ဈေးကွက်ဝယ်လက် မပြတ်လပ်သည့် ဒူးရင်းပင်ကို တိုးချဲ့စိုက်ပျိုးသင့်
ဈေးကွက်ဝယ်လက် မပြတ်လပ်သည့် ဒူးရင်းပင်ကို တိုးချဲ့စိုက်ပျိုးသင့်ကြောင်း နှစ်ရှည်သီးနှံစိုက်ပျိုးထုတ်လုပ်သူများက ဆိုသည်။
ဒူးရင်းသီးစိုက်ပျိုးရေးမှာ ဈေးကွက်က ဝယ်လက်အမြဲတမ်းရှိပါတယ်။ ပုံမှန်ဆိုရင်တော့ ဒူးရင်းသီးက စပေါ်ကာစမှာ တစ်ကီလိုကို (၅၅၀၀)ကျပ်နဲ့ ရောင်းရတယ်ဆိုရင် နောက်ပိုင်းမှာ တစ်ကီလိုကို (၄၅၀၀)ကျပ်လောက်ရတယ်။ ရာသီချိန်အလိုက် ဈေးအတက်အကျရှိတတ်ပေမယ့် ဈေးသိပ်တော့မကွာပါဘူး။ (၁၀၀၀)ကျပ်လောက်ပဲ ကွာတယ်။ အဲ့ဒီအောက်တော့ ဈေးမကျတတ်ပါဘူး။ ဧပြီလလောက် အသီးပေါ်ရင်တော့ ဈေးပိုရတတ်ပါတယ်။
ဟု မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သံဖြူဇရပ်မြို့မှ နှစ်ရှည်သီးနှံစိုက်ပျိုးသူ မသဲစုလတ်က ပြောသည်။
ဒူးရင်းပင်ကို အများအားဖြင့် ဇွန်၊ ဇူလိုင်လများတွင် စတင်စိုက်ပျိုးလေ့ရှိပြီး သြဂုတ်လ မိုးများချိန်တွင်မူ မစိုက်ပျိုးသင့်ကြောင်း သိရသည်။
ဒူးရင်းပင်က ရေရမယ်ဆိုရင် ဘယ်အချိန်မဆို စိုက်ပျိုးလို့ရပါတယ်။ ရေမရဘူးဆိုရင်တော့ ဇွန်၊ ဇူလိုင်လ မိုးဦးရာသီမှာ စိုက်တာက ပိုကောင်းတာပေါ့။ မိုးလယ်ပိုင်း မိုးတအားများချိန်တော့ မစိုက်သင့်ဘူး။ အမြစ်ပုပ်တာမျိုး ဖြစ်တတ်တယ်။ အောက်တိုဘာလလို မိုးနှောင်းကျရင်တော့ ပြန်စိုက်လို့ရပါပြီ။ ထွက်လာတဲ့ ဒူးရင်းသီးတွေမှာ အသီးအရသာကောင်းဖို့ကတော့ အပင်အတွက်လိုအပ်တဲ့ အနည်းလိုအာဟာရတွေကို အချိန်အခါအလိုက် ကျွေးမွေးပေးတတ်ဖို့ လိုပါတယ်။
ဟု မသဲစုလတ်က ပြောသည်။
ဒူးရင်းပင်သည် အပင်ထိန်းသိမ်းစောင့်ရှောက်နိုင်ပါ အနှစ် (၂၀) မှ အနှစ် (၄၀) ဝန်းကျင်အထိ တာရှည်စိုက်ပျိုးထုတ်လုပ်နိုင်သည့် နှစ်ရှည်ပင်အမျိုးအစားတစ်ခုဖြစ်သည်။
kohtay
လွန်ခဲ့သော ၄ နှစ် ကဘယ်နှစ်ပေခြား စိုက်သင့်သလဲ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022