ယခုတစ်ပတ်အတွင်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် သီးနှံစျေးနှုန်းများ
(၁၈.၃.၂၀၁၉ မှ ၂၂.၃.၂၀၁၉)
ဆန်၊စပါး
ပြီးခဲ့တဲ့အပတ်က အရောင်းအဝယ်ဈေးအေးနေတဲ့ ဆန်ကဒီတစ်ပတ်မှာတော့ အနည်းငယ်ပြောင်းလဲမှုရှိပါတယ်။ ဆန်ကြမ်းဈေး အနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ အရောင်းအဝယ်ကလည်း ပြီးခဲ့တဲ့အပတ်က ဈေးအတိုင်းအေးနေခဲ့ပါတယ်။
ဧည့်မထ ၂၅ % ဆန်က တစ်အိတ်ကို ၁၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပြီး တစ်အိတ်ကို ၁၉၀၀၀ ကနေ ၁၉၂၀၀ ပေါက်ဈေးရှိပါတယ်။ ရက် ၉၀ ဆန်ကလည်း တစ်အိတ်ကို ၅၀၀ ကျပ်ဈေး ကျဆင်းသွားခဲ့ပြီး တစ်အိတ်ကို ၂၀၀၀၀ ကနေ ၂၀၅၀၀ ပေါက်ဈေးရှိပါတယ်။
ပုသိမ်ဈေးကွက်မှာတော့ ပထမတန်းစားစပါးတွေက ငြိမ်နေပြီး ဒုတိယတန်းစားစပါးအချို့ကတော့ ဈေးတက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်က ပထမတန်းစားစပါးတွေကို ဈေးချဝယ်ယူမှုတွေကြောင့် ဈေးက ကျဆင်းသွားခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ စပါးဝင်နည်းသွားတဲ့အတွက် ဈေးက ငြိမ်နေခဲ့ပါတယ်။
နွေစပါးတွေက မကြာခင်ထွက်ရှိတော့မှာ ဖြစ်တဲ့အတွက် စပါးတွေက ဧပြီလဆန်းပိုင်းမှာ လှုပ်ခတ်မှုတွေ ရှိလာနိုင်ကြောင်း ကုန်သည်တွေက သုံးသပ်ထားပါတယ်။
ပုသိမ်ဈေးကွက်မှာ ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၈၉၀၀၀၀ ပေါက်ဈေးရှိပြီး ဆန်က တစ်တင်းခွဲကို ၃၈၀၀၀ ရှိပြီး ဈေးငြိမ်နေပါတယ်။ ပုသိမ်မှာ ဧည့်မထက တင်း ၁၀၀ ကို ၅၃၀၀၀၀ ဆန်ကတော့ တစ်အိတ်ကို ၂၀၀၀၀ ကျပ် နဲ့ ၂၀၀၀ ဈေးကျဆင်းသွားခဲ့ပါတယ်။
မြောင်းမြကုန်စည်ဒိုင်မှာတော့ ပေါ်ဆန်းစပါးက တင်း ၁၀၀ ကို ၈၇၆၀၀၀ ရှိပြီး ဆန်ကလည်း ၄၂၀၀၀ ရှိကာ ဈေးငြိမ်ပါတယ်။ မြောင်းမြဧည့်မထကတော့ ၅၇၀၀၀၀ ရှိပြီး ဆန်ကတော့ ၂၄၀၀၀ နဲ့ ၂၀၀၀ ကျပ်ဈေးတက် လာပါတယ်။
မတ်ပဲ (FAQ/RC)
ပြီးခဲ့တဲ့ အပတ်ကဈးကျဆင်းသွားခဲ့တဲ့ မတ်ပဲက ဒီတစ်ပတ်မှာတော့ အတက်အကျ အနည်းငယ်နဲ့ ဈေးငြိမ်နေခဲ့ပါတယ်။ အိန္ဒိယဝယ်ယူမှုကြောင့် မဟုတ်ပဲ အခြားနိုင်ငံက ဝယ်ယူမှုကြောင့် ပြည်တွင်းဈေးမှာ လှုပ်ခတ်ခဲ့ပေမယ့် ဝယ်လိုအားနည်းသွားချိန်မှာ ဈေးက ပြန်လည်ကျဆင်းသွားခဲ့တာလည်းဖြစ်ပါတယ်။ ကြားဖြတ်ဝယ်ယူမှုကြောင့် ဈေးတက်ခဲ့တဲ့မတ်ပဲက လာမယ့်ရက်သတ္တပတ်အတွင်း ဈေးပြန်လည်တက်ဖို့အတွက် ခဲယဉ်းမယ်လို့ ကုန် သည်တွေက သုံးသပ်ထားပါတယ်။
ငွေလိုတဲ့ တောင်သူတွေအနေနဲ့ လက်ရှိအတက်ဈေးနဲ့ ရောင်းဖို့တိုက်တွန်းထားပြီး ဈေးကို ဆက်လက်စောင့်ဖို့ကိုလည်း ကုန်သည်တွေက အကြံပြုထားပါတယ်။ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲ(FAQ/RC)က တစ်တန်ကို ၆၇၇၀၀၀ အထိ ဈေးရရှိပါတယ်။ ပြည်ကုန်စည်ဒိုင်မှာ တစ်တင်းကို ၂၃၀၀၀ ရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်ဈေးကျဆင်းသွားခဲ့ပါတယ်။ မုံရွာကုန်စည်ဒိုင်နဲ့နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၃၀၀၀ နဲ့ ဈေးငြိမ်နေပါတယ်။
