မိုးစပါးစိုက်ခင်းများအတွင်း ဖြုတ်ပိုးကျရောက်သော်လည်း ယခင်နှစ်ကဲ့သို့ ထိခိုက်ပျက်စီးမှု ကြီးကြီးမားမားမရှိ
မိုးစပါးစိုက်ခင်းများအတွင်း ဖြုတ်ပိုးကျရောက်သော်လည်း ယခင်နှစ်ကဲ့သို့ ထိခိုက်ပျက်စီးမှု ကြီးကြီးမားမားမရှိသေးကြောင်း စိုက်ပျိုးရေးဦးစီးဌာနက ပြောသည်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ မိုးစပါးစိုက်ခင်းများအတွင်း ၂၀၁၉ ခုနှစ် မိုးစပါးရာသီက ဖြုတ်ပိုးကျရောက်မှုဒဏ် ခံစားခဲ့ရပြီး စိုက်ခင်းအများစု ပျက်စီးဆုံးရှုံးကာ အထွက်နှုန်းကျဆင်းခြင်း၊ မီးရှို့ဖျက်ဆီးရခြင်းများ ဖြစ်ပေါ်ခဲ့သည်။
ယခုနှစ်တွင်မူ ယခင်နှစ်ကဲ့သို့ မိုးစပါးစိုက်ခင်းများ ပျက်စီးဆုံးရှုံးမှုကြီးကြီးမားမား မတွေ့ရသေးကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ ပြောသည်။
နောက်ထပ် ၁၅ ရက်လောက်ဆိုရင် ရွှေဘိုပေါ်ဆန်းစပါးမျိုးတွေ စတင်ရိတ်သိမ်းရတော့မှာပါ။ ကျေးရွာတွေကို လိုက်လံစစ်ဆေးကြည့်တော့ မနှစ်ကနဲ့နှိုင်းယှဉ်ရင် ထိခိုက်ဆုံးရှုံးမှု အလွန်လျော့နည်းသွားတာကို တွေ့ရပါတယ်။ ဝက်လက်မြို့နယ် ရေထွက်ကျေးရွာကို စစ်ဆေးတဲ့အခါ တောင်သူဦးထွန်းရွှေရဲ့မိုးစပါးစိုက်ခင်း ကောက်ရုံတစ်ရုံမှာ မိတ်ဆွေပိုး (ပင့်ကူ ပုဇင်း) ၂ ဒဿမ ၈ ကောင်နဲ့ ဖျက်ပိုး (ဖြုတ်ညို) ၃ ဒဿမ ၄ ကောင် တွေ့ရပေမယ့် စီးပွားရေးတွက်ခြေထိခိုက်တဲ့အဆင့် မရောက်တာကြောင့် မလိုအပ်ဘဲ ပိုးသတ်ဆေးတွေမဖျန်းဖို့နဲ့ အနှံဖြိုင်ဖြိုင်ထွက်ဖို့ GA3 ဖျန်းဖို့ကို အကြံပေးခဲ့ပါတယ်။ ဖြုတ်ပိုးကာကွယ်ရေးနှိုးဆော်ချက်တွေကိုလည်း နေရာတော်တော်များများမှာ ဘုတ်တွေထောင်ပြီး အသိပညာပေးနေပါတယ်။ အထွက်နှုန်းတိုးမတိုးဆိုတာကတော့ သွင်းအားစုတို့၊ စိုက်ပျိုးရေတို့နဲ့လည်း သက်ဆိုင်ပါတယ်။
ဟု စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးလှမိုးကျော်က ပြောသည်။
ဝက်လက်မြို့နယ် ဘင်တဲကုန်းကျေးရွာ၊ ရေထွက်ကျေးရွာတို့ရှိ မိုးစပါးစိုက်ခင်းများကို ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးကြည့်ရှုပြီး၊ ပိုးမွှားရောဂါ ကျရောက်မှုရှိ/မရှိ ကင်းထောက်မှတ်တမ်းများ ရယူခဲ့ကြောင်း သိရသည်။
