အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ငါးပိနှင့်လက်ဖက်အပါအဝင် စားသုံးရန်မသင့်သည့် အစားအစား ၁၇ မျိုးကြေညာ

ငါးပိနှင့်လက်ဖက်အပါအဝင် စားသုံးရန်မသင့်သည့် အစားအစား ၁၇ မျိုးကြေညာ

Green Way
Green Way • Greenovator • 26/07/2017
ငါးပိ၊ လက်ဖက်နဲ့ အရောင်တင်မှုန့်အပါအဝင် ခွင့်မပြုဆိုးဆေးအသုံးပြုထားတဲ့ အစားအစား ၇မျိုးကို အများပြည်သူ စားသုံးဖို့မသင့်တဲ့အကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။
 
ကြေညာထားတဲ့ အစားအသောက်အမျိုးအစားတွေထဲမှာ ငါးမင်းအမှတ်တံဆိပ်ငါးပိ၊ ရွှေပြည်စိုးငါးပိ၊ မချို ငါးပိ(အချို)၊  ပွင့်သစ် လက်ဖက် အခါးနှပ်၊ ဒေါ်မြတ်တင် လက်ဖက်အညွန့်၊ ဒေါ်မြတ်တင် လက်ဖက်ချဉ်စပ်နှပ်တို့ပါဝင်ပါတယ်။
 
ဒါ့အပြင် ရှမ်းမလေး ထိုင်ဝမ်ဇီးယို၊ ရှမ်းမလေး ချစ်သူသီး(အစိမ်းရောင်)၊ သီဟဇော် ခရမ်းချဉ်သီးယို၊ သဲသဲ ဂျယ်လီ၊ Melody ဂျယ်လီရောင်စုံ၊ F4 ဖလိပ်ပြားလိမ္မော်ရောင်၊ ရွှေညွန့်ဖူး ကြက်သွန်ခြောက် လိမ္မော်ရောင်၊ ထူးလျှံပဲကြီးလှော်၊ ရွှေသရဖီ ပဲကြီးလှော်၊ ဒါးနှစ်လက် အရောင်တင်မှုန့်နဲ့ ရွှေအိုးအရောင်တင်မှုန့်တို့ လည်း ပါဝင်ပါတယ်။
 
အစားသောက်ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူတွေအနေနဲ့  သုံးစွဲဖို့ ခွင့်မပြုထားတဲ့ ဆိုးဆေးတွေကို အစားအသောက်တွေမှာ လုံးဝအသုံးမပြုဖို့နဲ့ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဥပဒေအရေးယူမယ်လို့ လည်း သတိပေးထားပါတယ်။
 
သတင်းအရင်းအမြစ် - DVB
You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။