အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆန်ဈေး၊ စပါးဈေး၊ ငရုတ်ဈေး၊ ပဲစင်းငုံနီဈေးတွေ တက်တဲ့ ဒီတစ်ပတ်

ဆန်ဈေး၊ စပါးဈေး၊ ငရုတ်ဈေး၊ ပဲစင်းငုံနီဈေးတွေ တက်တဲ့ ဒီတစ်ပတ်

Green Way
Green Way • 05/08/2022

 

ဒီတစ်ပတ်မှာတော့ ဆန်ဈေး၊ စပါးဈေး၊ ဆီဈေး၊ ငရုတ်ဈေး၊ ပဲစင်းငုံနီဈေးတွေ တက်လာတယ်လို့ စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) ရဲ့ ပေးပို့လာတဲ့သတင်းတွေအရ သိရပါတယ်။

 

ဆန်၊ စပါးဈေးတွေတက်နေတာဟာ သယ်ယူပို့ဆောင်စရိတ်မြင့်တက်မှု၊ ဆန်လက်ကျန်လျော့နည်းလာမှုနဲ့ ဝယ်ယူမှုများလာတဲ့အတွက်ကြောင့်ဖြစ်တယ်လို့ AMIA က ဆိုပါတယ်။

 

ဆန်ဈေးတွေကတော့ အမျိုးအစားအလိုက် ၁ တင်းခွဲတစ်အိတ်ကို ကျပ်ထောင်ဂဏန်းကနေ သောင်းဂဏန်းအထိ ဈေးတွေတက်လာတာဖြစ်ပြီး ပြင်ပဈေးကွက်မှာတော့ ရွှေဘိုပေါ်ဆန်း အကောင်းဆုံးအမျိုးအစားတစ်အိတ်ဟာ ကျပ် ၁ သိန်းနားထိ ရောက်သွားတာ ဖြစ်ပါတယ်။

ဒီတစ်ပတ်အတွင်း ငရုတ်သီးဈေးတွေလည်း တက်လာပါတယ်။ ဈေးကွက်ထဲအဝင်နည်းမှု၊ တင်ပို့မှုလည်းရှိနေမှု၊ သယ်ယူပို့ဆောင်စရိတ်မြင့်တက်မှုတွေကြောင့် ဆက်တိုက်ဈေးမြင့်တက်နေတာဖြစ်တယ်လို့ AMIA ရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။

 

ရန်ကုန်ဈေးကွက်မှာတော့ ငရုတ်သီးစိမ်းဟာ အမျိုးအစားအလိုက် တစ်ပိဿာကို ကျပ် ၁၀၀၀ ကနေ ကျပ် ၃၀၀၀ လောက်ထိ ဈေးတွေတက်သွားတာဖြစ်ပါတယ်။

 

ရန်ကုန်ဈေးကွက်မှာ ငရုတ်(ဆင်ဖြူကျွန်း)က တစ်ပိဿာကို ၁၂၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀၀ ကျပ်၊ ငရုတ်(မြစ်ဝ)က တစ်ပိဿာကို ၁၅၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀၀ ကျပ်၊ ကျောက်ဆည်(ဒီမွန်)က တစ်ပိဿာကို ၁၅၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၃၀၀၀ ကျပ် ၊ မြှားနီ(ဟင်္သာတ)က တစ်ပိဿာကို ၁၃၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀၀ကျပ်၊ ပန်းရဲ(သစ်)က တစ်ပိဿာကို ၁၃၀၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀၀ ကျပ် အသီးသီးဈေးတက်လာတာ ဖြစ်ပါတယ်။

 

ပဲဈေးနှုန်းတွေအနေနဲ့တော့ မတ်ပဲက ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးအတက်အကျ အများကြီးမရှိပါဘူး။ ဒေါ်လာဈေးတွေမြင့်တက်မှုတွေရှိနေပေမယ့် အတက်ဈေးကို စောင့်ပြီးရောင်းချတာတွေ၊အဝယ်ရှိပြီး အရောင်းမရှိတာတွေ ၊ ဈေးကို ပြန်ထိန်းရောင်းချမှု နဲ့ တင်ပို့ရောင်းချမှုနဲ့ပတ်သတ်တဲ့ မူဝါဒတွေကြောင့် ဈေးက တန့်နေတာဖြစ်တယ်လို့ သိရပါတယ်။

 

ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့ အပတ်ကအထိ အပြောင်းအလဲ အနည်းငယ်နဲ့ ဈေးငြိမ်ပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးက ပြန်တက်လာပါတယ်။ လက်ကျန်လျော့နည်းတဲ့အတွက်ကြောင့် ဈေးတက်လာတာဖြစ်ပြီး မတ်ပဲနည်းတူ သယ်ယူပို့ဆောင်ရေးဆိုင်ရာ မူဝါဒအပြင် အခြားငွေကြေးလဲလှယ်မှုနှုန်းဈေးမြင့်တက်မှုတွေကြောင့် တက်လာတာဖြစ်တယ်လို့ AMIA ရဲ့ သတင်းပေးပို့မှုမှာ ဖော်ပြ ထားပါတယ်။

 

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ဖော်ပြခြင်းဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

1
ဦးစံမြင့်

ဦးစံမြင့်

လွန်ခဲ့သော ၄ နှစ် က

ဒီနှစ်ဘာပဲအမျိုးအစားဈေးအမြင့်တက်ဆုံးတက်မှာလဲ

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။