ဒေသအလိုက် ဈေးကွက်လိုအပ်ချက်အပေါ် ချိန်ဆပြီးမှသာ ကောက်ရိုးမှိုစိုက်ပျိုးသင့်
တောင်သူများအနေဖြင့် မိမိတို့စိုက်ပျိုးရာ မှိုခြံနှင့်အနီးတဝိုက် ဒေသအလိုက် ဈေးကွက်လိုအပ်ချက်အပေါ် ချိန်ဆပြီးမှသာ ကောက်ရိုးမှို စီးပွားဖြစ်စိုက်ပျိုးသင့်ကြောင်း မှိုဈေးကွက်ကျွမ်းကျင်သူများက ပြောသည်။
မှိုဈေးကွက်ရဲ့အခက်အခဲကတော့ ရံဖန်ရံခါဆိုသလို ဈေးနှုန်းမငြိမ်တာမျိုး ဖြစ်တတ်တာပါ။ တချို့ မှိုရုံတွေ ဖျက်လိုက်ရတယ် (အရှုံးပေါ်တယ်) ဆိုတာ ဈေးကွက်ကြောင့်လည်း ပါပါတယ်။ ဥပမာ-သူ့ခြံက ကုန်ချိန်ပိဿာငါးဆယ်ထွက်တယ်၊ ဈေးကွက်က ဆယ်ပိဿာလောက်ပဲလိုတယ်ဆိုရင် ဝယ်လက်က မယူတော့ဘူး၊ ယူပေးပြန်တော့လည်း ဈေးကျ/ဈေးနှိမ်တာမျိုး ဖြစ်တတ်တယ်။ ဒါကြောင့် မှိုစိုက်ပျိုးသူတွေဟာ ကိုယ့်ဒေသအလိုက် ဈေးကွက်လိုအပ်ချက်အပေါ် ချိန်ဆပြီးမှ စီးပွားဖြစ် စိုက်ပျိုးသင့်ပါတယ်။
ဟု ‘‘Special One’’ ကောက်ရိုးမှို၊ ငွေနှင်းမှို စိုက်ပျိုးထုတ်လုပ်ရေးနှင့် မှိုထုတ်ကုန်လုပ်ငန်းမှ စီမံအုပ်ချုပ်သူ ကိုခင်ဇော်က ပြောသည်။
မြန်မာနိုင်ငံဒေသအသီးသီးမှထွက်ရှိသည့် ကောက်ရိုးမှိုများကို မိမိတို့အနီးတဝိုက်ဒေသများ၌ လက်လီ/လက်ကားရောင်းချကြသည့်အပြင် ရန်ကုန်တိုင်းဒေသကြီးရှိ ထောက်ကြန့်ဈေး၊ သီရိမင်္ဂလာဈေး၊ ဒညင်းကုန်းဈေးများသို့ တင်ပို့၍ ၎င်းဈေးများမှတဆင့် ရန်ကုန်တိုင်း တစ်တိုင်းလုံးရှိ ဈေးကွက်များသို့ ဆက်လက်ဖြန့်ဖြူး ရောင်းချကြသည်။
ကောက်ရိုးမှို ဈေးကွက်ကတော့ ကောင်းပါတယ်။ ထွက်သလောက်ကို မှိုဒိုင်တွေက ယူတယ်။ ဒေသအနီးတဝိုက်အတွင်းမှာပဲ ကုန်ပါတယ်။ ကျွန်တော်တို့ နေတဲ့နေရာကိုက ဈေးကွက်လက်လှမ်းမှီတဲ့နေရာမှာ နေတယ်။ စိုက်သက်တမ်းကလည်း ကြာပြီဖြစ်တဲ့အတွက် ကိုယ်ကိုယ်တိုင်ပဲ အရင်းအနှီးထုတ် တည်ထောင်ပေးထားတဲ့ မှိုဒိုင်တွေလည်းရှိတယ်။ အခုဆိုရင်တော့ သူတို့အရင်းအနှီးနဲ့သူတို့ ဖြစ်သွားကြပြီ။ အဲ့ဒါကြောင့် ကျွန်တော်တို့ထွက်သလောက် မှိုတွေက ဖြုန်းအားရှိ/ဈေးကွက်ရှိနေတာပေါ့။
ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီး ဈေးကွက်အတွင်း ကောက်ရိုးမှို တစ်ပိဿာလျှင် (၆၀၀၀)ကျပ် ပေါက်ဈေး ရှိနေကြောင်း သိရသည်။
Myat Thu
လွန်ခဲ့သော ၅ နှစ် ကမှိုစိုက်ပျိုးနည်းကိုလေ့လာချင်ပါတယ် အကြံပြုပါဦးမိတ်ဆွေ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022