အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
တဆင့်ပြန်လည်ရောင်းချသူများ အမြဲမပြတ်ရှိသဖြင့် သနပ်ခါးဈေးကွက် ပုံမှန်လည်ပတ်နေ

တဆင့်ပြန်လည်ရောင်းချသူများ အမြဲမပြတ်ရှိသဖြင့် သနပ်ခါးဈေးကွက် ပုံမှန်လည်ပတ်နေ

    ရန်ကုန်မြို့နှင့် ရွှေဘိုမြို့တို့မှ တဆင့်ပြန်လည်ရောင်းချသူများ အမြဲမပြတ်ရှိနေသဖြင့် သနပ်ခါးဈေးကွက် ပုံမှန်လည်ပတ်နေကြောင်း အရာတော်ဒေသမှ သနပ်ခါးစိုက်ပျိုးသူများထံမှ သိရသည်။

၂၀၀၈ ခုနှစ်လောက်ကစပြီး သနပ်ခါးပင်တွေ စစိုက်ပျိုးခဲ့တာပါ။ သနပ်ခါးပင်ကို မိသားစုလိုက် (၁၀) ဧကလောက် စိုက်ပျိုးထားပါတယ်။ ဈေးကွက်ကတော့ အရာတော်၊ ရွှေဘို၊ မန္တလေး၊ ရန်ကုန်မြို့တွေကို တင်ပို့ရောင်းချပါတယ်။ ဈေးကွက်အခက်အခဲ သိပ်မရှိရတဲ့အကြောင်းကတော့ ရွာမှာလည်း သနပ်ခါးပွဲစားတွေ အများကြီးရှိပါတယ်။ ရွှေဘိုနဲ့ ရန်ကုန်မှာနေပြီး ရွာကသနပ်ခါးကို ဝယ်ယူကာ ပြန်လည်ရောင်းချနေတဲ့ ကျွန်တော်တို့ ငြိမ်းစံကျေးရွာဇာတိဖွားတွေလည်း ရှိနေတော့ ရောင်းချရတာ အဆင်ပြေပါတယ်။

ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ ငြိမ်းစံကျေးရွာမှ သနပ်ခါးစိုက်တောင်သူ ကိုနိုင်မိုးက ပြောသည်။ 

    ရောင်းတန်းဝင် သနပ်ခါးပင်တစ်ပင်လျှင် ကျပ် (၅,၀၀၀) မှ ကျပ် (၂၀,၀၀၀) အတွင်း ဈေးနှုန်းရရှိနေကြောင်း သိရသည်။

စိုက်ပျိုးရာမှာ အဓိက ဂရုစိုက်သင့်တာကတော့ အပွေးလှပြီးရနံ့မွှေးတဲ့ သနပ်ခါးမျိုးကို ရွေးချယ်စိုက်ပျိုးတတ်ဖို့နဲ့ မျိုးကောင်းမျိုးသန့်ရရှိဖို့က အရေးကြီးပါတယ်။ ကျွန်တော်တို့ကတော့ သနပ်ခါးမြို့တော် "အရာတော်"ဆိုတာနဲ့အညီ အရာတော်နယ်ကထွက်တဲ့မျိုးကိုပဲ ရွေးချယ်စိုက်ပျိုးပါတယ်။ တစ်ခုရှိတာကတော့ သနပ်ခါးပင်ဟာ တစ်ကြိမ်ခုတ်ယူပြီးရင် နောက်တစ်ကြိမ်ခုတ်ယူဖို့က (၃) နှစ် (၄) နှစ် ကြာပါတယ်။ ဈေးကွက်ပိုင်းကတော့ လွယ်ကူအဆင်ပြေပါတယ်။

ဟု ၎င်းက ဆက်လက်ပြောသည်။

    သနပ်ခါးပင် စိုက်ပျိုးရန်အတွက် သနပ်ခါးသီးကို ဇွန်၊ ဇူလိုင်လများတွင် ဆွတ်ယူပြီး စက်တင်ဘာလတွင် စိုက်ပျိုးလေ့ရှိကြသည်။ စိုက်ပျိုးပြီး (၅) နှစ်မှ (၁၀) နှစ်အတွင်း၌ ခုတ်ယူရောင်းချနိုင်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။