အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တရုတ်သို့ နာနတ်သီးတင်ပို့ခွင့် ရပ်ထားသည့် ကာလအတွင်း ပြည်တွင်းဈေးကွက်ကိုသာ အားထားနေရ

တရုတ်သို့ နာနတ်သီးတင်ပို့ခွင့် ရပ်ထားသည့် ကာလအတွင်း ပြည်တွင်းဈေးကွက်ကိုသာ အားထားနေရ

မြန်မာနိုင်ငံမှ ထွက်ရှိသည့် နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချခွင့် ရပ်ဆိုင်းထားသည့် ကာလအတွင်း ပြည်တွင်းဈေးကွက်အပေါ်သာ အားထားရောင်းချနေရကြောင်း တောင်သူများထံမှ သိရသည်။

တရုတ်ပြည်ကို ပို့မယ့် နာနတ်သီးတွေလည်း ပိုးမွှားနဲ့မှိုရောဂါ ကင်းစင်ကြောင်းထောက်ခံချက် အစိုးရက ထုတ်ပေးမှ တင်ပို့ခွင့်ရမယ်။ အဲ့ဒီထောက်ခံချက်လုပ်ထားတာ မရှိသေးတာမို့၊ အခုလောလောဆယ်မှာ နာနတ်သီးတွေက ပြည်တွင်းဈေးကွက်မှာပဲ ရောင်းချနေတယ်။ ဟု မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ဆင်လမ်းကျေးရွာရှိ အော်ဂဲနစ် နာနတ်စိုက်ပျိုးထုတ်လုပ်နေသူ ဦးထွန်းထွန်းညွှန့်က ပြောသည်။

မြန်မာနိုင်ငံတွင် နာနတ်သီးကို ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ မန္တလေးတိုင်းနှင့် ဒေသတချို့၌ စီးပွားဖြစ် ဖြစ်စေ၊ တစ်နိုင်တပိုင်ဖြစ်စေ စိုက်ပျိုးထုတ်လုပ်နေပြီး ယခုနှစ်တွင် Covid-19 ရောဂါဖြစ်စဉ်ကြောင့် နာနတ်သီး တင်ပို့ရောင်းချရာတွင် နှောင့်နှေးမှုများ ရှိနေသည်။

ပုံမှန်က ဒီအချိန်က ရှမ်းပြည်(သီပေါ) နာနာတ်သီးက ဈေးမြင့်ပြီး၊ ပြင်ဦးလွင်နာနတ်သီးက ဈေးအနေတော် ဖြစ်နေရမယ့် အချိန်ပါ။ အခုကတော့ ဈေးကွက်က သိပ်တော့ အားမရဘူး။ နောက် ၁၅ ရက်လောက်ဆို သီပေါသီးက ဈေးအနေတော်ဖြစ်ပြီး၊ ပြင်ဦးလွင်သီးက ဈေးနည်းသွားတော့မယ်။ နောက်ပိုင်း အနေအထားကို သုံးသပ်ရရင်တော့ အရင်ကထက် ဈေးကျသွားတာမျိုးတွေလည်း ကြုံတွေ့ရနိုင်ပါတယ်။ ဟု ဦးထွန်းထွန်းညွှန့်က ဆက်လက်ပြောသည်။

၂၀၁၉ ခုနှစ်၊ ဇွန်လဝန်းကျင်မှစ၍ တရုတ်နိုင်ငံသို့ နာနတ်သီးတင်ပို့ခွင့် ရပ်ဆိုင်းခဲ့ပြီး၊ ပြန်လည်တင်ပို့ခွင့် ရရှိစေရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးတို့မှ ကြိုးပမ်းဆောင်ရွက်နေကြောင်း သိရသည်။

နန်းထက်ထက်ချစ်(ABM) 

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

You

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 0 ခု

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 1 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။