မြေပဲဈေးဆက်တိုက်မြင့်တက်နေပြီး ဆီဈေးများလည်း အမြင့်ဆုံးရောက်
ယခုတစ်ပတ်အတွင်း မြေပဲဈေးတွေ ဆက်တိုက်မြင့်တက်နေပြီး မြေပဲဆီဈေးတွေလည်း အမြင့်ဆုံးကို ရောက်ရှိနေတယ်လို့ စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) ရဲ့ သတင်းပေးပို့မှုအရ သိရပါတယ်။
ပြည်ပတင်ပို့မှု ရှိနေသလို ဆီအတွက် ဝယ်ယူမှုတွေကြောင့် မြင့်တက်နေတာဖြစ်တယ်လို့ AMIA က ဆိုပါတယ်။
မန္တလေးဈေးကွက်မှာ မြေပဲလုံးအနီဆန် က တစ်ပိဿာကို ကျပ် ၅၂၀၀ ကနေ ၅၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။
အောင်လံဈေးကွက်မှာလည်း မြေပဲလုံးအနီဆန်က တစ်ပိဿာကို ၅၁၀၀ ကျပ် ပေါက်ဈေးရှိပြီး ၂၅၀ ကျပ်၊ အဖြူဆန်ကတော့ တစ်ပိဿာကို ၅၂၀၀ ပေါက်ဈေးရှိပြီး ၃၅၀ ကျပ် ဈေးအသီးသီး တက်လာပါတယ်။
မုံရွာဈေးကွက်မှာလည်း မြေပဲလုံးအနီဆန်နဲ့ မြေပဲလုံးအဖြူဆန်တွေဟာ တစ်ပိဿာကို ၅၂၀၀ ကနေ ၅၄၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

မြေပဲဆီတွေကတော့ တစ်ပိဿာကို ကျပ် ၉၀၀၀ ကနေ ၁၁၀၀၀ ကြားပေါက်ဈေးရှိနေပြီး တစ်ပိဿာကို ၁၀၀၀ ကျော် ဈေးတက်လာတယ်လို့ သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကြက်သွန်နီဈေးဟာ အမျိုးအစားအလိုက် တစ်ပိဿာ ကျပ် ၂၀၀၀ ထိ ဆက်တိုက်ဈေးမြင့်တက်ခဲ့ပြီး အဲ့ဒီဈေးနဲ့ပဲ ၃ ရက်ဆက်တိုက် ဈေးငြိမ်နေပါတယ်။
အဝင်နည်းပြီး ပြည်ပတင်ပို့မှုလည်း ရှိတဲ့အပြင် အခြား ငွေကြေးဈေးမြင့်တက်ခြင်းနဲ့ သယ်ယူစရိတ်မြင့်တက်ခြင်းတွေကြောင့် ဈေးတက်နေတာဖြစ်တယ်လို့ AMIA က ဆိုပါတယ်။
(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို ဖော်ပြခြင်းဖြစ်ပါသည်။)
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026