ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
(၁၀.၉.၂၀၁၈ မှ ၁၄.၉.၂၀၁၈)ထိ
မတ်ပဲ (FAQ/RC)
မတ်ပဲကလည်း ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ ဈေးတွေဆက်ကျနိုင်တယ်လို့ ကုန်သည်တွေက ခန့်မှန်းထားပေမယ့် စက်တင်ဘာလ ပထမအပတ်ကနေစပြီး ဈေးကတက်လာခဲ့ပါတယ်။ အိန္ဒိယဝယ်လိုအားနည်းသွားပေမယ့် တရုတ်ဝယ်ယူမှုများလာတဲ့အတွက် ဈေးကတစ်တန်ကို ၅ သိန်းကျော်အထိ ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း တစ်တန်ကို ၁ သိန်းကျော် ဈေးတက်လာခဲ့ပါတယ်။
လက်ရှိမှာ မတ်ပဲတွေ ဈေးကျဆင်းနေတဲ့အတွက် တောင်သူတွေက သီးနှံပြောင်းစိုက်ပျိုးဖို့အတွက် ပြင်ဆင်နေပေမယ့် လတ်တလော ဈေးတက်လာတာဖြစ်တဲ့အပြင် ရွှေ့ပြောင်းစိုက်ပျိုးမှုက အအဆင်မပြေမှာကို မဝံ့ရဲဖြစ်နေတဲ့ အခြေအနေလည်း ရှိနေပါတယ်။
မုံရွာကုန်စည်ဒိုင် ဈေးကွက်မှာတော့ မတ်ပဲက တစ်တင်းကို ၁၆၀၀၀ နဲ့ တစ်တင်းကို ၂၀၀၀ လောက်ဈေးတက်လာခဲ့ပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ ၁၅၀၀၀ ပေါက်ဈေရှိပြီး တစ်တင်းကို ၁၅၀၀ လောက်ဈေးတက်လာခဲ့ပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၇၀၀၀ ရှိပြီး တစ်တင်းကို ၂၀၀၀ လောက် ဈေးတက်လာခဲ့ပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း ဒီတစ်ပတ်မှာ ဈေးတက်လာခဲ့ပါတယ်။ မတ်ပဲနည်းတူ တရုတ်အဝယ်လိုက်လာတဲ့အတွက် ဈေးက တက်လာပါတယ်။ ပြီးခဲ့တဲ့နှစ်လက ဈေးကို မရောက်ရှိသေးပေမယ့် တစ်ပတ်အတွင်း တစ်တန်ကို ၁ သိန်းနီးပါးတော့ တက်လာခဲ့ပါတယ်။ ပဲစင်းငုံနီကတော့ အိန္ဒိယကလည်း အပြင်တရုတ်က ဝယ်ယူနေပေမယ့် အရည်အသွေးပိုင်းကို ပိုမိုစစ်ဆေးလာတဲ့အတွက် အရည်အသွေးညံ့ရင် ဈေးကောင်းမရနိုင်တာကိုလည်း တွေ့ရပါတယ်။
မုံရွာကုန်စည်ဒိုင်မှာတော့ ပဲစင်းငုံနီက တစ်တင်းကို ၁၄၅၀၀ ရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၂၄၀၀ ရှိပြီးတစ်တင်းကို ၈၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၅၀၀၀ ရှိပြီး တစ်တင်းကို ၁၄၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာ တော့ တစ်တင်းကို ၁၃၅၀၀ ကျပ် ရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။
ပဲစင်းငုံနီကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက အနည်းငယ်ပြန်တက်လာခဲ့တဲ့အတွက် ဆက်တက်နိုင်ခြေ ရှိတယ်လို့လည်း ကုန်သည်တွေက ခန့်မှန်းထားပါတယ်။