အရင်နှစ်က ဖြုတ်ပိုးစကျတဲ့နှစ်ဆိုတော့ ဂရုမစိုက်မိတာရယ်၊ ရေကပြတ်တာများတာရယ်ကြောင့် တောင်သူတွေ ဆုံးရှူံးမှုများခဲ့တယ်။ တချို့တောင်သူတွေက ရေမအောင်ဘူး။ ဒါကြောင့် ရောဂါအကျပိုလာကြတာ။ စိုက်ပျိုးရေးဦးစီးဌာနရဲ့ လမ်းညွှန်ချက်ကိုတော့ လိုက်တော့လိုက်နာကြတာပဲ။ ဘယ်တောင်သူကမှတော့ ကိုယ့်စပါးခင်းကို မပျက်စီးစေချင်ကြဘူးလေ။ မနှစ်ကထက်တော့ ဖြုတ်ပိုးကျတာ သက်သာလာတယ်။ မနှစ်ကဆိုရင် တစ်ရွာလုံးနီးပါး ပိုးကျခဲ့တယ်။ ကျွန်တော်တို့က ဒီနှစ်တော့ ဖြုတ်ပိုးဆိုတာသိသိချင်း ဆေးပက်တော့ မနှစ်ကလောက်မပျက်စီးဘူး။
ဟု စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှ မိုးစပါးစိုက်တောင်သူတစ်ဦးက ပြောသည်။
ဖြုတ်ပိုးကျရောက်မှုကို ကာကွယ်ထိန်းချုပ်နိုင်စေရန် ကြိုတင်ကင်းထောက်မှတ်တမ်းရယူခြင်း၊ လက်ခံပင် ပေါင်းမြက် (ဝမ်းဘဲမြက်၊ မြက်မုံညင်းပင်) များကို ရှင်းလင်းခြင်း၊ ဓာတ်မြေဩဇာကို အချိုးကျသုံးစွဲခြင်း၊ ပိုတက်စီယမ်ပါဝင်သည့်မြေဩဇာကို မဖြစ်မနေသုံးစွဲရန်နှင့် ပိုးကျနေစဉ် ယူရီးယားမြေဩဇာကို ရှောင်ကြဉ်ခြင်း၊ ဖြုတ်ပိုးစတွေ့သည်နှင့် ရေကို (၃)ရက်/(၅)ရက် ပြောင်အောင်ထုတ်ခြင်း၊ အပင်ခံနိုင်ရည်ရှိစေရန် တစ်ဧကလျှင် ပိုတက် ၁/၈ အိတ်နှင့် ကျောက်မှုန့်(၆)ပိဿာ ကြဲပက်ပေးခြင်း၊ သဘာဝမိတ်ဆွေပိုးများ သေကြေပျက်စီးမှုမရှိစေရန် ပိုးသတ်ဆေးကို လိုအပ်မှသာ သုံးစွဲခြင်း၊ စပါးရုံတစ်ရုံတွင် ဖြုတ်ညို/ဖြုတ်ကျောဖြူ (၁၀)ကောင်/(၁၅)ကောင် တွေ့ရှိသည်နှင့် စပါးခင်းအားရေထုတ်၍ ဒိုင်မီသိုအိတ် (Dimethoate), ကာတက်ပ်ဟိုက်ဒရိုကလိုရိုဒ် (Cartap Hydrochloride), အဆီဖိတ်(Acephate), အဆီတာမီပရိုက်(Acetamiprid) စသည့် ပင်လုံးပြန့်ပိုးသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/ဆေးထုပ် အညွှန်းစာပါအတိုင်း အပင်ခြေရှိ ပိုးကောင်ငယ်များကို အပင်ခြေရောက်အောင် ပက်ဖျန်းပေးခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း စိုက်ပျိုးဦးစီးဌာနမှ သိရသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022