လုပ်ငန်းခွင် စတင်တော့မည့် ရော်ဘာလုပ်ငန်းအခြေအနေနှင့် စျေးကွက်
မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့အနီး ကျေးရွာအုပ်စုများတွင် တစ်နိုင်တစ်ပိုင် ရော်ဘာခြံလုပ်ငန်း လုပ်ကိုင်ကြ သူများသည် ရော်ဘာအစေးခြစ်လုပ်ငန်းကို ရာသီဥတုကောင်းမွန်သည်နှင့် ရော်ဘာအစေးခြစ်ယူရန်အတွက် ကြိုတင် ပြင်ဆင်နေကြသည့်အပြင် တစ်ချို့မှာ မိုးတစ်ပြိုက်လေတစ်ပြိုက်နှင့် ရော်ဘာစေး စတင်ခြစ်နေပြီ ဖြစ်ကြောင်း သိရသည်။
ပုံမှန်အစေးခြစ်ယူသည့် ကာလသည် တော်သလင်းလပြည့်ကျော်သည်နှင့် အစေးခြစ်ယူကြသည့်အတွက် ပထမဦးဆုံး၊ ခြံထွင်ခြင်း၊ လိုအပ်သောအစေးခံခွက်၊ ကော်ဇွန်း၊ အစေးခြစ်ဓား၊ ရေပုံး၊ ဝါးနှီး၊ ပလတ်စတစ်ကြိုး၊ စသည့်အခြားလိုအပ်သော အသုံးအဆောင်များအပြင် အဓိကမှာ အစေးခြစ်အလုပ်သမားများရရှိရန် လိုအပ်နေကြောင်းနှင့် ရော်ဘာစေးများ ခြစ်ယူနေကြပြီဖြစ်ကြောင်း သိရသည်။
“အဓိက အလုပ်သမားပါ။ အလုပ်သမားတောင်းတဲ့လစာကို ညှိနှိုင်းနိုင်ပေမယ့် ကျွမ်းကျင်မှုနဲ့ အလုပ်မြဲမှုပဲ လိုတာပါ။ မကျွမ်းကျင်ရင် အပင်ပျက်စီးပြီး အလုပ်မမြဲရင်လည်း အလုပ်သမားထပ်ရှာဖို့ အလွယ်ဘူးလေ။ အရင်တုန်းက အလုပ်သမား အလုပ်က အစ၊ အဆုံးဆိုပေမယ့် အခု အလုပ်သမားအလုပ်က ကော်ရေခြစ်ပြီး ခြံထဲမှာပဲ ကော်ရေထားခဲ့ပြီးပြီ။ ကျန်တဲ့ကော်ရေ(ရော်ဘာအစေးရည်)ကို ဆိုင်ကယ်နဲ့ ခြံထဲကသွားယူ။ ကော်ရေခဲ၊ ကြိတ်၊ လှန်၊ မှိုင်းတင်တဲ့အလုပ်ကို ခြံရှင်ကိုယ်တိုင်လုပ်။ မလုပ်နိုင်ရင် လုပ်ပေးမယ့်သူကို ထပ်ငှားပေါ့။ ကုန်ကျစာရိတ် ပိုများလာတာပေါ့။" ဟု ရော်ဘာခြံတစ်နိုင်တစ်ပိုင်လုပ်ကိုင်သူ ဒညင်းကုန်းကျေးရွာမှ ခြံရှင်တစ်ဦးက ပြောသည်။
“ရော်ဘာစျေးက ဘယ်လိုနေမှန်းမသိဘူး။ ထက်ဝက်စား သီးစားပြန်ပေးရင်လည်း တွတ်ခြေမကိုက်၊ အပင်နာတာပဲ အဖတ်တင်တယ်။ အပင်ကောက်စနစ်နဲ့ ငှားပြန်ရင်လည်း အပင်စေ့ခြစ်မှန်း။ မခြေစ်မှန်းမသိရ။ လခစားနဲ့ လုပ်တာတောင် တစ်နှစ်စာ အထွက်နူန်းတန်ဖိုးကို တွက်ကြည့်တော့ အလုပ်သမားက ငွေနှစ်ဆ၊ ကိုယ်က တစ်ဆပဲ ရတော့ နာမည်ကြီး၊ ထမင်းငတ်ပါပဲ။ လခစားပဲ ပေးခြစ်မယ်။ အလုပ်သမားရှာမရရင်လည်း ဒီအတိုင်းပဲထားတော့မယ်။ ရော်ဘာစျေးနူန်းက အရင်ကလို မတည်ငြိမ်တော့ အလုပ်သမားခတွေကိုလည်း ဘယ်လောက်ဆိုတာ ပေးဖို့ခက်နေတယ်"ဟု ဝင်းပ ကျေးရွာမှ ခြံရှင်တစ်ဦးက ပြောသည်။
“မနှစ်က သိမ်းထားတဲ့ ရော်ဘာစျေးက အခုအချိန်မှာ မှိုင်းကျ တစ်ပေါင်ကို ငွေကျပ်ရှစ်ရာ ပေါက်စျေးရှိပါတယ်။ အခုရာသီအတွက် စျေးမဖွင့်ရသေးပါဘူး။" ဟု သိမ်ဆိပ်ရပ်ကွက်မှ ရော်ဘာအရောင်းဝယ်သူတစ်ဦးထံမှ သိရသည်။
တော်သလင်းလပြည့်ကျော်လျှင် ရော်ဘာခြစ်ရာသီချိန်ရောက်ပြီဖြစ်သောကြောင့် ရော်ဘာစိုက်ပျိုးသူ ခြံရှင်များသည် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ကြသူများရှိကာ စတင်လုပ်ကိုင်နေကြသူတစ်ချို့ ရှိနေပြီး ရော်ဘာအစေးခြစ် အလုပ်သမားများကို ရှာဖွေနေကြဆဲနှင့် လုပ်အားခမည်မျှပေး၍ အလုပ်သမားခမည်သို့ ပေးရမည်ကို အတိအကျ မသိရသေးကြောင်း သိရသည်။
မွန်ပြည်နယ်အတွင်း ရော်ဘာစိုက်ဧက တစ်သိန်းခွဲကျော်ရှိပြီး ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုကို အဓိက အားထားနေရသော ပြည်နယ်ဖြစ်ကြောင်း သိရသည်။
မြန်မာ့အလင်း(၂၀.၉.၂၀၁၈)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026