အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆန်ဈေးများပြန်ကျ..

ဆန်ဈေးများပြန်ကျ..

Green Way
Green Way • 28/08/2023

 

ယနေ့ဩဂုတ် ၂၈ ရက် ရန်ကုန် ဝါးတန်းဈေးကွက်မှာ ပေါ်ဆန်းဆန်တစ်အိတ် ၁၀၀၀၀ - ၂၀၀၀၀ ကျပ်အထိ ကျဆင်းသွားကြောင်း လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) ရဲ့ ဈေးနှုန်းပေးပို့ချက်အရ သိရပါတယ်။

 

ကျပ် ၂၀၀၀၀ တန် ငွေစက္ကူသစ်ထွက်မယ်ကြေညာပြီးကတည်းက ၅ ပတ်ဆက်တိုက် တက်ခဲ့တဲ့ ဆန်ဈေးဟာ ဒီတစ်ပတ်မှာတော့  အကျဘက်​ပြန်ရောက်သွားခဲ့တာပဲဖြစ်ပါတယ်။

 

ဘယ်ဆန်အမျိုးအစားတွေ ဘယ်လောက်ဈေးအပြောင်းအလဲဖြစ်သွားလဲဆိုတာကိုတော့ အောက်ပါ ဇယားကွက်မှာ ကြည့်နိုင်ပါတယ်။ 

 

 

 

 

ဆန်ဈေးတွေတက်နေချိန်ကာလမှာမြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ ဧည့်မထ ဆန်တစ်ပြည်ကို ၂၅၀၀ ကျပ်နှုန်းဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆန်ဆိုင်အချို့မှာ ရောင်းချပေးတာမျိုး ရှိခဲ့တယ်လို့ သိရပါတယ်။

 

ဒါ့အပြင် ရခိုင်ပြည်နယ်သို့ အိတ် (၂) သိန်း၊ မွန်ပြည်နယ်သို့ အိတ် (၂၀၀၀)၊ မကွေးတိုင်းသို့ အိတ် (၁၀၀၀)နှင့် ကရင်ပြည်နယ်သို့ အိတ် (၂၀၀၀) ကို မကြာမီရက်ပိုင်းက ပေးပို့ထားကာ ပြည်ထောင်စုတစ်ခုလုံး ဆန်စျေး တည်ငြိမ်စေရန် နှင့် ကျဆင်းစေရန် ပုဂ္ဂလိက အခန်းကဏ္ဍမှနေ၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိနေပါတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

 

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

4
မင်းဇော်

မင်းဇော်

လွန်ခဲ့သော ၃ နှစ် က

ဆန်ဈေးသာကြတယ်ပြောသာ မိုးပေါ်ကကိုအောက်မဆင်းလာ တေးဘူး

Sa Than Htike Linn

Sa Than Htike Linn

လွန်ခဲ့သော ၃ နှစ် က

ဒီနှစ်စပါးပေါ်ချိန်ဆင်းသုခဘယ်စျေးလောက်ပေါက်မလည်ဆရာသမားညီကိုတို့ပြောပြပေးပါလား

Soe Thein Oo

Soe Thein Oo

လွန်ခဲ့သော ၃ နှစ် က

ဆန် စပါး ဈေးကျပြီး ကုန်ဈေးနှုန်းတက်တာတော့မတရားဘူး

မိုးမြင့်ခိုင်

မိုးမြင့်ခိုင်

လွန်ခဲ့သော ၃ နှစ် က

ရွာဘက်နယ်ဘက်တွေကဘာလို့မကျသေးတာလဲရှင့်တတ်ပဲတတ်နေတယ်သိရှင်လို့ပါရှင့်

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။