ဆန်တစ်ပြည် ၂၅၀၀ နှုန်းဖြင့် ရောင်းချပေးမည့်ဆန်ဆိုင်များစာရင်း
ဧည့်မထဆန်တစ်ပြည်ကို ၂၅၀၀ ကျပ်နှုန်းနဲ့ ရန်ကုန်မြို့နယ် (၁၇) မြို့နယ်ရှိ ဆန်ဆိုင် (၄၂) ဆိုင်မှာ ဩဂုတ်လ ၂၅ ရက် ဒီနေ့ကစပြီး စတင်ရောင်းချသွားမယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) က မနေ့က သတင်းထုတ်ပြန်ထားတာပါ။
ဘယ်မြို့နယ်မှာရှိတဲ့ ဆိုင်တွေမှာ ဝယ်ယူနိုင်မလဲဆိုတာကိုတော့ အောက်ပါဇယားကွက်မှာကြည့်ရှုနိုင်ပါတယ်။


သက်သာဈေးနှုန်းတွေနဲ့အတူ ဩဂုတ်လ ၇ ရက်နေ့ကတည်းကစလို့ ရန်ကုန်ဝါးတန်းနဲ့ ဘုရင့်နောင်ကုန်စည်ဒိုင်တို့မှာ ပေါ်ဆန်းနဲ့ ဧည့်မထဆန်တို့ကို ရောင်းချပေးနေတာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်က ထုတ်ပြန်ထားတာပါ။
နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်ခုလျှင် တစ်လအတွက် ပေါ်ဆန်းအမျိုးအစား ဆန်အိတ် (၁) အိတ်နဲ့ ဧည့်မထအမျိုးအစား ဆန်အိတ် (၁) အိတ်ကို ဝယ်ယူနိုင်မှာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီလိုကုန်စည်ဒိုင်တွေကနေ ရောင်းချပေးနေသလို စက်မှုဇုန်များ၊ စက်ရုံများရှိ ဝန်ထမ်းများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများအတွက်လည်း လိုအပ်ချက်အရတင်ပြလာမှုအပေါ် ရောင်းချပေးလျက်ရှိနေတဲ့အပြင် လူနေရပ်ကွက်အတွင်းသို့ ကားနဲ့လှည့်လည်ပြီး ဧည့်မထအမျိုးအစား ဆန်တစ်ပြည်လျှင် ၂၅၀၀ ကျပ်နှုန်းနဲ့ ရောင်းချနေပါတယ်လို့လည်း MRF ရဲ့ထုတ်ပြန်ချက်မှာဆိုထားပါတယ်။
Photo Crd# MRF
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Nay Lin
လွန်ခဲ့သော ၃ နှစ် ကဆင့်ပါးစပ် နှမ်းပက်သလိုဖြစ်နေတယ်
Ko Cham
လွန်ခဲ့သော ၃ နှစ် ကမန္တလေးမပါဘူးလား
ဒေါ်ဖြူလှိုင်းဖွေးအောင်
လွန်ခဲ့သော ၃ နှစ် ကတနိုင်ငံလုံးအစဉ်ပြေအောင်ဆန်စျေးတွေချပေးပါ
လင်း
လွန်ခဲ့သော ၃ နှစ် ကဧရာဝတီတိုင်း ဝါးခယ်မမြို့နယ် မောင်းဒီကျေးရွာမှာ လာရောင်းပေးပါလားဗျာ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026