ကျွဲကောစျေးကွက် စနစ်(၂)မျိုးဖြင့် အရောင်းအဝယ်ပြုလုပ်နေ
မွန်ပြည်နယ် ကျိုက်ထိုမြို့တဝိုက်တွင် ကျွဲကောသီးအလုံး အရွယ်အစားအပေါ် မူတည်၍ အလုံးလိုက်ရောင်းချသည့် စျေးကွက်နှင့် အပင်ပြတ် ခြံပြတ် ထွက်ရှိသမျှကို စာချုပ်စနစ်ဖြင့်ရောင်းချသည့် စနစ် ၂မျိုးဖြင့် အရောင်းအဝယ် ပြုလုပ်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
တစ်လုံးချင်းကျတော့ အသေးအကြီး မညီတော့ စျေးမရဘူးပေါ့။ အပင်ပြတ်နဲ့ရောင်းလိုက်တော့ အသေးအကြီး အကုန်ပါသွားတာမို့ အဆင်ပြေတယ်။ တရုတ်နိုင်ငံဘက်က ဝယ်လိုအားများချိန်မှာဆိုရင် ကျွဲကောသီးစျေးကွက်က ပိုကောင်းပါတယ်
ဟု ကျိုက်ထိုမြို့မှ ကျွဲကောစိုက်တောင်သူ မနန္ဒာ က ပြောသည်။
ကျွဲကောအမျိုးအစားများအနက် ပန်းရောင် အနုအရင့် အုပ်စုများဖြစ်သည့် ပန်း(၁) ပန်း(၂) ပန်း(၃) ခွန်ဒေါင်နီမျိုး ပတ္တမြားမျိုး ဟူ၍ ပန်းရောင်အုပ်စု၊ သကြားသီး သကြားခွံပါး ကျောက်စိမ်း ဟူ၍ အတွင်းသားအဖြူရောင်အုပ်စုများ ရှိပြီး ပန်းရောင်အုပ်စုများက အရောင်းပိုသွက်ကြောင်း သိရသည်။
အရောင်းအဝယ်သွက်တဲ့အုပ်စုက ပန်းအုပ်စုဖြစ်တယ်။ သူက အထားခံတာကြောင့် ရောင်းသူတွေအတွက် တွက်ချေကိုက်တယ်။ အဖြူအုပ်စုကို သိပ်မနှစ်သက်တာက အထားမခံလို့ပါ။ အရသာကတော့ အဖြူက ပိုကောင်းတယ်။
ဟု ကျိုက်ထိုမြို့၊ သစ်ဆိမ့်ပင်ကျေးရွာမှ ကျွဲကောပင် စီးပွားဖြစ်စိုက်ပျိုးနေသူ ဦးအောင်သန်းက ဆိုသည်။
ဒီဇင်ဘာလမှ ဖေဖော်ဝါရီလနောက်ပိုင်းအထိ ကာလများသည် ကျွဲကောသီးစျေးကွက်အကောင်းဆုံးကာလများ ဖြစ်ကြောင်း သိရသည်။
နန်းထက်ထက်ချစ်(ABM)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 0 ခု
ကျောက်စိမ်းပဒေသာပါ ဘာဖစ်နေတာလည်းမသိဘူး နွားသေး ဖြန်းရမလား ဘယ်လောက်ထည့်ရမလည်း
နံပတ်2 • ဖြေကြားချက် 1 ခု
မြေပဲ ရက်၂၀ရှိပီ နွားသေး ဆေးဖြန်းပုံး တပုံးကို နှစ်လီတာ ထည့်ဖြန်းလို့ရပါသလား ဘယ်လောက်ထည့်ရမလည်း ဘာတေနဲ့ရောဖြန်းရင် ပိုကောင်းပါသလည်း ဆရာ
နံပတ်2 • ဖြေကြားချက် 4 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
မြေ ph level တိုင်းတာရန် တိုင်းစက်အပြင် အခြား မည်သည့်နည်းလမ်းဖြင့် တိုင်းတာလို့ရနိုင်ပါလဲ ခင်ဗျ
U Soe • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from ဒေါ်နန်းထက်ထက်ချစ်
အားလုံး
ဈေးကွက်ကောင်းစောင့်ဆိုင်းလိုသည့်ကြက်သွန်စိုက်ပျိုးသူများအနေဖြင့် သိုလှောင်ရုံကိုစနစ်တကျပြုလုပ်သင့်
25/01/2022
စက်သုံးဆီဈေးနှုန်းများမြင့်တက်နေခြင်းသည် ကြက်သွန်ဈေးကွက်အပေါ် ရိုက်ခတ်မှုရှိနေ
21/01/2022
ကွမ်းသီးအစိုအခြောက်အရောင်းအဝယ်များ အမြဲမပြတ်ရှိနေပြီး ဈေးကွက်ပွင့်လန်းနေ
19/01/2022
ကွမ်းသီးပင်ကို ရေမြေရာသီဥတုအပေါ်မူတည်၍ ခါတော်မီစိုက်ပျိုးစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လာကြ
18/01/2022
ဈေးကွက်တွင်း ငရုတ်သီးစုပြုံဝင်ရောက်ခြင်းကိုထိန်းချုပ်ရန် တစ်ချို့ဒေသများတွင် ငရုတ်သီးခူးဆွတ်မှု ရပ်ဆိုင်း
17/01/2022