အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပန်းဈေးကွက်ကျဆင်းမည်ကို စိုးရိမ်သဖြင့် ပန်းစိုက်တောင်သူအများစု ယခုနှစ်တွင် သင်္ဘောပင်များနှင့်မျှတစိုက်ပျိုးခဲ့ကြ

ပန်းဈေးကွက်ကျဆင်းမည်ကို စိုးရိမ်သဖြင့် ပန်းစိုက်တောင်သူအများစု ယခုနှစ်တွင် သင်္ဘောပင်များနှင့်မျှတစိုက်ပျိုးခဲ့ကြ

၂၀၂၁ ခုနှစ် ပန်းစိုက်ရာသီအတွင်း ပန်းဈေးကွက်ကျဆင်းမှုကြုံမည်ကို စိုးရိမ်သဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်ရှိ ပန်းစိုက်တောင်သူအများစုမှာ ပန်းနှင့်သင်္ဘောပင်များကို မျှတစိုက်ပျိုးခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။

"နှစ်တိုင်း ကျွန်တော်တို့ဒေသမှာ ဂန္ဓမာပန်းကို အများဆုံးစိုက်တယ်။ သီရိမင်္ဂလာဈေး ပန်းဈေးကွက်မှာဆို ခရမ်းကထွက်တဲ့ပန်းဆိုပြီး နာမည်ရတယ်။ ဒီနှစ်တော့ စိုက်ပျိုးရေးဆေးဖိုးတွေ ဈေးတက်လို့ ပန်းစိုက်တာကို လျှော့စိုက်ဖြစ်ကြတာ။ ပန်းစိုက်တာက ပိုးသတ်ဆေး၊ အပင်အားဆေး စတဲ့ စရိတ်စကတွေ ပိုကုန်တယ်လေ။ ဒီနှစ်မှာ တောင်သူ ၁၀၀ မှာ ၇၀ ဦးလောက်ကို ပန်း လျှော့စိုက်တယ်။ ပန်းပင်ရေ ၂ သောင်းလောက် စိုက်တဲ့သူက ၁ သောင်းလောက် လျှော့စိုက်ပြီး၊ ကျန်တာကို သင်္ဘောပင်တွေနဲ့ မျှစိုက်လိုက်တဲ့သဘောပါ။ လျှော့စိုက်တဲ့နှစ်ကျမှ ပန်းဈေးကွက်ကလည်း ဈေးတအားကောင်းတယ်၊ ဒီလို ဈေးကွက်ကောင်းလိမ့်မယ်လို့ တောင်သူတွေလည်း ကြိုတင်မသိကြဘူးလေ။"

ဟု ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်မှ ဒေသခံတောင်သူ ကိုလွှမ်းပိုင်စိုးက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်အတွင်း သင်္ဘောပင်စိုက်ပျိုးရာတွင် မေလမှ စတင်စိုက်ပျိုးပြီး၊ ၈ လ ဝန်းကျင်အကြာတွင် စတင်ခူးဆွတ်လေ့ရှိသည်။ 

"သင်္ဘောပင်က မြေဆီကျွေးရတာပဲ ရှိတယ်။ ကျန်တဲ့စရိတ် သိပ်မရှိဘူး၊ တစ်နှစ်ပတ်လည်နီးပါး စိုက်ပျိုးရတဲ့အပင်လည်း ဖြစ်တယ်၊ ဈေးကွက်ကလည်း အသီးအမှည့်နဲ့အသီးစိမ်း ဈေးကွက် ၂ မျိုးရှိတော့ ဈေးကွက်ပျက်မှာကို မပူရဘူး။ ကိုဗစ်ကလည်း ဖြစ်ထားတယ်၊ နိုင်ငံရေးအခြေနေကလည်း ရှိနေတယ်၊ ဒါ့အပြင် ဆေးဖိုး မြေဆီဖိုးတွေကလည်း ဈေးအရမ်းတက်တော့ မတော်လို့ ပန်းဈေးကွက်မကောင်းခဲ့ရင် စိုက်ပျိုးစရိတ်တွေ မကာမိမှာ စိုးရိမ်ပြီး၊ ဒီနှစ်မှာ သင်္ဘောပင်နဲ့မျှစိုက်ဖြစ်ကြတာပါ။ လာမယ့်ရာသီမှာတော့ အရင်တုန်းကလိုပဲ ပန်းတွေများများ ပြန်စိုက်ကြဦးမှာပါ။"

ဟု ၎င်းက ဆက်လက်ပြောသည်။

သင်္ဘောပင် ပင်ရေ (၁၅၀) စိုက်ပျိုးပါက စိုက်ပျိုးကုန်ကျစရိတ် စုစုပေါင်း ကျပ်(၇) သိန်း ဝန်းကျင်ကုန်ကျနိုင်သည်။ ပင်ကြားတန်းကြား ၆ပေ*၇ပေ ထားစိုက်ပါက သင်္ဘောပင်ရေ ၄၀၀ ဝန်းကျင် ဝင်ဆံ့ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

မိုးများ အောက်တက်များပြီး အပင်ကစိမ့်စွဲနေသလိုဖြစ်နေတာ အပင်အကြီးမြန်စေချင်တာပါ TBI 9 မိုလို့ပါ အဲ့တာဘာဆေးသုံးရမလဲ ခင်ဗျာ။တစ်ချို့အပင်တွေကလဲ အညွှန့်တွေလိပ်ပြီးမတက်ဘူးဖြစ်နေတယ်ဗျာ။ဆေးနည်းကောင်းလေးညွန်ပေးပါ။

ကိုနိုင်လင်းထက် • ဖြေကြားချက် 0 ခု

ဒီလ အတွင်း မတ်ပဲစျေး တက်လာနိင်ချေရှိသလားဗျ သိတဲ့သူတွေ နဲနဲလောက် ပြောပေးကြပါလားဗျ

Sa Kyaw Lin Tun • ဖြေကြားချက် 3 ခု

စပါးပင်များကိုနွားသေးနင့်စပါးခွံပေါင်းခံရေရောသုံးရင်ရမလားပေါင်းခံရေမရင်စက်ဖွဲပြာကိုရေစိမ်ပြီးရလာတဲ့စစ်ရေနဲ့ရောသုံးရင်အဆင်ပြေမဘးလားဆရာ။

U Win Zaw • ဖြေကြားချက် 1 ခု

မတ်ပဲ စိုက်ပီးသား ၁လခွဲလောက်ရှိပီး မိုးရွာတော့ အားဆေး မထိုးတတ်ဘူး ဖစ်နေတယ် ဓာတ်ဆား ပတ်လို့ အဆင်ပြေပါ့မလားဗျ

Sa Paing Ko Ko Win • ဖြေကြားချက် 3 ခု

ဖရဲဘောင်ဆွဲပြီး မိုးမိသွားလို့ ထယ်လှန်ပြီး နေပြန်လှန်းသင့်သလားယခုအတိုင်းစိုက်ရင်အဆင်ပြေနိုင်လား ဖြေပေးပါအုံး

Lin Nyunt Oo • ဖြေကြားချက် 5 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။