အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက်  (၂၃ - ၂၇. ၁၂.၂၀၂၄)

တစ်ပတ်အတွင်း သီးနှံဈေးကွက်သုံးသပ်ချက် (၂၃ - ၂၇. ၁၂.၂၀၂၄)

AMIA
AMIA • 30/12/2024

ဒီတစ်ပတ်မှာ ပဲတီစိမ်းနဲ့ ပြောင်းက  စျေးတက်လာပြီး  မတ်ပဲနဲ့ ပဲစဥ်းငုံက စျေးတန်းထပ်ကျဆင်းသွားပါတယ်"

ပြောင်း

အရင်အပတ်ကစျေးအေးခဲ့တဲ့ ပြောင်းကတော့  ဒီတစ်ပတ်မှာ အနည်းငယ်တက်ရိပ်​ပြပါတယ်။

ပြောင်းကို အိန္ဒိယကဝယ်လိုအားများတဲ့အပြင် တခြားပြည်ပနိုင်ငံတွေကလည်း ဝယ်လိုအားကောင်းနေတာကြောင့် ပြောင်းစျေးကတက်လာတာဖြစ်ပါတယ်။  ပြည်တွင်းအစာစပ်စက်ရုံတွေကလည်း ပုံမှန်အတိုင်း အဝယ်ရှိနေနေပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာပြောင်းဆံ တစ်ပိဿာကို ၁၆၆၀ မှ ၁၆၈၀ ကျပ်ရှိပြီးတော့ အရင်အပတ်ကထက် တစ်ပိဿာကို ၁၀ ကျပ်တက်ပါတယ်။

မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာတော့  ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၈၃၀၀၀ မှ ၈၄၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)နဲ့ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၅၀၀၀ မှ ၈၆၀၀၀ ကျပ် စျေးရှိပါတယ်။ အရင်အပတ်ကထက် ၁၀၀၀ ကျပ် ထပ်ကျလာပါတယ်။ 

ပဲတီစိမ်း

ပဲတီစိမ်းကတော့  ဒီတစ်ပတ်မှာလည်း  စျေးတွေထပ်မံမြင့်တက်လာပါတယ်။

ခရမ်းရွှေဝါနဲ့ပဲခူးရွှေဝါက ဆောင်းရာသီစိုက်ပျိုးမှုစတင်ချိန်ဖြစ်ပြီး ပဲလက်ကျန်မရှိတဲ့အပြင် ပဲအသစ်တွေလည်းမပေါ်သေးတာကြောင့် စျေးထပ်တက်လာပါတယ်။

 မိုးပဲတီစိမ်းအညာကတော့ စျေးတန်းငြိမ်နေပြီး  ဝါးခယ်မပဲအသစ်တွေကတော့ စျေးတက်လာပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ  ပဲတီစိမ်း(ခရမ်းရွှေဝါ)က ၅၅၈၀ ကျပ်၊  (ပဲခူးရွှေဝါ)က ၅၂၅၀ ကျပ်၊  ဝါးခယ်မ FAQ  က ၄၆၆၅ မှ ၄၆၈၅ ကျပ်ကြားရှိပြီး အရင်အပတ်ကထက် တစ်ပိဿာကို ၃၅ ကျပ်မှ ၈၅ ကျပ် ထပ်တက်လာပါတယ်။ ပဲတီစိမ်းအညာကတော့ တစ်ပိဿာကို ၄၉၁၅ မှ ၄၉၃၅ ကျပ်နဲ့ငြိမ်နေ ပါတယ်။

မန္တလေးဈေးကွက်မှာလည်း ပဲတီစိမ်း(အညာ)သုံးတင်းဝင်တစ်အိတ်ကို အမြင့်ဆုံး  ၃၀၅၀၀၀ ကျပ်ရှိနေပါတယ်။ 

မတ်ပဲ

မတ်ပဲကတော့ ဒီတစ်ပတ်မှာလည်း  စျေးတန်းထပ်ကျသွားပြီး တစ်တန်ကို ၃၃ သိန်းကျော်သာရှိပါတော့တယ်။

အိန္ဒိယနိုင်ငံမှာ မိုးမတ်ပဲအသစ်ပေါ်ပြီး စျေးကွက်ထဲဝင်ရောက်မှုရှိနေတာကြောင့် ကုန်သည်တွေက စျေးချဝယ်ယူနေတဲ့အတွက် စျေးတန်းကျဆင်းနေတာဖြစ်ပါတယ်။ 

မြန်မာမှာလည်း မတ်ပဲအသစ်တွေပေါ်နေသလို အိန္ဒိယက အဝယ်အေးတာကြောင့် စျေးတန်းဆက်တိုက်ကျလာပါတယ်။ 

ဒီတစ်ပတ်ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ  မတ်ပဲ (FAQ )တစ်တန်ကို  ၃၃၂၀၀၀၀   ကျပ်ရှိပါတယ်။ အရင်တစ်ပတ်ထက် ၁ သိန်းကျော် စျေးတန်းထပ်ကျသွားပါတယ်။

မန္တလေးစျေးကွက်မှာတော့  မတ်ပဲ  ပိဿာ ၆၀  အသစ်က ၂၈၀၀၀၀ မှ ၂၉၇၀၀၀ ကျပ်ရှိလို့ ၃၀၀၀၀ ကျပ်လောက်စျေးကျလာပါတယ်။ 

ပဲစဥ်းငုံ

ပဲစဥ်းငုံကလည်း  တစ်တန်ကို ၁၆၀၀၀၀ ကျော် စျေးထပ်ကျလာပါတယ်။ 

ပြည်တွင်းမှာမိုးပဲအသစ်တွေပေါ်နေတဲ့အပြင် အိန္ဒိယကလည်း ပဲအဝယ်အေးနေတာကြောင့် ပဲစဥ်းငုံ စျေးတန်းအေးနေတာဖြစ်ပါတယ်။ဆောင်းပဲလက်ကျန်အဟောင်းကတော့ မရှိသလောက်ဖြစ်နေတယ်လို့သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစဥ်းငုံနီ တစ်တန်ကို  ၃၃၇၅၀၀၀  ကျပ်သာရှိပါတယ်။

မန္တလေးစျေးကွက်မှာတော့ ဒီတစ်ပတ်မှာလည်း ပဲစဥ်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာတွေ့ရပါတယ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

2
နေရောင်အောက်က ဘဝသမား

နေရောင်အောက်က ဘဝသမား

လွန်ခဲ့သော ၇ လ က

မော်လမြိုင်မှာပဲတီစိမ်းရွှေဝါကဘယ်စျေးရနိုင်လဲဗျား ရောင်းချင်လို့ပါ

Aung Than Moe

Aung Than Moe

လွန်ခဲ့သော ၁ နှစ် က

ရက်၉၀စပါးမှို့ကပ်ရက်သိချင်လို့

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။