စိတ်ရှည်စောင့်ဆိုင်းနိုင်ပါက နံ့သာဖြူသည် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သင့်သည့် အပင်တစ်မျိုးဖြစ်
အချိန်ကာလ (၁၀) နှစ်နှင့်အထက် စိတ်ရှည်စောင့်ဆိုင်းနိုင်ပါက နံ့သာဖြူသည် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သင့်သည့် အပင်တစ်မျိုးဖြစ်ကြောင်း နှစ်ရှည်ပင်စိုက်ပျိုးသူများထံမှ သိရသည်။
အချိန်ဆယ်နှစ်နဲ့အထက်လည်း စောင့်နိုင်တယ်။ စိုက်ပျိုးရေးမှာလည်း ရင်းနှီးမြှုပ်နှံလိုတယ်ဆိုရင်တော့ နံ့သာဖြူပင်က ထည့်သွင်းစိုက်ပျိုးသင့်တဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။ နံသာဖြူပင်က အချိန်ဆယ်နှစ်နဲ့အထက်မှာ စတင်ထုတ်ရောင်းနိုင်ပါတယ်။ အပင်သက်တမ်း အနှစ်နှစ်ဆယ်လောက်ရှိလာပြီဆိုရင်တော့ အတော်ကိုအဖိုးတန်ပြီး တစ်ပင်တန်ဖိုး ဆယ်သိန်းအထက်ဖြစ်သွားပါပြီ။ အနှစ်ထည့်ကောင်းတဲ့အပင်ဆို ငွေ သိန်းနှစ်ဆယ်အထက်အထိ တန်ဖိုးရှိမှာဖြစ်ပါတယ်။ ဟု မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်ရှိ၊ နှစ်ရှည်ပင်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ကိုကျော်မျိုးထွန်းက ပြောသည်။
စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံ၍ စီးပွားရှာဖွေသူများအနေဖြင့် အပင်တစ်မျိုးမျိုးကို စတင်စိုက်ပျိုးပါက အချိန်ကာလ မည်မျှကြာမြင့်မည်၊ မည်သို့ အကျိုးအမြတ်ရရှိမည်၊ ငွေကြေးပမာဏအတိုင်းအတာ ဘယ်လောက်ရင်းနှီးမြှုပ်နှံရမည် စသည်တို့ကို စနစ်တကျကြိုတင်တွက်ဆ၍ ရင်းနှီးမြှုပ်မှသာ ရေရှည်ခိုင်မာသည့် လုပ်ငန်းမျိုးကို ရရှိနိုင်မည် ဖြစ်သည်။
စိုက်ပျိုးရေးလုပ်တဲ့အခါ မြတ်ဖို့ ဘယ်လောက်သေချာတယ်၊ ရင်းနှီးမြှုပ်နှံဖို့ လွယ်ကူတယ် ခက်ခဲတယ် စတဲ့ အချက်တွေအပေါ်မူတည်ပြီး ရင်းနှီးမြှုပ်နှံသင့် မသင့် ဆုံးဖြတ်ကြပါတယ်။ နံသာဖြူစိုက်ပျိုးတဲ့အခါ တခြားနှစ်ရှည်ပင်များလို စိုက်ပြီးချိန်ကစ တစ်လျှောက်လုံး ပြုစုစရာမလိုဘဲ တစ်နှစ်ကျော် နှစ်နှစ်လောက်ပြုစုပြီး လူတစ်ရပ်ကျော်တာနဲ့ ပြုစုစရာမလိုတော့ပါဘူး။
ဟု ၎င်းက ဆက်လက်ပြောသည်။
နံ့သာဖြူပင်၏အသားကို အမွှေးနံ့သာအဖြစ် သွေးလိမ်းခြင်း၊ အဆီထုတ်ခြင်းတို့ကို ပြုလုပ်လေ့ရှိပြီး ပန်းပုရုပ်အမျိုးမျိုး၊ ပုတီးနှင့် အခြားအသုံးအဆောင်များအဖြစ်လည်း ပြုလုပ်ဖန်တီး သုံးစွဲနေကြသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
u aung kyaw oo
လွန်ခဲ့သော ၂ နှစ် ကရွာငံမြို့ကြီးဆည်အနီးမှာစိုက်ရင် ဖြစ်နိုင်မလားသိချင်ပါတယ်
မြင့်နိုင်
လွန်ခဲ့သော ၅ နှစ် ကဧရာဝတီတိုင်းဒေသကြီး ဝါးခယ်မမြို့ နယ်တွင်စိုက်ပျိုးလို့ ဖြစ်ထွန်းနှိုင်ပါသလား
ဦးအောင်ဆန်းလင်း
လွန်ခဲ့သော ၅ နှစ် ကစစ်ကိုင်းခရိုင်အတွင်းမှာ စိုက်ပျိုးဖြစ်ထွန်းနိုင်ပါလား
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022