အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တရုတ်နိုင်ငံကို မြန်မာ့ဆန်စက်ကုမ္ပဏီပေါင်း (၄၀)ကျော် စာရင်းပေးပို့သွားမည်

တရုတ်နိုင်ငံကို မြန်မာ့ဆန်စက်ကုမ္ပဏီပေါင်း (၄၀)ကျော် စာရင်းပေးပို့သွားမည်

Green Way
Green Way • Greenovator • 02/07/2019

တရုတ်နိုင်ငံကို စစ်ဆေးပြီးသား မြန်မာ့ဆန်စက် ကုမ္ပဏီပေါင်း (၄၀)ကျော်စာရင်း ပေးပို့သွားမှာ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ဒေသခံတောင်သူလယ်သများ တွေ့ဆုံဆွေးနွေးပွဲမှာပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံက ဆန်စက်ပေါင်း(၁၀၀)ကျော်ထဲမှ ပိုးမွှားအန္တရာယ်ကင်းရှင်းတဲ့ ဆန်စက်ပေါင်း (၄၀) ကျော်ရဲ့စာရင်းကို ရွေးထုတ်နိုင်ခဲ့ပြီး ပေးပို့သွားမှာဖြစ်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောခဲ့ပါတယ်။

“ဆန်စက်ပေါင်း ၁၀၀ ကျော်ကို စစ်ဆေးမှုတွေပြုလုပ်ပြီးတဲ့အခါကျတော့ ကုမ္ပဏီပေါင်း ၄၀ ကျော်ကို ကျွန်တော်တို့ရွေးထုတ်နိုင်ခဲ့ပါတယ်။ ဒီကုမ္ပဏီရဲ့စာရင်းတွေကိုကျွန်တော်တို့အနေနဲ့  တရုတ်နိုင်ငံဘက်ကိုပေးပို့ဖို့ရှိပါတယ်။ အဲလိုစစ်ဆေးပြီးသားဆန်စက်များရဲ့စာရင်း အဲ့ဒါရောက်သွားတာနဲ့ အမျှ တရုတ်နိုင်ငံဘက်ကိုတင်ပို့မှုတွေ ပြန်လည်စတင်တော့မှာဖြစ်ပါတယ်”

မကြာသေးခင်အချိန်က တရုတ်ဘက်မှ ပိုးမွှားအန္တရာယ်ကာကွယ်မှုစနစ်ကို ပိုမို၍တင်းတင်းကျပ်ကျပ် ဆောင်ရွက်လိုက်တာကြောင့် နယ်စပ်လမ်းကြောင်းများမှာ ဆန်၊ ပြောင်းစတဲ့ကုန်ပစ္စည်းများ မထွက်နိုင်ခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ယခင်က တရုတ်ဘက်ကို တင်ပို့ခွင့်ရတဲ့ မြန်မာ့ဆန်စက်ကုမ္ပဏီ (၁၁) ခုဝန်းကျင်သာရှိခဲ့ကြောင်း သိရပါတယ်။

နယ်စပ်ကုန်သွယ်မှုစနစ်၊ ကုန်ပစ္စည်းချင်းဖလှယ်စနစ်နဲ့ နှစ်နိုင်ငံကုန်သွယ်မှုစနစ်တို့ဖြင့် တင်ပို့နေတာဖြစ်ကြောင်းလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားခဲ့ပါတယ်။ 

တိုးတိုးခိုင်(ABM)

 

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။