အပိုဝင်ငွေရရှိစေရန် ကြားသီးနှံအဖြစ် ကီလိုမာလကာသီးပင်များကို တွဲဖက်စိုက်ပျိုးသင့်
နှစ်ရှည်ပင်များ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သူများအနေဖြင့် အပိုဝင်ငွေရရှိစေရန် ကြားသီးနှံအဖြစ် ကီလိုမာလကာသီးပင်များကို တွဲဖက်စိုက်ပျိုးသင့်ကြောင်း သစ်သီးဝလံဈေးကွက်အတွင်းမှ သိရသည်။
ရော်ဘာပင်စိုက်တဲ့အခါ မာလကာသီးပင်နဲ့ ကြားညှပ်စိုက်လိုက်တယ်။ ကျွဲကောပင် စိုက်တဲ့အခါလည်း ကြားညှပ်စိုက်လိုက်တယ်။ ကျွဲကောပင်က ခြောက််နှစ်လောက်မှ အသီးစားရတယ်ဆိုရင် ကြားထဲက မာလကာပင်က စောစားနေရပြီလေ။ နှစ်ရှည်ပင်မှန်သမျှနဲ့ ကြားညှပ်စိုက်သင့်ပါတယ်။ ခုနှစ်နှစ်၊ ရှစ်နှစ်လောက်မှ အသီးတင်တဲ့ အပင်မျိုးဆို မာလကာပင်ကျတော့ ဒီနှစ်စိုက်ရင် နောက်နှစ်ပေါ်တာကြောင့် ကြားညှပ်သီးနှံအဖြစ် စိုက်လို့အဆင်ပြေတာပေါ့နော်။ အလုပ်သမားစရိတ်ကျေပြီး ငွေလည်ပတ်တာပေါ့။ နှစ်ရှည်ပင်က ဝင်ငွေမရခင် မာလကာသီးက ဝင်ငွေရနေအောင်ပေါ့။
ဟု ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူတောင်ပေါ်ဒေသမှ နှစ်ရှည်ပင်နှင့်ကီလိုမာလကာသီးပင် ကြားညှပ်စိုက်ပျိုးသူ ဦးစည်သူက ပြောသည်။
ကီလိုမာလကာသီးပင်များသည် စိုက်ပျိုးပြီး ခြောက်လတွင် စတင်အသီးသီးပြီး အချိန်ကာလ (၁)နှစ်ခွဲ ဝန်းကျင်တွင် စီးပွားဖြစ်ခူးဆွတ်ရောင်းချနိုင်ပြီ ဖြစ်သဖြင့် ကြားသီးနှံအဖြစ်စိုက်ပျိုးထားပါက အရံဝင်ငွေရရှိစေနိုင်ခြင်း ဖြစ်သည်။
ရော်ဘာပင်က ပင်ကြား (၁၀) ပေ၊ တန်းကြား ပေ (၂၀) စိုက်တယ်လေ။ ဒီတော့ တန်းကြား ပေ (၂၀)မှာ ကြားညှပ်ပြီး မာလကာသီးပင်ကို ထည့်စိုက်လို့ရတယ်။ ကျွဲကောပင်ဆိုရင်လည်း ပေ (၂၀) ပတ်လည် စိုက်တော့၊ ကျွန်တော်တို့က အဲ့ဒိ ပေ (၂၀) ပတ်လည်ကြားထဲမှာ မာလကာသီးပင်ကို ထည့်စိုက်လိုက်တယ်။ မာလကာသီးပင်က ပြုစုစောင့်ရှောက်ရတာလည်း မခက်ခဲဘူး။ မိုးဦးကျကာလမှာ ဥပိုးနဲ့ မှိုနည်းနည်းပါးပါးကျတတ်တာပဲရှိတယ်။ ဒါတောင်မှ ဆေးတောင် ကျွန်တော်တို့ တစ်ခါမှမဖြန်းရဖူးသေးဘူး။ သူ့ဟာနဲ့သူ ကီလိုမာလကာသီးပင်က အကြမ်းခံ ရှင်သန်နေတာပါပဲ။
ဟု ၎င်းက ဆက်လက်ပြောသည်။
ကီလိုမာလကာသီးပင်များ စီးပွားဖြစ်စိုက်ပျိုးရာတွင် ပင်ကြားတန်းကြား (၁၀)ပေx(၁၂)ပေ အနေအထားဖြင့် ထားရှိစိုက်ပျိုးပါက တစ်ဧကလျှင် အပင်ရေ (၃၆၃)ပင် အထိ ဝင်ဆန့်နိုင်ကြောင်း သိရသည်။
MYO MYINT NAING
လွန်ခဲ့သော ၄ နှစ် ကရော်ဘာပင်ကြားစိုက်ရင် နေရောင်မရလည်းရလား
nyinyikyaw
လွန်ခဲ့သော ၅ နှစ် ကအမိျးအစားဘာလဲဗျ
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022