ယခုတစ်ပတ်အတွင်း မြန်မာ့ကြက်သွန်ဈေးကွက်အတွင်း လှုပ်ခတ်မှုများဖြစ်ပေါ်နေ
အိန္ဒိယနိုင်ငံတွင်ဖြစ်ပေါ်နေသော ကြက်သွန်နီဈေးကွက်သတင်းများအပေါ်မူတည်၍ ယခုတစ်ပတ်အတွင်း မြန်မာ့ကြက်သွန်ဈေးကွက်အတွင်း လှုပ်ခတ်မှုများဖြစ်ပေါ်နေကြောင်း သိရသည်။
၂၀၂၁ ခုနှစ်၊ မေလက အိန္ဒိယနိုင်ငံသို့ ဆိုင်ကလုန်းမုန်တိုင်းဝင်ရောက်ခဲ့ခြင်းကြောင့် ဆောင်းကြက်သွန်အစိုဓာတ်ပါဝင်မှု များပြားခဲ့သည့်အပြင်၊ မုတ်သုံမမှန်ခြင်းကြောင့် မိုးစိုက်ကြက်သွန်ပေါ်ချိန် နောက်ကျနိုင်သဖြင့် အိန္ဒိယမှ ကြက်သွန်ဝယ်ယူနေသော ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနိုင်ငံများမှ မြန်မာ့ကြက်သွန်နီကို ပြောင်းလဲဝယ်ယူတင်သွင်းလာဖွယ်ရှိနေကြောင်း ဈေးကွက်ကျွမ်းကျင်သူများက သုံးသပ်နေကြသည်။
တောင်သူတွေဆီတော့ ကြက်သွန်ဈေး ထူးထူးခြားခြား တက်မလာသေးပါဘူး။ ဒီရက်အတွင်း ကြက်သွန်တစ်ပိဿာကိုမှ အရင်ကဈေးထက် ငါးဆယ်ကျပ်လောက်ပဲ တက်ပါတယ်။ နောက်ပိုင်းတော့ တက်လာမလားမသိသေးဘူးပေါ့။ အိန္ဒိယဘက်ကကိစ္စ သတင်းတွေတော့ကြားနေပါတယ်။ ဈေးတက်မယ်ဆိုရင်တော့ တောင်သူတွေအကျိုးရှိနိုင်တာပေါ့။
ဟု မကွေးတိုင်းဒေသကြီ၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့မှ ကြက်သွန်စိုက်ပျိုးသူ ကိုအောင်ထွန်းက ပြောသည်။
အိန္ဒိယနိုင်ငံတွင် မိုးကြက်သွန်ကို ဇွန်၊ ဇူလိုင်လတို့၌ စိုက်ပျိုးပြီး အောက်တိုဘာ၊ နိုဝင်ဘာလတို့တွင် နှုတ်သိမ်းလေ့ရှိသည်။ စက်တင်ဘာနှင့် နိုဝင်ဘာလကြားကာလများသည် ဆောင်းကြက်သွန်များ ပစ္စည်းပြတ်၍ မိုးကြက်သွန်များမှာလည်း မပေါများသေးသောကာလဖြစ်သဖြင့် ကြက်သွန်နီရှားပါးလေ့ရှိသည်။
၂၀၁၉ ခုနှစ်နှင့်၂၀၂၀ နှစ်များက အိန္ဒိယတွင် ဆိုင်ကလုန်းမုန်တိုင်းများဝင်တိုက်၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာ ကြက်သွန်နီဈေး တစ်ကီလိုဂရမ်လျှင် ၁၀၀ ရူပီးအထိ မြင့်တက်ခဲ့ဖူးကြောင်း သိရသည်။
ကြက်သွန်ဈေးက တက်လာဖို့များနေတယ်။ တချို့ကုန်သည်ပွဲစားတွေဆို ခြံကွက်ကလေးတွေ ငှားပြီး ကြက်သွန်ကြိုလှောင်ထားဖို့ ပြင်ဆင်နေကြတယ်။ သို့သော် ပွဲစားတွေက တောင်သူတွေဆီက ကြက်သွန်ကို ငွေလက်ငင်းပေးပြီး မဝယ်ချင်တဲ့အပြင်၊ ဈေးလည်းနှိမ်ဝယ်တယ်။ တစ်ပိဿာလုံးကိုမှ နှစ်ရာကျပ်လောက်ဈေးနဲ့ ဝယ်နေတယ်။ တောင်သူတွေကလည်း ကိုဗစ်နဲ့ဘာနဲ့ ကုန်ကျစရိတ်တွေများခဲ့တော့ ရတဲ့ဈေးနဲ့ ရောင်းနေသူတွေလည်း ရှိပါတယ်။ အခုရနေတဲ့ဈေးနဲ့ကတော့ စိုက်စရိတ်တောင် မကြေသေးပါဘူး။
ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်မှ ကြက်သွန်စိုက်ပျိုးသူ ဦးကျော်က ပြောသည်။
၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့ ကြက်သွန်နီဈေးကွက်အတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ဆိပ်ဖြူရှယ် (၅၂၅) ကျပ်၊ လတ်ကြီး (၄၅၀) ကျပ်၊ လတ်သန့် (၃၇၅) ကျပ်၊ လတ်ချော (၂၅၀) ကျပ် ဈေးနှုန်းများဖြင့် လက်ကားရောင်းဝယ်ဖောက်ကားနေကြောင်း သိရသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022