ဆန်အမျိုးအစား အားလုံးနီးပါး ဈေးတက်
ရန်ကုန်၊ ဝါးတန်းဈေးကွက်မှာတော့ ဆန်အမျိုးအစား အားလုံးနီးပါး ဈေးတွေ တက်သွားတာ ဖြစ်ပြီး တချို့ဆန်အမျိုးအစားတွေက တစ်အိတ် ကျပ် ၁ သောင်းလောက်ထိ ဈေးတွေတက်လာတာပါ။
တောင်ပျံဖျာပုံ(သစ်) ဈေးကအတက်ဆုံးဖြစ်ပြီး ပြီးခဲ့တဲ့အပတ် သောကြာနေ့ (ဇူလိုင် ၂၉ ရက်) က တစ်အိတ်(၁.၅ တင်း) ကို ၅၅၀၀၀-၅၈၀၀၀ ကြား ရှိရာကနေ ဒီနေ့မှာတော့ ၆၅၀၀၀-၆၇၀၀၀ ထိ ဖြစ်သွားတာပါ။
တောင်ပျံမော်ကျွန်း(သစ်) အမျိုးအစားလည်း သိသိသာသာ ဈေးတက်ပါတယ်။ ပြီးခဲ့တဲ့အပတ် သောကြာ နေ့က တစ်အိတ်(၁.၅ တင်း) ကို ၅၁၀၀၀-၅၃၀၀၀ ကြား ရှိရာကနေ ဒီနေ့မှာတော့ ၆၀၀၀၀-၆၁၀၀၀ ဖြစ်သွားပါပြီ။
ဇူလိုင် ၂၅ ရက်တုန်းက ၆၀၀၀၀-၇၀၀၀၀ ကြား ပေါက်ဈေးရှိပြီး ဇူလိုင် ၂၈ ရက်ကစလို့ ၇၃၀၀၀-၈၀၀၀၀ ကြားထိ ဈေးတက်သွားတဲ့ ရွှေဘိုပေါ်ဆန်း(သစ်) ဆန်ဟာလည်း ဒီနေ့မှာတော့ ၇၃၀၀၀-၈၇၀၀၀ ထိ ဈေးရောက်သွားပြီဖြစ်ပါတယ်။
ဖျာပုံပေါ်ဆန်းမွှေးနဲ့ ဒေးဒရဲပေါ်ဆန်းမွှေးတွေလည်း တစ်အိတ်ကို ကျပ် ၃၀၀၀ ကနေ ၅၀၀၀ ခန့်ထိ ဈေးတွေတက်လာပါတယ်။
ဆန်ကြမ်းဈေးတွေကတော့ တက်လာတယ်ဆိုပေမယ့် ဆန်ချောတွေလောက် အရမ်းကြီး သိသိသာသာ တက်လာတာမျိုးတော့ မရှိသေးပါဘူး။
ဒါဟာ ရန်ကုန် ဘုရင့်နောင်ဈေးကွက် လက်ကားဆန်ဈေးတွေဖြစ်ပြီး မြို့နယ်တွင်း လက်လီဈေးတွေမှာတော့ ဒီဈေးနှုန်းတွေထက် အတော် လေးပိုများနေတယ်လို့ ပုံမှန်ဆန်ဝယ်ယူစားသုံးနေသူတချို့ထံက သိရ ပါတယ်။

ဒီနေ့ ဩဂုတ် ၁ ရက် ရန်ကုန်ဝါးတန်းဈေးကွက်ဆန်ဈေးနှုန်း(၁.၅ တင်း) တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ဆန် (ဖျာပုံပေါ်ဆန်းမွှေး)(သ) - ၅၆၀၀၀ မှ ၆၀၀၀၀ ကျပ်
ဆန်(ဒေးဒရဲပေါ်ဆန်းမွှေး) (သ) - ၅၅၀၀၀ မှ ၆၀၀၀၀ ကျပ်
ဆန်(မြောင်းမြ၊ပုသိမ်ပေါ်ဆန်းမွှေး)(သ) - ၅၈၀၀၀ မှ ၆၁၀၀၀ ကျပ်
ဆန်(ပေါ်ဆန်းနယ်စုံသစ်) (သ) - ၅၅၀၀၀ မှ ၅၇၀၀၀ ကျပ်
ဆန်(ဧည့်မထ)(သ) - ၃၂၀၀၀ မှ ၃၃၀၀၀ ကျပ်
ဆန်(ငစိန်)(သစ်) - ၃၃၀၀၀ မှ ၃၅၀၀၀ ကျပ်
ဆန်(မြီးဒုံး)(သစ်) - ၄၅၀၀၀ မှ ၄၆၀၀၀ ကျပ်
ဆန်(ရွှေဘိုပေါ်ဆန်း) (သစ်) - ၇၃၀၀၀ မှ ၈၇၀၀၀ ကျပ်
ဆန်(ဧည့်မထ ၂၅%)(သစ်) - ၃၀၅၀၀ မှ ၃၁၀၀၀ ကျပ်
ဆန်(ရက် ၉၀ သစ်ရှယ်) - ၃၈၅၀၀ မှ ၄၀၀၀၀ ကျပ်
ဆန်(သီးထပ်)(သ) - ၃၁၅၀၀ မှ ၃၃၀၀၀ ကျပ်
ကြားပျံရှယ်(သစ်) - ၅၈၀၀၀ မှ ၆၆၀၀၀ ကျပ်
ပေါ်ဆန်းရှယ်(သ) - ၅၆၀၀၀ မှ ၆၀၀၀၀ ကျပ်
တောင်ပျံ(ဖျာပုံ)(သစ်) - ၆၅၀၀၀ မှ ၆၇၀၀၀ ကျပ်
ပေါ်ကျွဲ(ဖျာပုံ)(သစ်) - ၄၃၀၀၀ မှ ၄၅၀၀၀ ကျပ်
တောင်ပျံ(မော်ကျွန်း)(သစ်) - ၆၀၀၀၀ မှ ၆၁၀၀၀ ကျပ်
ပေါ်ကျွဲ(မော်ကျွန်း)(သ) - ၄၂၀၀၀ မှ ၄၄၀၀၀ ကျပ်
(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ဖော်ပြခြင်းဖြစ်ပါသည်။)
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026