ယူနန်ပြည်နယ်အစိုးရက မြန်မာ့စပါးများကို တရားဝင် ဝယ်ယူရန် ကမ်းလှမ်းထား
ယူနန်ပြည်နယ်အစိုးရက မြန်မာ့စပါးများကို တရားဝင် ဝယ်ယူရန် ကမ်းလှမ်းထား
ရန်ကုန်၊ စက်တင်ဘာ ၁၅ ရက်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အစိုးရက မြန်မာ့စပါးများကို တရားဝင် ဝယ်ယူရန် ကမ်းလှမ်းထားသည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။ စပါးများကို တရားဝင် ဝယ်ယူရန် နှစ်နိုင်ငံ အစိုးရချင်း ကမ်းလှမ်းထားခြင်းဖြစ်ပြီး တောင်သူလယ်သမား များအတွက် အကျိုးအမြတ်နှင့် စျေးကွက်ရှိမည်ဆိုပါက ရောင်းချနိုင်သည့် အခြေနေဖြစ်သည်ဟုဆိုသည်။
"အရေးကြီးဆုံးက စပါးတင်ပို့ရောင်းချတဲ့ ကိစ္စဖြစ်ပါတယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ်က စပါးကို တရားဝင် ဝယ်ချင်ပါတယ်ဆိုပြီး ကမ်းလှမ်းလာတာ ရှိပါတယ် ။ ဒီအပေါ်မှာ ဆန်စပါးအသင်းချုပ်နဲ့ အသင်းအဖွဲ့တွေရဲ့ သဘောကတော့ အစိုးရအချင်းချင်း တရားဝင် ကမ်းလှမ်းလာတယ်။ ဒီလိုတကယ် စနစ်တကျ ဥပဒေနဲ့အညီ ဝယ်ယူတဲ့ကိစ္စကို ပိတ်ပင်ချင်တဲ့ ဆန္ဒမရှိပါဘူး ။စပါးဟာ တွင်းထွက်ပစ္စည်းလည်း မဟုတ်ပါဘူး ။၄ လ ၅လ ပြန်ပြီးတော့ စိုက်နိုင်တယ်။ အဲ့တော့ တောင်သူလယ်သမားတွေအတွက် အကျိုးအမြတ်ရှိမယ် စျေးကွက်ရှိမယ်ဆိုရင် ရောင်းချနိုင်တဲ့ အနေထားဖြစ်ပါတယ် "ဟု ၎င်းကပြောသည်။
သို့သော် တရုတ်နိုင်ငံက ဆန်တန်ချိန် ၁ သိန်းဝယ်လျှင် စပါးကိုလည်း တန်ချိန် ၁သိန်း ပြန်ရောင်းနိုင်အောင် စီစဉ်ရမည်ဟုဆိုသည်။ ထိုသို့ အရောင်းအဝယ်ပြုလုပ်ရာတွင် ပြည်တွင်းစားသုံးသူများကိုလည်း ကြည့်ရမည် ဖြစ်သောကြောင့် တရုတ်နိုင်ငံနှင့်ဖြစ်စေ ၊ အခြားနိုင်ငံများနှင့် ဖြစ်စေ အစိုးရအနေဖြင့် စပါးဝယ်ယူသည့်ကိစ္စကို စဉ်းစားမည်ဆိုပါက ယင်းနိုင်ငံက မြန်မာနိုင်ငံ၏ ဆန်ကို မည်သည့်ခန့် ဝယ်ယူသလဲဆိုသည့်အပေါ် အခြေခံ၍ ညှိနှိုင်း သင့်ကြောင်း အကြံပြုချက်ကို မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ ပေးပို့ထားသည်ဟုဆိုသည်။
"တစ်နည်းအားဖြင့်ဆိုရင် အပြန်အလှန် ပမာဏ သတ်မှတ်ပြီးတော့ အရောင်းအဝယ်လုပ်ဖို့ပါ။ ဘာလို့ဆို ဆန်စျေးကွက်က တရုတ်စျေးကွက်တခုထဲ ကျွန်တော်တို့မှီခိုတာ မဟုတ်ပါဘူး။ နိုင်ငံ ၆၀ ကို ရောင်းချနေတာပါ ။ ဒီ နိုင်ငံ ၆၀ ကို ဆန်ရောင်းပေးနိုင်ဖို့ဆိုတာ နိုင်ငံ ၆၀ မှာ တည်ဆောက်ထားတဲ့ ဝယ်သူနဲ့ ရောင်းသူကြားမှာ ဆက်ဆံရေးကို ကြည့်ရဖို့ ရှိပါတယ်"ဟု ဦးရဲမင်းအောင်ကပြောသည်။ ထို့ပြင် ကြိတ်ခွဲမည့် စပါးကို ယင်းနိုင်ငံဘက်က ဝယ်ယူသည့်ဆန်နှင့် ညှိနှိုင်းပြီးမှသာ ဆောင်ရွက်ရန်နှင့် ယင်းကဲ့သို့ လုပ်ဆောင်ရာတွင်လည်း တရားဝင် ဆောင်ရွက်ရန် တင်ပြပြောဆိုထားကြောင်းသိရသည်။
ပို့ကုန်ကဏ္ဍ ဖွံ့ဖြိုးရေး လုပ်ငန်းစဉ်ကို သွားမည်ဆိုပါက အရေးကြီးဆုံးအချက်မှာ စံချိန်စံနှုန်း၊ အရည်အသွေးနှင့် နိုင်ငံတကာ စျေးကွက် ထိုးဖောက် ရောင်းချသည့် လုပ်ငန်းစဉ်များ လုပ်ဆောင်ရမည်ဖြစ်သည်။ ယခုနှစ် အောက်တိုဘာလတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဦးဆောင်၍ အာဖရိကနိုင်ငံ ၄ နိုင်ငံ ခန့်ကို သွားရောက်ကာ ဝယ်လက်များ ၊ စားသုံးသူများနှင့် တွေ့ဆုံရန် ရှိသည်ဟုဆိုသည်။ ထို့ပြင် နိုဝင်ဘာလတွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပပြုလုပ် မည့် ဆွေးနွေးပွဲကို သွားရောက်ရန်ရှိပြီး မြန်မာနိုင်ငံ တွင်လည်း ဝယ်သူများကို ဖိတ်ကြားသွားရန် အစီစဉ်ရှိကြောင်းသိရသည်။
ပို့ကုန်မြှင့်တင်သည့် လုပ်ငန်းစဉ်များကို ပိုမိုအားထည့်၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပို့ကုန်လုပ်ငန်းမှတဆင့် စျေးကွက်တည်ငြိမ်မှုကို ဆောင်ရွက်ကာ တောင်သူလယ်သမားများအတွက် တွက်ချေကိုက်သည့် စျေးနှုန်းဖြစ်စေရန်နှင့် စျေးကွက်သေချာမှုရှိစေရန်တို့ကို ကြိုးစားဆောင်ရွက်သွားမည်ဟုဆိုသည်။
အေးအေးမြင့်(ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....