ဆန်၊ စပါး၊ ပဲမျိုးစုံ၊ ပြောင်း တစ်ပတ်အတွင်း ဈေးနှုန်းအတက်အကျ
ဆန်၊စပါး
ရန်ကုန်ဈေးကွက်မှာတော့ ဆန်ဈေးက တစ်လနီးပါးငြိမ်နေပါတယ်။ ဆန်အဝင်ကတော့ ပုံမှန်ရှိနေပြီး အရောင်း အဝယ်ကတော့ အေးနေပါတယ်။ ဧရာဝတီတိုင်းဈေးကွက်မှာတော့ စပါးလက်ကျန်တွေ မရှိတော့ဘဲ ဈေးကောင်းပေးဝယ်နေတဲ့အတွက်ဈေးက ဆက်တက်နေပါတယ်။
ဧရာဝတီတိုင်း ပုသိမ်ဈေးကွက်မှာ ပုသိမ်ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၁၂၆၄၀၀၀ ပေါက်ဈေးရှိနေပြီး တင်း ၁၀၀ ကို ၃၇၀၀၀ ကျပ် ဈေးတက်လာပြီး ဆန်ကတော့ တစ်အိတ်ကို ၅ သောင်းနဲ့ ဈေးငြိမ်နေပါတယ်။ ပုသိမ်ဧည့်မထ(မိုး)စပါးကတော့ တင်း ၁၀၀ ကို ၈၇၄၀၀၀ ပေါက်ဈေးရှိပြီး ၁၈၀၀၀ ကျပ်၊ ဧည့်မထ(နွေ)စပါးကတော့ တင်း ၁၀၀ ကို ၈၅၆၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၄၆၀၀၀ ကျပ် ဈေးတက်လာပါတယ်။ ဆန်ကတော့ တစ်အိတ်ကို ၃၁၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
မြောင်းမြပေါ်ဆန်းစပါးကတော့ ဈေးငြိမ်ပါတယ်။ မြောင်းမြ ဧည့်မထ(နွေ) နှင့် (မိုး)စပါးတွေကတော့ တင်း ၁၀၀ ကို ၈၈၃၀၀၀ ကနေ ၉၂၉၀၀၀ ပေါက်ဈေးရှိပြီး တင်း ၁၀၀ ကို ၁၈၀၀၀ ကနေ ၁၉၀၀၀ ကြားဈေးထပ် တက်လာပါတယ်။ ဆန်ကတော့ ငြိမ်ပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းရဲ့ ထုတ်ပြန်ချက်စာရင်းအရ ပြီးခဲ့တဲ့ သုံးလအတွင်း ပြည်ပကို ဆန် နဲ့ ဆန်ကွဲ တန် ၅ သိန်းခွဲကျော် တင်ပို့ရောင်းချနိုင်ခဲ့တယ်လို့သိရပါတယ်။ တရုတ်တင်ပို့မှု နည်းတဲ့အတွက် ပြီးခဲ့တဲ့ နှစ်တွေနဲ့ ယှဉ်ရင်တော့ လျော့ကျသွားပါတယ်။
မတ်ပဲ
ရန်ကုန်ဈေးကွက်မှာတော့ မတ်ပဲ(FAQ/RC - 2022) ဟာ ဒီတစ်ပတ်အဖွင့်ဈေးမှာ တစ်တန်ကို ကျပ် ၁၇ သိန်းကျော်အထိ ဈေးတက်ခဲ့ရာကနေ အပိတ်ဈေးမှာတော့ တစ်တန်ကို ၁၆၂၇၅၀၀ ထိ ဈေးကျသွားပြီး လေးရက်အတွင်း ၈၀၀၀၀ ကျသွားတာပါ။
မတ်ပဲ(SQ/RC - 2021) ကတော့ အကျပိုကြမ်းပါတယ်။ ဒီတစ်ပတ်အဖွင့်ဈေးမှာ တစ်တန်ကို ကျပ် ၁၉၃၇၅၀၀ ထိ ဈေးတက်ခဲ့ရာကနေ အပိတ်ဈေးမှာတော့ တစ်တန်ကို ၁၈၄၇၅၀၀ ထိ ဈေးကျသွားပြီး လေးရက်အတွင်း ၉၀၀၀၀ ကျသွားတာပါ။
အဝယ်တွေကို ပြန်ထိန်းလိုက်တဲ့အတွက် အခုလို ဈေးတွေ ရုတ်တရက် ပြန်ကျဆင်းသွားတာဖြစ်တယ်လို့ ကုန်သည်အချို့က သုံးသပ်ပါတယ်။ ဧရာကုန်သွယ်မှုဗဟိုဌာနကတော့ မတ်ပဲဈေးဟာ ရက်ပိုင်းအတွင်း ပြန်တက်နိုင်ဖွယ်မရှိဘူးလို့ သုံးသပ်ထားပါတယ်။
