အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဒီတစ်ပတ် မတ်ပဲဈေးကွက်မြင့်တက်

ဒီတစ်ပတ် မတ်ပဲဈေးကွက်မြင့်တက်

AMIA
AMIA • 17/05/2024

မတ်ပဲ

မတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးမြင့်တက်လာပါတယ်။ ဈေးကွက်အတွင်း ငွေလဲလှယ်နှုန်း မြင့်တက်လာတဲ့အတွက် ပဲဈေးတွေက မြင့်တက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်အတွင်းမှာတော့ အရောင်းအဝယ်က ပုံမှန်ရှိနေတယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံမှာတော့ မတ်ပဲ အသစ်တွေ ဈေးကွက်ထဲ ဝင်နေပါပြီ။ မကြာခင် ကာလအတွင်း ဘရားဇီးနိုင်ငံကနေ တန်ချိန် ၅၀၀၀၀ အထိ တင်သွင်းနိုင်မယ်လို့ အိန္ဒိယသတင်းတွေရဲ့ ဖော်ပြချက် အရ သိရပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေက ဘရားဇီးနိုင်ငံကနေ တန်ချိန် ၅၀၀၀ လောက်သာ တင်သွင်းခဲ့တာဖြစ်တဲ့အတွက် ၁၀ ဆ လောက် ပိုမို တင်သွင်းနိုင်ဖို့ မျှော်မှန်းထားတဲ့အခြေအနေလည်း ဖြစ်ပါတယ်။ 

အိန္ဒိယနိုင်ငံရဲ့ မတ်ပဲ တင်သွင်းမှုကလည်း ပြီးခဲ့တဲ့နှစ်တွေနဲ့ယှဉ်ရင် ၁၉ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ပြီး အထွက်နှုန်းကလည်း ၂.၅၅ သန်း ရှိမယ်လို့ ထုတ်ပြန်ထားတဲ့အတွက် ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် လျော့နည်းတဲ့အခြေအနေ ဖြစ်ပါတယ်။ ဈေးကွက်အတွင်း မတ်ပဲလိုအပ်ချက် များပြားနေပြီး ဈေးမြင့်တက်နေတာတွေကြောင့် အိန္ဒိယအစိုးရကတော့ မြန်မာအပြင် အခြားဘရားဇီးနိုင်ငံ၊ အာဂျင်တီးနားနိုင်ငံတွေကပါ အများအပြား တင်သွင်းနိုင်ဖို့ ဆောင်ရွက်နေကြပါတယ်။

အိန္ဒိယနိုင်ငံမှာ ဒီတစ်ပတ် မြန်မာ မတ်ပဲ FAQ က တစ်တန်ကို ရူပီး ၉၀၂၅  ပေါက်ဈေးရှိနေပြီး ၇၅ ရူပီးလောက် မြင့်တက်လာပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့  မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၂၃၂၀၀၀ ပေါက်ဈေးရှိပြီး  ပြီးခဲ့တဲ့ အပတ်နဲ့ သောကြာနေ့နဲ့ ယှဉ်ရင်တစ်တန်ကို ၇၂၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။ (SQ/RC)ကတော့ တစ်တန်ကို    ၃၅၀၂၀၀၀ ပေါက်ဈေးရှိပြီး တစ်တန်ကို ၈၂၀၀၀  ကျပ်  ဈေးတက်လာပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၅၂၅၅  မှ ၅၂၉၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၆၀ ကျပ်ဈေး မြင့်တက်လာပါတယ်။

မတ်ပဲ FOB ဈေးနှုန်းကလည်း တစ်တန်ကို ၉၉၅ မှ ၁၀၁၅ ဒေါ်လာ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင်တော့ တစ်တန်ကို ၉၀ ဒေါ်လာ မြင့်တက်လာပါတယ်။

ပဲတီစိမ်း

ရန်ကုန်ဈေးကွက်မှာ ဝါးခယ်မပဲတီစိမ်းက ဈေးမြင့်တက်လာပြီးတော့ နယ်ဈေးကွက်တွေမှာတော့ အသစ်ပဲတွေ အဝင်များလာတဲ့အတွက် အနည်းငယ်ဈေးအေး ဈေးကျသွားပါတယ်။ အဟောင်းတွေကတော့ အရည်သွေးပိုင်းဆိုင်ရာ အားနည်းချက်တွေရှိလို့ အသစ်ကို ဝယ်ယူနေတယ်လို့ဆိုပေမယ့် ပဲတီစိမ်းကတော့လာမယ့် ကာလအတွင်း အတက်ရှိနိုင်လို့ ကြိုတင်ဝယ်လှောင်ကြတာလို့လည်း သိရပါတယ်။ အများစုကတော့ ရောင်းထုတ်ပြီးသား ဖြစ်လို့ တောင်သူတွေ လက်ထဲ အနည်းငယ်သာ ရှိတယ်လို့ သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်‌ဈေးကွက်မှာတော့ ပဲတီစိမ်း(ပဲခူးရွှေဝါ)က တစ်ပိဿာကို ၃၆၆၅ ကျပ်၊ ပဲတီစိမ်း(ခရမ်းရွှေဝါ)ကတစ်ပိဿာကို ၃၈၃၀ ကျပ်နဲ့ ဈေးငြိမ်နေပြီး ပဲတိစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၃၀၅၀ မှ ၃၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၈၀ ကျပ်ဈေးတက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၇၅၀၀၀ ကနေ ၁၈၂၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၄၅၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

နယ်ကုန်စည်ဒိုင်တွေ ဖြစ်တဲ့ မုံရွာ ဈေးကွက်မှာလည်း ပဲတီစိမ်းအသစ် တစ်တင်းကို ၆၀၀၀၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။ ပခုက္ကူဈေးကွက်မှာတော့ တစ်တင်းကို ၆၁၂၀၀ ရှိပြီး ၃၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

ပြောင်းဆံ

ပြောင်းဆံကတော့ ဆက်တိုက်ဈေးမြင့်တက်နေပါတယ်။ ထိုင်းနိုင်ငံအပြင် အိန္ဒိယနိုင်ငံကပါ ဝယ်ယူမှုတွေရှိနေတာဖြစ်လို့ ဈေးက ဆက်တိုက်မြင့်တက်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လပိုင်းအထိ တောက်လျှောက် ဈေးကျဆင်းခဲ့ရာမှာ မေလ ပထမအပတ်လောက်ကနေ စပြီး ဈေးမြင့်တက် နေတာ ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းဆံ တစ်ပိဿာကို ၁၁၄၀ မှ ၁၁၆၀ ကြားရှိပြီး တစ်ပိဿာကို ၄၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာလည်း ပြောင်းစီပီ တစ်အိတ်ကို ၅၅၀၀၀ မှ ၅၅၅၀၀ ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၂၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ရှမ်းပြောင်းတွေကလည်း တစ်အိတ်ကို ၅၅၀၀၀  မှ ၅၅၅၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၂၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

နယ်ဈေးကွက်တွေမှာလည်း တစ်တင်းကို ၁၀၀၀ လောက်ထိ ထပ်မံမြင့်တက်နေပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

1
ကိုဘဂျမ်း

ကိုဘဂျမ်း

လွန်ခဲ့သော ၂ နှစ် က

စျေးတက်ဖိုးရှိသေလာ

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။