ပဲစင်းငုံနီ
ဒီတစ်ပတ်မှာတော့ ပဲစင်းငုံနီက ဈေးတက်လာပါတယ်။ ပြီးခဲ့တဲ့ အပတ်ကလည်း ဈေးအနည်းငယ်တက်ခဲ့ပါတယ်။ လက်ရှိရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီ(RC 2017 ) ကိုသာ အဓိက ပြည်ပတင်ပို့မှုပြုလုပ်နေခဲ့ပြီး အနည်းငယ်သာတင်ပို့မှုကြောင့် ဈေးကတက်နေခဲ့တာလည်း ဖြစ်ပါတယ်။ ထို့ပြင် ပြည်ပဝယ်ယူမှုမှာလည်း ဈေးပိုရရှိနေခဲ့ပါတယ်။
နယ်အများစုမှာလည်း ပဲစင်းငုံနီကို လျော့ချစိုက်ပျိုးမှုတွေကြောင့် ပဲဝင်ရောက်မှုနည်းပြီး ဈေးက တက်နေခဲ့တာလည်း ဖြစ်ပါတယ်။
တစ်ပတ်အတွင်း ပဲစင်းငုံနီက တစ်တန်ကို ၇၅၀၀၀၀ အထိ ဈေးမြင့်တက်ခဲ့ပြီး တစ်တန်ကို ၃၅၀၀၀ ကျော်ဈေး တက်လာပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၇၀၀၀ ကျပ်ရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၇၃၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၂၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၆၅၀၀ ကျပ်ရှိပြီးတစ်တင်းကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။
ပဲကြီး
ပဲကြီးကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ်ကျဆင်းသွားခဲ့ပါတယ်။ ပဲအသစ်တွေဝင်ရောက်မှုရှိနေခဲ့ပြီး အဟောင်းရော အသစ်ပါ အရောင်းအဝယ်ဖြစ်နေတဲ့အခြေအနေလည်းဖြစ်ပါတယ်။ ဆက်တိုက်ပဲဝင်ရောက်မှုတွေကြောင့် ဈေးကအနည်းငယ်ကျဆင်းသွားခဲ့တာလည်းဖြစ်ပါတယ်။ အရောင်းအဝယ်ကတော့ ပုံမှန်မှာပဲ ရှိနေပါတယ်။
မုံရွာဈေးကွက်မှာ ပဲကြီးက တစ်တင်းကို ၂၇၀၀၀ ကျပ်ရှိပြီး ၁၀၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၅၀၀၀ ရှိပြီး တစ်တင်းကို ၁၀၀ ကျပ်၊ ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၂၈၆၀၀ ကနေ ၃၂၅၀၀ ပေါက်ဈေးရှိပြီး ၄၀၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။
ထောပတ်ပဲ
ထောပတ်ပဲကတော့ ဒီတစ်ပတ်မှာ ဈေးတက်လာပါတယ်။ ပြီးခဲ့တဲ့အပတ်ကတည်းက ဈေးတက်လာခဲ့တာဖြစ်ပါတယ်။ ဝယ်ယူမှုများတဲ့အတွက် ဈေးကဆက်တိုက်တက်နေခဲ့တာလည်းဖြစ်ပါတယ်။
မုံရွာဈေးကွက်မှာ ထောပတ်ပဲက တစ်တင်းကို ၂၀၀၀ ကျပ်ဈေးတက်လာခဲ့ပြီး ၃၇၀၀၀ ကျပ်ပေါက်ဈေးရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၄၆၅၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၆၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၅၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၄၅၀ ကျပ် ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၃၂၀၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။
ဝတ်ရည်မွန်(AMIA)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from AMIA
အားလုံး
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၁၄ - ၁၈.၉.၂၀၂၆)
21/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026