နယ်ဈေးကွက်တွေမှာတော့ ပစ္စည်းလက်ကျန်လည်း နည်းနေတဲ့အတွက် ဈေးအတက်အကျ အများကြီး မရှိဘူးလို့ သိရပါတယ်။

ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်က ဈေးတက်လာပေမယ့် ဒီတစ်ပတ်မှာတော့ ဈေးပြန်ကျဆင်းသွားပါတယ်။ မတ်ပဲလောက် အများကြီး မကျဆင်းပဲ ဈေးက ဖြေးဖြေးကျဆင်းနေတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ ပဲစင်းငုံနီ အထွက်နှုန်း လျော့ကျမယ်ဆိုတဲ့ သတင်းတွေကြောင့် ပဲစင်းငုံနီက ဈေးပြန်တက်လာတာဖြစ်တဲ့အတွက် လက်ရှိကျဆင်းသွားပေမယ့် ပြန်တက်နိုင်ဦးမယ်လို့ ကုန်သည်တွေက ခန့်မှန်းထားပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီ တစ်တန်ကို ကျပ် ၁၄ သိန်း ၇ သောင်းပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင်တော့ တစ်တန်ကို ၂ သောင်းကျော်ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၃၈၀၀၀ ကနေ ၁၄၀၀၀၀ ပေါက်ဈေးရှိပြီး အတက်ဈေးနဲ့ ငြိမ်နေပါတယ်။
ပခုက္ကူဈေးကွက်၊ မုံရွာဈေးကွက်၊ အောင်လံဈေးကွက်တို့မှာတော့ ပဲစင်းငုံနီက တစ်တင်းကို ၄၅၇၀၀ ကနေ ၄၆၀၀၀ ကြား ပေါက်ဈေးရှိပါတယ်။
ကုလားပဲ
ပြီးခဲ့တဲ့အပတ်က အနည်းငယ်ဈေးကျဆင်းသွားတဲ့ ကုလားပဲကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ပြန် တက်လာပါတယ်။ လက်ကျန်ပဲ လျော့နည်းလာပြီ ဖြစ်တဲ့အတွက် ဈေးက အတက်အကျတည်ငြိမ်မှု မရှိပါဘူး။ လက်ရှိလှောင်ထားသူတွေအနေနဲ့ကတော့ ဈေးကောင်းရရှိနေတဲ့အနေအထားဖြစ်ပြီး ဈေးဆက်တက်နိုင်ခြေ နည်းသွားကာ လက်ရှိ အတက်ဈေးနဲ့ပဲဆက်ရှိသွားမယ့်အခြေအနေဖြစ်တယ်လို့ သုံးသပ်ရပါတယ်။
ပြောင်းဆံ
ပြောင်းဆံကတော့ဈေးတွေ ကျဆင်းနေပါတယ်။ လက်ရှိအချိန်ထိ တင်ပို့မှုနဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် အဆင်မပြေသေးဘူးလို့သိရပါတယ်။ ဈေးတွေက ဆက်ကျဆင်းနေတယ်ဆိုပေမယ့် ဝယ်ယူမှုတွေကတော့ ပုံမှန်ရှိနေလို့ နယ်ဈေးကွက်တွေမှာတော့ အများကြီး ကျဆင်းသွားတာမျိုး မရှိပါဘူး။
(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို အခြေခံ ဖော်ပြခြင်းဖြစ်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Said tun wai
လွန်ခဲ့သော ၄ နှစ် ကပြောင်း ဆံသတင်းဆက်လက် ဖော်ပြပေးပါခင်ဗျ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026