈေးနှုန်းကလည်း တစ်တန်ကို ၁၀၂၅ မှ ၁၀၄၅ ဒေါ်လာ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တော့ တစ်တန်ကို ၁၅ ဒေါ်လာ မြင့်တက်လာပါတယ်။

မတ်ပဲက တစ်လအတွင်း တစ်တန်ကို ၃ သိန်းနီးပါးဈေးမြင့်တက်လာခဲ့ပါတယ်။

ပြောင်းဆံ

ပြောင်းဆံကလည်း ငွေကြေးပြောင်းလဲမှုနဲ့အတူ ဈေးမြင့်တက်နေပါတယ်။ ဈေးကွက်အတွင်း ဈေးမြင့်တက်နေပေမယ့်လည်း တောင်သူတွေ ဈေးကောင်းမရရှိဘူးလို့သိရပါတယ်။ လက်ရှိမှာ‌တော့ တင်ပို့မှုတွေ ရှိနေတာဖြစ်လို့ အရောင်းအဝယ်က ရှိပေမယ့် အနည်းငယ်အေးသွားတယ်လို့လည်း သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ပြောင်းဆံ တစ်ပိဿာကို ၁၂၇၀ မှ ၁၃၀၀ ကျပ်ရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ စီပီပြောင်းတစ်အိတ်ကို ၆၅၀၀၀ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ သောကြာနဲ့နှိုင်းယှဉ်လိုက်ရင်တော့ တစ်အိတ်ကို ၄၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

စီပီပြောင်း ပြောင်းဆံက မေလ အစပိုင်းကတည်းက ပြည်ပ ဝယ်ယူမှုရှိနေတဲ့အတွက် ဆက်တိုက်ဈေးမြင့်တက်နေခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလနဲ့ နှိုင်းယှဉ်ရင် သုံးတင်းဝင် တစ်အိတ်ကို ငွေကျပ် ၁၃၅၀၀ ဈေးမြင့်တက်လာပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ(ရှမ်း) က ရာသီကုန်ချိန် ဖြစ်တဲ့အလျောက် ဈေးကွက်ထဲ အဝင်နည်းနေပြီး ဈေးက ထပ်မံ မြင့်တက်လာပါတယ်။ တရုတ်ကြူကုတ်တွေကလည်း ဈေးကွက်ထဲ အဝင်နည်းတဲ့အ တွက် ရှမ်း ကြက်သွန်ဖြူဈေး အဝယ်သွက်ပြီး ဈေးကောင်းနေတာလို့သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ ကြက်သွန်ဖြူ(ရှမ်း)က တစ်ပိဿာကို အနိမ့်ဆုံး ၁၀၀၀၀ ကနေ အမြင့်ဆုံး ၁၂၀၀၀ ထိပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၁၅၀၀ ကျပ်ဈေးမြင့် တက်လာပါ တယ်။ ပြီးခဲ့တဲ့ လ နဲ့ နှိုင်းယှဉ်ရင်တော့ တစ်ပိဿာကို ငွေကျပ် ၄၀၀၀ ဈေးမြင့်တက် လာခဲ့ပါတယ်။

ကြူကုတ်ကတော့ တစ်ပိဿာကို ၁၁၅၀၀ မှ ၁၁၆၀၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် တစ်ပိဿာကို ၂၀၀ ကျပ်ဈေးကျဆင်းပါတယ်။ ပြီးခဲ့တဲ့ လနဲ့ယှဉ်ရင်တော့ တစ်ပိဿာကို ၁၅၀၀ကျပ်ဈေးကျဆင်းပါ တယ်။

မေမီမောင်(AMIA)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။