အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
၆၉၂ ငရုတ်သီးမျိုး တစ်ပိဿာလျှင် (၉၀၀)ကျပ် ဝန်းကျင်ဖြင့် ဈေးနှုန်းတည်ငြိမ်

၆၉၂ ငရုတ်သီးမျိုး တစ်ပိဿာလျှင် (၉၀၀)ကျပ် ဝန်းကျင်ဖြင့် ဈေးနှုန်းတည်ငြိမ်

    ငရုတ်သီးဈေးကောင်းရရှိစေရန်မှာ တောင်သူများအနေဖြင့် ဈေးကွက်ဝယ်လိုအား များပြားလေ့ရှိသည့်ကာလကို စနစ်တကျ တွက်ချက်စိုက်ပျိုးတတ်ရန်လိုအပ်ကြောင်း ငရုတ်သီး စီးပွားဖြစ်စိုက်ပျိုးသူများက ပြောသည်။

အခုရက်ဆို ကျွန်တော်တို့ဘက်က ဈေးကွက်က နည်းနည်းအေးသွားပြန်ပြီ။ သြဂုတ်လလောက်ကပေါ်တဲ့ ငရုတ်သီးတွေက အသီးပါးသွားပြီမို့လို့ပါ။ တောင်သူတစ်ဦးနဲ့တစ်ဦး စိုက်ပျိုးတဲ့အချိန် မတူကြဘူးလေ။ တချို့ကလည်း ကြက်သွန်နဲ့ငရုတ်ကို တွဲစိုက်ကြတော့ ငရုတ်သီးချည်းပဲ စိုက်တဲ့သူနဲ့ စိုက်ချိန်မတူကြဘူး။ အများအားဖြင့်တော့ ဇန်နဝါရီလကနေပြီး အဲ့ဒီနောက်ပိုင်း စိုက်တဲ့ငရုတ်သီးတွေက ဈေးကောင်းရတာများပါတယ်။ အဲ့ဒီအချိန်က နွေ-မိုး အကူးကာလလေ။ အဲ့ဒီကာလဆို ကျွန်တော်တို့ဒေသမှာ ငရုတ်သီးရှားတတ်လို့ပါ။

ဟု မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ မန်ကျည်းပင်ပုကျေးရွာမှ ငရုတ်သီးနှင့်ကြက်သွန် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်နေသူ ကိုကျော်မျိုးလင်းက ပြောသည်။

    မန္တလေးတိုင်းဒေသကြီး အနီးတစ်ဝိုက်ဒေသများတွင် ဈေးကွက်ဝယ်လိုအားများသည့် ၆၉၂ ငရုတ်မျိုးကို တွင်ကျယ်စွာ စိုက်ပျိုးနေကြပြီး၊ လက်ရှိဈေးကွက်အတွင်း ၆၉၂ ငရုတ်သီးမျိုး တစ်ပိဿာလျှင် (၉၀၀)ကျပ် ဝန်းကျင်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရသည်။

ကျွန်တော်တို့ဘက်ကနေ စိုက်သမျှကို နွားထိုးကြီးမြို့နယ်ဘက်ကိုလည်း တင်ပို့မှုများတယ်။ ၆၉၂ ငရုတ်မျိုးဆိုရင် ဈေးကောင်းတဲ့အချိန်ဆို တစ်ပိဿာကို ၁၅၀၀ ကျပ် ဝန်းကျင်လောက်ရတယ်။ အခုနောက်ပိုင်း ပွဲစားတွေကတော့ သီးနှံရဲ့အရည်အသွေးကိုမူတည်ပြီး ဈေးဖြတ်လာတာဆိုပေမယ့် တောင်သူတွေဘက်ကလည်း ကိုယ်ဈေးကောင်းရနိုင်လောက်မယ့်အချိန်ကို သေချာမှန်းဆ စိုက်ပျိုးတတ်မှသာ အဆင်ပြေတာပါ။

ဟု ကိုကျော်မျိုးလင်းက ဆက်လက်ပြောသည်။

    ငရုတ်သီးကို ဇန်နဝါရီလတွင် စတင်စိုက်ပျိုးပါက ဧပြီလဝန်းကျင်တွင် အသီးခူးဆွတ် ဈေးကွက်တင်ပို့နိုင်ပြီး၊ ပထမဆုံး စတင်ထွက်လာသည့် ဂွသီး (ငရုတ်ပင်ဂွကြားတွင် စသီးသည့် ငရုတ်သီး)ကိုမူ စိုက်ပျိုးပြီး (၂)လခွဲ ဝန်းကျင်တွင် စတင်ခူးဆွတ်နိုင်ကြောင်း သိရသည်။

1
အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၃ နှစ် က

၆၉၂မျိုးစေ့ကဘယ်မှာဝယ်ရမလဲခင်ဗျကျွန်တော်တို့ဒီဘက်မှာမရှိလို့ခင်ဗျ

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။