ပဲမျိုးစုံ၏ တစ်ပတ်အတွင်းဈေးကွက်သုံးသပ်ချက်
တစ်ပတ်အတွင်း ပဲမျိုးစုံ သီးနှံဈေးကွက်သုံးသပ်ချက်ဖြစ်ပါတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ်ပါးနေတဲ့အတွက် ဈေးအပြောင်းအလဲ သိပ်မရှိဘဲ အများစု ဈေးငြိမ်နေပါတယ်။
မတ်ပဲ
မတ်ပဲကတော့ တစ်ပတ်အတွင်း အတက်အကျ အပြောင်းအလဲ အနည်းငယ်ရှိနေပြီး အကျဈေးနဲ့ ဈေးငြိမ်နေတဲ့အခြေအနေလည်း ဖြစ်ပါတယ်။ တစ်တန်ကို ငွေကျပ် ၂၆ သိန်းကျော်အထိ ဈေးမြင့်တက်ခဲ့ရာမှ အိန္ဒိယနိုင်ငံအတွင်း မတ်ပဲအသစ်တွေ ဈေးကွက်တွင်း ဝင်လာတဲ့အတွက် အရောင်းအဝယ်အေးပြီး ဈေးပြန်ကျဆင်းသွားတာလို့ သိရပါတယ်။
ဒါပေမဲ့ အိန္ဒိယနိုင်ငံတွင်းမှာ မတ်ပဲအထွက်နှုန်းလျော့ကျမယ်ဆိုတဲ့ သတင်းတွေကြောင့် မတ်ပဲက ရေရှည်မှာ ဈေးပြန်ပြီး မြင့်တက်နိုင်ဦးမယ်လို့သုံးသပ်မှုတွေရှိပေမယ့် ပြည်တွင်းအခြေအနေအရ လက်ရှိပေါက်ဈေးနှုန်းက ထုတ်ရောင်းဖို့ သင့်နေတယ်လို့ ပြည်တွင်း ပဲ ကုန်သည်အချို့က သုံးသပ်ပြောဆိုထားပါတယ်။
မတ်ပဲ(FAQ/RC) က တစ်တန်ကို ၂၅၀၇၀၀၀ ရှိနေပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်လိုက်ရင် တစ်တန်ကို ၁၀၀၀၀ လောက် ဈေးကျဆင်းသွားပါတယ်။
မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၂၄၂၀၀၀ ကနေ ၂၄၃၀၀၀ ရှိပြီး ဈေးငြိမ်နေပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကတော့ တစ်ပတ်အတွင်း ဈေးအပြောင်းအလဲမရှိ ဈေးငြိမ်နေခဲ့ပါတယ်။ ပြည်တွင်းမှာလည်း လက်ကျန်မရှိ အရောင်းအဝယ်မရှိဘူးလို့ ကုန်သည်များက ပြောပါတယ်။ အိန္ဒိယနိုင်ငံတွင်းမှာတော့ ပဲစင်းငုံနီ ထွက်ရှိမှုနှုန်းလျော့တာဖြစ်လို့ အသစ်ရာသီမှာ ဈေးကောင်းရနိုင်ခြေရှိတယ်လို့ ခန့်မှန်းသုံးသပ်မှုတွေ ရှိပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၄၀၇၅၀၀၀ နဲ့ တစ်ပတ်လုံး ဈေးငြိမ်နေခဲ့တာ ဖြစ်ပါတယ်။ မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၃၈၀၀၀၀ မှ ၃၉၀၀၀၀ ကြား ပေါက်ဈေးရှိနေပေမဲ့ အရောင်းအဝယ်မရှိဘူးလို့ သိရပါတယ်။

ပဲတီစိမ်း
ပဲတီစိမ်းကတော့ အနည်းငယ်ဈေးမြင့်တက်ပါတယ်။ တရုတ်ဝယ်လက်တွေ ရှိနေတဲ့အတွက် ဈေးအနည်းငယ်မြင့်တက်တာလို့သိရပါတယ်။ လက်ရှိမှာတော့ ပဲတီစိမ်းအညာ နဲ့ ဝါးခယ်မတို့က ဈေးကောင်းနေပါတယ်။ သီတင်းကျွတ်အပြီး မိုးပဲတွေဈေးကွက်ထဲ ဝင်လာရင်တော့ ပဲဈေး အခြေအနေက ပြောင်းလဲမှုတွေရှိလာနိုင်ပါတယ်။ တရုတ်တင်ပို့မှု အခြေအနေက လက်ရှိမှာ မသွက်သေးတဲ့အတွက် တရုတ်အဓိက တင်ပို့နေတဲ့ ပဲတီစိမ်း အခြေအနေကလည်း ရေရာမှု မရှိဘူးလို့ ကုန်သည်တွေက ဆိုပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပဲတီစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၂၈၃၀ မှ ၃၃၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ ပဲတီစိမ်း(ပဲခူးရွှေဝါ)ကတော့ တစ်ပိဿာကို ၃၄၆၅၊ပဲတီစိမ်း(ခရမ်းရွှေဝါ)ကတော့ တစ်ပိဿာကို ၃၆၃၀ ရှိပြီး ဈေးငြိမ်နေပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ)က တစ်အိတ်ကို ၁၅၅၀၀၀ မှ ၁၇၃၀၀၀ ရှိပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။
ပဲပုပ်
ပဲပုပ်ဈေးကတော့ မြင့်တက်လာပါတယ်။ ဈေးကွက်ထဲကို (ရှမ်း)ပဲပုပ်တွေ အဝင်ရှိနေပြီး အဝယ်လည်း သွက်နေတဲ့အတွက်ဈေးကောင်းရရှိနေတာ ဖြစ်ပါတယ်။ ဗမာ(ပဲပုပ်)ကတော့ လက်ရှိမှာ အမြင့်ဈေး နဲ့ ငြိမ်နေပါတယ်။
မန္တလေးဈေးကွက်မှာတော့ ပဲပုပ်(ရှမ်း) က တစ်အိတ်ကို ၁၇၀၀၀၀ မှ ၁၈၅၀၀၀ ရှိနေပြီး တစ်အိတ်ကို ၃၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။
စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများအတိုင်း ပြန်လည်ဖော်ပြခြင်းပဲဖြစ်ပါတယ်။
(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
y66
လွန်ခဲ့သော ၂ နှစ် ကပဲယင်းစျေး
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026