အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကုန်ပစ္စည်းတန်ဖိုးထက် ကားခက ပိုများနေလို့ ကြက်သွန်နီအရောင်းအဝယ်တွေ ရပ်နားထား

ကုန်ပစ္စည်းတန်ဖိုးထက် ကားခက ပိုများနေလို့ ကြက်သွန်နီအရောင်းအဝယ်တွေ ရပ်နားထား

AMIA
AMIA • 02/04/2026

လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ကြက်သွန်နီတောင်သူတချို့ အရောင်းအဝယ် ရပ်နားထားကာ အခြေအနေကို စောင့်ကြည့်နေကြကြောင်း သိရသည်။

သို့ဖြစ်၍ ရန်ကုန်ဈေးကွက်တွင် ကြက်သွန်နီ လိုအပ်ချက်ရှိနေပြီး ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်တွင်လည်း နယ်ကုန်သည်များက အရောင်းထိန်းခိုင်းထားခြင်း၊ ကုန်အဝင်နည်းခြင်းများ ရှိနေသည်။

"အခုက သင်္ကြန်မတိုင်ခင်ကို အရောင်းရပ်ထားကြပြီး သင်္ကြန်ပြီးမှ ရောင်းကြမယ့်သူ များတယ်။ အခု တင်ပို့ဖို့ ကားတွေလည်း မရှိဘူး၊ လမ်းပိုင်းဆက်သွယ်ရေးလည်း မကောင်းဘူး။ မြဝတီ အာရှလမ်းမကြီး ဖွင့်ဖို့လည်း စောင့်နေကြတယ်။ လမ်းမကြီးဖွင့်ရင်တော့ လမ်းစရိတ် အထိုက်အလျောက် သက်သာသွားမယ်။ အခုလို တောင်သူတွေ ရပ်နားထားရင် ကုန်သည်တွေက နယ်တွေအထိ ဆင်းဝယ်လာနိုင်တယ်။ အခုက တောင်သူအဖို့ ရန်ကုန်တင်ပို့ဖို့ စရိတ်က အရမ်းများနေတယ်" ဟု ကြက်သွန်နီစိုက် တောင်သူတစ်ဦးက ပြောသည်။

ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ကြက်သွန်နီဈေးမှာ ပြီးခဲ့သည့်အပတ်နှင့် ယှဉ်လျှင် တစ်ပိဿာလျှင် ၅၀၀ ကျပ်မှ ၁,၀၀၀ ကျပ်ခန့်အထိ အနည်းငယ် မြင့်တက်လာသည်။ ဆိတ်ဖြူကြက်သွန် တစ်ပိဿာလျှင် အရွယ်အစားနှင့် အရည်အသွေးပေါ် မူတည်ကာ ၁,၅၀၀ ကျပ်မှ ၂,၂၀၀ ကျပ်၊ မြစ်သားကြက်သွန် တစ်ပိဿာလျှင် ၁,၄၀၀ ကျပ်မှ ၃,၁၀၀ ကျပ်အထိ ပေါက်ဈေးရှိကြောင်း သိရသည်။

ယင်းအပြင် ကြက်သွန်ကုန်သည်များ အားထားရသည့် ရက်ရှည်ကြာအောင် ပိတ်ထားသော ဘားအံ-ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီး ပြန်လည်ဖွင့်လှစ်မည့်ရက်ကိုလည်း စောင့်မျှော်နေကြပြီး အဆိုပါ လမ်းမကြီးကို ဧပြီ ၂ ရက် (ယနေ့)တွင် ပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်ကြောင်း သိရသည်။

"ကြက်သွန်နီ တစ်ပိဿာရဲ့ ကာလပေါက်ဈေးက ၁,၀၀၀ ကျပ်သာ ရှိချိန်မှာ သယ်ယူစရိတ်က ၁,၂၀၀ ကျပ် ဖြစ်နေတယ်။ ကုန်ပစ္စည်းတန်ဖိုးထက် ကားခက ပိုများနေတဲ့အတွက် တောင်သူတွေ အခက်အခဲ ရှိတယ်။ အဓိက ပြဿနာက သယ်ယူပို့ဆောင်ရေး ခက်ခဲနေတာနဲ့ စရိတ်မြင့်မားနေတာပဲ" ဟု ကုန်သည်တစ်ဦးက ဆိုသည်။

လက်ရှိ ကြက်သွန်နီတောင်သူများ ရင်ဆိုင်နေရသည့် အကျပ်အတည်းမှာ စိုက်ပျိုးရေးပြဿနာမဟုတ်ဘဲ လမ်းပန်းဆက်သွယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း (Supply Chain) ပြိုလဲမှုကြောင့် ဖြစ်ပေါ်လာသည့် စီးပွားရေးဂယက်တစ်ခုသာ ဖြစ်ကြောင်း ဈေးကွက်နားလည်သူများက သုံးသပ်ကြသည်။

တောင်သူများအနေဖြင့် ကြက်သွန်နီများကို အရည်အသွေးမီ စိုက်ပျိုးကာ လိုအပ်သလောက်သာ ထုတ်ရောင်းပါက ကြက်သွန်ဈေးကောင်း ရရှိနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကြက်သွန်နီကို ပခုက္ကူ၊ မုံရွာ၊ မြင်းခြံ၊ တောင်သာ၊ ရေစကြိုနှင့် ဆိတ်ဖြူဒေသများတွင် အများဆုံး စိုက်ပျိုးကြပြီး ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့သို့ အဓိက တင်ပို့ရောင်းချလျက်ရှိသည်။

AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

2
kozay

kozay

လွန်ခဲ့သော ၅ လ က

အေဠိုးပွဲစားတွေ

kozay

kozay

လွန်ခဲ့သော ၅ လ က

ဆိပ်ဖြူမှာ ၁၂၀၀ကနေ၁၅၀၀ထိဘဲဝယ်တယ် ဆောက်ပိုတွေ ၂၂၀၀က

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။