အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြန်မာ့ဆန်စံချိန်စံညွှန်းနဲ့ မြန်မာ့စပါးအရည်အသွေး  အဆင့်အတန်းခွဲခြားသတ်မှတ်ရေးဆွေးနွေး

မြန်မာ့ဆန်စံချိန်စံညွှန်းနဲ့ မြန်မာ့စပါးအရည်အသွေး အဆင့်အတန်းခွဲခြားသတ်မှတ်ရေးဆွေးနွေး

Green Way
Green Way • Greenovator • 26/07/2019

မြန်မာ့ဆန်စံချိန်စံညွှန်းနဲ့ မြန်မာ့စပါးအရည်အသွေး  အဆင့်အတန်းခွဲခြားသတ်မှတ်ရေးဆွေးနွေးပွဲကို ဒီကနေ့ မြန်မာနိုင်ငံဆန်ငံဆန်စပါးကုန်သည်များအသင်းမှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

ဆန်စပါးရောင်းဝယ်မှုကိုတိတိကျကျဖြစ်စေနိုင်ဖို့အတွက် ဆွေးနွေးညှိနှိုင်းပွဲပြုလုပ်ဖြစ်တာပါလို့ မြန်မာနိုင်ငံဆန်စပါး ကုန်သည်များ အသင်းမှ အတွင်းရေးမှုူး ဦးအောင်မြင့်ကပြောပါတယ်။

“ ဆန်ရောစပါးရောစံချိန်စံညွှန်းအတွက်ကို အောက်ကကုန်သည်တွေ ၊စက်ပိုင်တွေ ၊ပွဲစားတွေကို စံချိန်စံညွှန်းတွေချပြပြီး အကြံညဏ်တွေတောင်းတာပါ။စံ ချိန်စံညွှန်းကနောက်ဆုံး အဆင့် ရောက် နေပြီဆိုတော့ ပြန်လည်ပြင်ဆင်ဖြည့်စွက်တာတွေကို ဆွေးနွေးတင်ပြတာပါ။ အစိုဓါတ် ဘယ်လောက် ရှိလဲဆိုတာအမြင်နဲ့ပဲလုပ်နေကြတယ်။ တိကျတဲ့ရောင်းဝယ်မှုလေးတစ်ခု ဖြစ်သွားအောင် ၁၀မှတ် ၊ ၁၅ မှတ်ဆိုပြီးသတ်မှတ်ပြီးဝယ်နိုင်အောင်လို့ပါ”

ဆန်စပါးစံချိန်စံညွှန်းဆွေးနွေးပြင်ဆင်ဖြည့်စွက်မှုပြီးစီးပါက စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန်ကြီးဌာန ၊ပညာရေးဝန်ကြီးဌာန အတည်ပြုချက်များကိုဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း အဆိုပါအသင်းမှသိရပါတယ်။
ပြည်ပနိုင်ငံများနဲ့ ဆန်စပါးအရောင်းအဝယ်ကဏ္ဍကို တိတိကျကျဆောင်ရွက် နိုင်ရန်မြန်မာ့ဆန်စပါး စံချိန်စံညွှန်းကို စီစဉ်လုပ်ဆောင်နေတာဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းမှသိရ ပါတယ်။

တိုးတိုးခိုင်(ABM)

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။