အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မြန်မာပြည်အလယ်ပိုင်း ငရုတ်သီးဈေးကွက် အရောင်းအဝယ်များမတည်ငြိမ်

မြန်မာပြည်အလယ်ပိုင်း ငရုတ်သီးဈေးကွက် အရောင်းအဝယ်များမတည်ငြိမ်

    ငရုတ်သီးဈေးကွက် အရောင်းအဝယ်များ မတည်မငြိမ်ဖြစ်နေကြောင်း မြန်မာပြည်အလယ်ပိုင်းမှ ငရုတ်သီးကုန်သည်များထံမှ သိရသည်။

ငရုတ်ဈေးကွက်က ပွင့်တဲ့နေရာပွင့်၊ ပိတ်တဲ့နေရာပိတ် ရွှေဘိုဒေသကတော့ အရောင်းအဝယ်တွေ ရပ်နေရတယ်။ ဟိုလမ်းပိတ်မှာလိုလို၊ ဒီလမ်းပိတ်မှာလိုလို သတင်းတွေကအစုံပဲ။ ကုန်စိမ်း/ငရုတ်စိမ်းဆိုတာက အချိန်မီ မနွမ်းခင်ရောင်းရတာလေ။ စားသောက်ဆိုင်တွေက မဖွင့်၊ ဈေးထဲလည်း လူအလာနည်းတော့ ရောင်းအားကျတယ်။ တချို့တောင်သူတွေကိုလည်း တောင်းပန်ထားရတယ်။ ကျွန်တော်တို့ မခူးခိုင်းဘဲ မခူးကြပါနဲ့လို့။ ဒါတွေမကုန်ရင် အများကြီးရှုံးသွားနိုင်လို့ပါ။

ဟု စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ မူးသာရွာမှ ငရုတ်သီးဝယ်ရောင်းလုပ်ကိုင်သူ ဦးသန်းဆွေဦးက ပြောသည်။  

    ၂၀၂၁ ခုနှစ်၊ မေလက ငရုတ်သီးအမှည့်အစို (အနီ) တစ်ပိဿာလျှင် (၉၀၀) ကျပ်၊ (၁၀၀၀) ကျပ် ဝန်းကျင်၊ ငရုတ်သီးအခြောက် တစ်ပိဿာလျှင် (၃၀၀၀) ကျပ်မှ (၃၃၀၀) ကျပ်အတွင်း ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခဲ့ကြသည်။

    ယခုကာလအတွင်း တောင်သူများထံမှ ငရုတ်သီးဈေးနှိမ်ဝယ်ယူသည့် ကုန်သည်ပွဲစားတချို့လည်း ရှိနေပြီး၊ (777/214/004) ငရုတ်မျိုးများကို တစ်ပိဿာလျှင် (၆၀၀)ကျပ်ဈေးနှုန်းဖြင့် ဝယ်ယူမှုများပင် ရှိနေကြောင်း သိရသည်။  

ကျုပ်ကတော့ တောင်သူမျက်နှာကြည့်ပြီး တစ်ပိဿာကို ကိုးရာကျပ်နဲ့ဝယ်ပေးတယ်။ အဲ့ဒီအခါကျပြန်တော့လည်း ဈေးကမတရားကွာတော့ လာရောင်းတဲ့သူများလို့ ထိန်းဝယ်နေရပြန်တယ်။ အခုအချိန်မှာက ငရုတ်သီးလက်လီရော လက်ကားပါ ရောင်းအားတအားကျနေတယ်လေ။ ပုံမှန်ဆိုရင် အော်ဒါပို့တာက တစ်ရက်ကို ငရုတ်သီးအချိန် ၇၀၀/၈၀၀ အထိ ပို့နေရတာကနေ အခုတော့ တစ်ရက်ကို အချိန် ၂၅၀/၃၀၀ တောင်‌အတော်ရောင်းနေရတာ။ ဒါက မနက်ပိုင်းကို ဈေးတွင်းလက်လီရောင်းတဲ့ ပမာဏပါ။ တဆင့်ခံသမားတွေကတော့ ဖုန်းတောင်မဆက်တော့ပါဘူး။ သူတို့လည်း အကုန်အရောင်းအဝယ်တန့်နေတယ်လေ။

ဟု ဦးသန်းဆွေဦးက ဆက်လက်ပြောသည်။  

    မြန်မာနိုင်ငံတွင် ငရုတ်စိုက်ပျိုးရေးကို အများအားဖြင့် ဧရာဝတီတိုင်းဒေသကြီးရှိ ညောင်တုန်း၊ ဟင်္သာတနှင့် မအူပင်မြို့ အနီးတဝိုက်ဒေသများ၊ မန္တလေးတိုင်းဒေသကြီးရှိ မြစ်သားမြို့၊ ကျောက်ဆည်မြို့၊ နတ်မောက်မြို့အနီးတဝိုက်ဒေသများနှင့် မကွေးတိုင်းဒေသကြီးရှိ ဒေသတချို့တို့တွင် စိုက်ပျိုးနေကြသည်။

    မြန်မာနိုင်ငံမှ နှစ်စဉ်ထွက်ရှိသည့် ငရုတ်သီးများကို ပြည်တွင်းဈေးကွက်အပြင် တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ကိုရီးယားနိုင်ငံများသို့ တင်ပို့ရောင်းချခဲ့ကြပြီး၊ ယခုအခါ ကိုဗစ်-၁၉ ကာလဖြစ်သဖြင့် လမ်းပန်းဆက်သွယ်ရေးမကောင်းဘဲ တင်ပို့ရောင်းချမှုနှောင့်နှေးနေခြင်း ဖြစ်သည်။

You

ဆက်စပ်မေးခွန်းများ

ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ

U Yan • ဖြေကြားချက် 0 ခု

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 1 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 3 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။