အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြန်မာ့ပလောင်လက်ဖက် တရုတ်ပြပွဲကိုသွားရောက်ပြသမည်

မြန်မာ့ပလောင်လက်ဖက် တရုတ်ပြပွဲကိုသွားရောက်ပြသမည်

Green Way
Green Way • Greenovator • 28/08/2019

   လာမယ့်စက်တင်ဘာလအတွင်းမှာ မြန်မာ့ပလောင်လက်ဖက် တရုတ်လက်ဖက်ပြပွဲကို သွား ရောက်ပြသသွားမှာဖြစ်ကြောင်း ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ သိရပါတယ်။

   တရုတ်ပြည်မှာ မြန်မာ့လက်ဖက် ဈေးကွက်ဝင်နိုင်ဖို့အတွက် သွားရောက်ပြသတာဖြစ်ကြောင်း ပ လောင်လက်ဖက်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ အတွင်းရေးမှူး ဦးဇော်ညွှန့်က ပြောပါတယ်။

   “တရုတ်ပြည်ပပြုလုပ်ကျင်းပတဲ့ပွဲဖြစ်တာကြောင့် နိုင်ငံတကာကလည်း လက်ဖက်တွေလည်း ဝင် ရောက်ပြသသွားမှာဖြစ်ပါတယ်။ ရှမ်းပြည်နယ်ကိုယ်စားပြုဖြစ်တဲ့ ပလောင်လက်ဖက်ကို လာမယ့်  စက်တင်ဘာလမှာ သွားရောက်ပြသမှာပါ။ တရုတ်မှာ မြန်မာ့လက်ဖက်ဈေးကွက်လည်းဝင်နိုင်ဖို့ ကို သွားရောက်ပြသမှာပါ”

    မြန်မာ့လက်ဖက်ခြောက်ကို တရုတ်ပြည်ကို အဆင့်မြှင့်တင်ကာ တင်ပို့နိုင်ရန်အတွက်လည်း စီစဉ် လုပ်ဆောင်နေေ ကြာင်းအဆိုပါအသင်းမှ သိရပါတယ်။

    မြန်မာ့လက်ဖက် စိုက်ဧကပေါင်း (၂၂၀၀၀) ကျော်ရှိကြောင်း ပလောင်လက်ဖက်စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းမှသိရပါတယ်။ 

ယမင်းအေး(ABM)

 

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။