“ပိုးသတ်ဆေးများ အလွန်အကျွံပက်ဖြန်းခြင်းကြောင့် ပိုးမွှားများ ဆေးယဉ်ပါးပြီး နှိမ်နင်းရခက်ခဲနိုင်”
ပိုးသတ်ဆေးများ အလွန်အကျွံပက်ဖြန်းခြင်းကြောင့် ပိုးမွှားများ ဆေးယဉ်ပါးပြီး နှိမ်နင်းရ ပိုမိုခက်ခဲနိုင်ကြောင်း စိုက်ပျိုးရေးကျွမ်းကျင်သူများက ပြောသည်။
မေလကုန် ဇွန်လကာလများတွင် ရာသီဥတုပြောင်းလဲဖောက်ပြန်မှုများ ဖြစ်ပေါ်နေသည့်အတွက် သီးနှံပင်များပေါ်သို့ သက်ဆိုင်ရာသီးနှံဖျက်ပိုးများ ကျရောက်ဖျက်ဆီးနေပြီး ပိုးသတ်ဆေးဖြန်းပက်ရသည့် အကြိမ်ရေ များလာသော်လည်း ပိုးကျရောက်မှု လျော့နည်းမသွားခြင်း ဖြစ်သည်။
ရာသီဥတုပူပြင်းတဲ့အတွက်ရယ်၊ စိုက်ပျိုးသီးနှံအများစု ရိတ်သိမ်းချိန်ဖြစ်တာရယ်၊ မိုးမရွာသေးတော့ ပေါင်းမြက်တွေ စိမ်းစိမ်းစိုစိုမရှိတာရယ်၊ ရှိတဲ့ပေါင်းမြက်တွေကို ပေါင်းသတ်ဆေးဖြန်းပြီး သတ်ထားကြတာရယ်ကြောင့် ပတ်ဝန်းကျင်မှာ ပိုးမွှားအင်းဆက်များ မှီခိုစားသောက်စရာ အပင်တွ မရှိကြတော့ဘူးလေ။ ဆေးတွေအမျိုးမျိုးဖြန်းလည်း ဆေးဖိုးသာကုန် ပိုးတွေမသေဖြစ်တာကြောင့် စိုက်စရိတ်ကုန်ပြီး တောင်သူတွေ တွက်ခြေမကိုက်ကြတော့ဘူး။ ပိုးတွေမသေကြတာဟာ ပိုးက ဆေးမကြောက်တော့ဘဲ ဆေးဒဏ်ခံနိုင်ရည်ရှိပြီး၊ ဆေးယဥ်ပါးလာတာကြောင့်ဖြစ်ပါတယ်။ ဆေးဖြန်းပြီး ပိုးတွေမသေတာ တွေ့ကြတော့ စိုက်ပျိုးသူအများက ဆေးတွေထဲကများ ပိုးတွေပါလာလေသလားလို့တောင် သံသယဖြစ်လာကြပါတယ်။
ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့မှ စီးပွားဖြစ် ကွမ်းစိုက်ပျိုးရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးနည်းပညာဖြန့်ဝေရေးလုပ်ဆောင်သူ ဦးဝင်းနိုင်က ပြောသည်။
လှေး၊ ပျ၊ ယင်ဖြူ၊ ပိုးစေးနဲ၊ မွှားပင့်ကူနီ စသည့် အပင်ဖျက်ပိုးများသည် ၎င်းတို့၏ အသက်ရှင်ရပ်တည်မှုအတွက် စားကျက်ရှာကြရင်း နွေဦးရာသီက စိုက်ပျိုးခဲ့သော စိမ်းစိုနေသည့် သီးနှံစိုက်ခင်းများနှင့် ကွမ်းခြံများ၊ နှစ်ရှည်ပင်ခြံများအတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်သည်။
စိုက်ပျိုးသူအများစုကလည်း ကိုယ့်သီးနှံတွေ ပိုးဖျက်ဆီးပြီး သီးနှံအရည်အသွေး ကျတာ၊ စျေးကောင်းမရတာတွေ ကြုံကြတော့ စျေးကောင်းရပြီး တွက်ခြေကိုက်ဖို့အတွက် ပိုးမွှား အင်းဆက်သတ်တဲ့ ဆေးတွေအမျိုးမျိုး ဖြန်းကြပါတော့တယ်။ ဒါ့ကြောင့်လည်း ပိုးတွေက ပိုးသတ်ဆေးတွေကို မကြောက်ကြတော့ဘူး။ ကျွန်တော့်ဆီကို တောင်သူတွေလာရောက်မေးမြန်းထားတဲ့ ပိုးမွှားရောဂါနဲ့ဆိုင်တဲ့ မေးခွန်းတွေကို စစ်ဆေးကြည့်တော့ စိုက်ပျိုးသူတချို့ဟာ ပိုးလား၊ ရောဂါလားဆိုတာကို ခွဲခြားမသိကြသေးတာ တွေ့ရတယ်။ စိတ်မကောင်းဖြစ်ရပါတယ်။
ဟု ဦးဝင်းနိုင်က ဆက်လက်ပြောသည်။
ယခုကဲ့သို့ ရာသီဥတုပြင်းထန်သည့်ကာလမျိုးကို ကြုံတွေ့ရသည့်အချိန်တွင် အတတ်နိုင်ဆုံး ခံနိုင်ရည်ရှိစေရန်အတွက် စိုက်ပျိုးသူများအနေဖြင့် အခြေအနေအရပ်ရပ်ကို ကြိုတင်သုံးသပ်ပြီး စိုက်ခင်းထောင့်များ ခြံစည်းရိုးများတွင် ပိုးနှင်စေသည့်အပင်များ ကြိုတင်စိုက်ပျိုးထားရှိခြင်း၊ သဘာဝပိုးနှင်ဆေးများ ပြုလုပ်၍ ရာသီချိန်အလိုက်ကြိုတင်ကာကွယ်ပေးခြင်းတို့ကို ပြုလုပ်သင့်ကြောင်း သိရသည်။
Ko Kyaw
လွန်ခဲ့သော ၅ နှစ် ကပိုးနှင်စေသည့်အပင်ကဘာပင်တွေစိုက်ထားသင့်လည်းခင်ဗျ
Maiphyu Markhaing
လွန်ခဲ့သော ၅ နှစ် ကf? !
ဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 0 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 1 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022