မြေပဲဆန်(ဆီဆံ၊လုံးဆံ)
ပြီးခဲ့တဲ့အပတ်က ဈေးငြိမ်နေခဲ့တဲ့ မြေပဲဆန်က ဒီတစ်ပတ်မှာတော့ ဈေးတက်လာခဲ့ပါတယ်။ ဈေးကွက်အတွင်း အရောင်းအဝယ် အနည်းငယ်ပိုလာတဲ့အတွက် ဈေးကတက်လာခဲ့ပါတယ်။
မုံရွာကုန်စည်ဒိုင်မှာ မြေပဲဆန်(ဆီဆံ)ကတော့ တစ်ပိဿာကို ၂၅၂၅ ရှိပြီးတစ်ပိဿာကို ၁၅၀ ကျပ်၊ လုံးဆံကတော့ တစ်ပိဿာကို ၂၈၀၀ ရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ် ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ဆီဆံက တစ်ပိဿာကို ၂၆၉၀ ရှိပြီး ၉၀ ကျပ် ၊လုံးဆံကတော့ ၂၈၅၀ ကျပ် ရှိပြီး ၂၅ ကျပ် ဈေးတက်လာပါတယ်။ ပြည်ကုန်စည်ဒိုင်မှာတော့ ဆီဆံက တစ်ပိဿာကို ၂၆၁၇ ရှိပြီး တစ်ပိဿာကို ၂၅၀ ကျပ်၊လုံးဆန်ကတာ့ တစ်ပိဿာကို ၂၈၁၇ ရှိပြီး ၁၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။
လက်ရှိမှာ မြေပဲဆန်အသစ်တွေကလည်း ဝင်လာပြီဖြစ်တဲ့အတွက် ပဲလှော်သမားတွေ၊ ဆီကြိတ်တဲ့သူတွေက အဝယ်များလာခဲ့ပါတယ်။
ကြက်သွန်နီ
ဒီတစ်ပတ်မှာတော့ ကြက်သွန်နီက ရန်ကုန်ဈေးကွက်အပြင် နယ်ကုန်စည်ဒိုင်တွေမှာပါ ပုံမှန်ဈေးထက် ထက်ဝက်နီးပါးဈေးတက်လာခဲ့ပါတယ်။ ပုံမှန်တစ်နေ့ကို ကြက်သွန်ကုန်ချိန် ၁ သိန်းနီးပါး ဝင်နေရာမှ ပစ္စည်းပြတ်ပြီး ၃ သောင်းသာဝင်တော့တဲ့အတွက် ဈေးကကျဆင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဈေးတက်လာပြီး ၃ ရက်အတွင်းမှာတော့ ပုံမှန် ကြက်သွန်ပြန်ဝင်လာတဲ့အတွက်ကြောင့် ဈေးကတော့ တစ်ဖြေးဖြေးပြန်ကျဆင်းသွားခဲ့ပါတယ်။
ထို့ပြင် တရုတ်ကြက်သွန်နီတွေကလည်း ဈေးတက်အချိန် အလုံးအရင်း ဝင်ရောက်လာတဲ့အတွက် ဗမာကြက်သွန်တွေ ဈေးပြန်ကျသွားခဲ့တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ တစ်ပိဿာကို ၃၀၀၀ အထိ ဈေးမြင့်တက်သွားခဲ့တဲ့အတွက် အဆိုပါ အချိန်ကိုရောက်ရန် တောင်သူတွေ မျှော်လင့်နေပေမယ့် ဈေးက ပြန်ကျသွားပါတယ်။
ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီဆိပ်ဖြူက တစ်ပိဿာကို ၄၀၀ ကနေ ၁၂၀၀ အထိ မြင့်တက်ခဲ့ပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်ပတ်အတွင်း တစ်ပိဿာကို ၆၅၀ ကနေ ၁၀၅၀ အထိ ဈေးမြင့်တက်ခဲ့သလို မြင်းခြံကုန်စည်ဒိုင်မှာလည်း တစ်ပိဿာကို ၇၀၀ ကနေ ၁၂၀၀ အထိ ဈေးမြင့်တက်လာခဲ့ပါတယ်။
နိုင်လင်းကို(AMIA)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026