အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ကြံမျိုးကောင်းမျိုးသန့်များနဲ့ ထွက်နှုန်းများအတွက် တောင်သူများကို နည်းပညာအကူအညီများအခမဲ့ကူညီပေးသွားမည်

ကြံမျိုးကောင်းမျိုးသန့်များနဲ့ ထွက်နှုန်းများအတွက် တောင်သူများကို နည်းပညာအကူအညီများအခမဲ့ကူညီပေးသွားမည်

Green Way
Green Way • Greenovator • 21/08/2019

   ကြံသုတေသနခြံများမှထွက်ရှိတဲ့ မျိုးကောင်းမျိုးသန့်များကို တောင်သူများအနေနဲ့ ဝယ်ယူ အသုံးပြု စိုက်ပျိုးပါက နည်းပညာအကူအညီများ အခမဲ့ကူညီပေးသွားမှာဖြစ်ကြောင်း သကြားထွက်သီးနှံဌာနခွဲမှသိရပါ တယ်။

   ကြံမျိုးကောင်းမျိုးသန့်အသုံးပြုပြီး ကြံသီးနှံအထွက်နှုန်းကောင်းစေရန်အတွက် နည်းပညာများပေး သွားမှာဖြစ်ကြောင်း သကြားထွက်သီးနှံဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါ်ရည်ရည်မွန် ကပြောပါတယ်။

   “တောင်သူကို မြေစမ်းပေးမယ်။ တန်(၄၀)နဲ့အထက် ထွက်ဖို့ဆိုရင် ဘယ်လိုသုံးရမယ်ဆိုပြီး ပြောပြမယ်။ (၁၀) ဧကအထက်ဆို ကြံစိုက်စက်နဲ့လာစိုက်ပေးမယ်။ ခြံတွေနဲ့ အနီးအနားရှိတဲ့ဧရိယာပဲ လုပ်နိုင်မယ်။ မျိုးကောင်းမျိုးသန့်တွေအသုံးပြုပြီး ကြံသီးနှံထွက်နှုန်းကောင်းအောင် နည်းပညာတွေပေးသွားမှာပါ”

   ကြံမျိုးကောင်းမျိုးသန့်များကို တစ်ဧကနှင့်အထက်ဝယ်ယူပါက မြေနမူနာစစ်ဆေးပြီး မြေသြဇာ နှုန်းထားများ ထောက်ခံချက်ပေးခြင်း ၊ မြေသြဇာကိုလည်း အခမဲ့ပေးခြင်းအပြင် စိုက်ပျိုးရာမှ ခုတ် သိမ်းတဲ့အထိ နည်းပညာအကူအညီများ ဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

   သုတေသနနဲ့မျိုးသန့်မျိုးခြံများတည်ရှိရာ မြို့နယ်အတွင်းရှိ တောင်သူများအနေနဲ့ (၁၀) ဧကနဲ့အ ထက်စိုက်ပျိုးရန် ကြံစိုက်စက်ဖြင့် အခမဲ့စိုက်ပျိုးခြင်းများကို လုပ်ဆောင်ပေးသွားမှာဖြစ်ကြောင်း သိရပါတယ်။

   အဆိုပါကြံမျိုးကောင်းမျိုးသန့်များအတွက် ဝယ်ယူစိုက်ပျိုးရန် စိတ်ပါဝင်စားတဲ့တောင်သူများအနေနဲ့ သကြားထွက်သီးနှံဌာနခွဲ(ရုံးချုပ်) ဖုန်းနံပါတ် ၀၆၇-၄၃၁၁၂၃ ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါတယ်။ 

တိုးတိုးခိုင်(ABM)

 

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။