အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ချင်းပြည်နယ်တောင်ပိုင်းရှိ ဝဥစီးပွားဖြစ်စိုက်ပျိုးသူများ အော်ဂဲနစ်နည်းပညာသုံးဆေးဝါးများ စမ်းသပ်အသုံးပြုလာ

ချင်းပြည်နယ်တောင်ပိုင်းရှိ ဝဥစီးပွားဖြစ်စိုက်ပျိုးသူများ အော်ဂဲနစ်နည်းပညာသုံးဆေးဝါးများ စမ်းသပ်အသုံးပြုလာ

    ချင်းပြည်နယ်တောင်ပိုင်းရှိ ဝဥစီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သူများ အော်ဂဲနစ်နည်းပညာ အသုံးပြုထုတ်လုပ်ထားသည့် အပင်အားဆေးများ စမ်းသပ်အသုံးပြုလာကြောင်း သိရသည်။

အလေ့ကျပေါက်တုန်းကတော့ အပင်တစ်ပင်နဲ့တစ်ပင် ကျဲကျဲပဲဆိုတော့ ရောဂါကျရောက်မှုလည်း မရှိဘူး။ စီးပွားဖြစ်စိုက်ပျိုးတဲ့အခါမှာတော့ အပင်တစ်ပင်နဲ့တစ်ပင်က စိပ်တော့ ရောဂါကျရောက်ဖို့ လွယ်ကူတယ်။ ဒါ့ကြောင့် ရွက်ဖြန်းမြေဩဇာတွေ အပင်အားဆေးတွေ ဒီနှစ်မှ စတင်စမ်းသပ်သုံးကြည့်တာပါ။

ဟု ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ်၊ ဝဥစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအစုအဖွဲ့၏အမှုဆောင် အဖွဲ့ဝင် ဦးကီးဟုန်းက ပြောသည်။

    ရှေးယခင်ခေတ်အဆက်ဆက်က  ချင်းပြည်နယ်၊ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်ဒေသများ၌ ဝဥပင်ကို အလေ့ကျ သဘာဝအတိုင်းပေါက်ရောက်မှုများကိုသာ အသုံးပြုခဲ့ကြသော်လည်း ယခုအခါတွင် ဈေးကွက်လိုလားမှုအရ စီးပွားဖြစ်စိုက်ပျိုးလာကြခြင်း ဖြစ်သည်။ 

အော်ဂဲနစ်ဆေးဝါးတွေထဲကမှ အပင်အစာစားချင်စိတ်တွေ ဖြစ်လာစေအောင်ရယ်၊ မကောင်းတဲ့ရောဂါတွေ မကျရောက်အောင်ရယ်၊ အပင်အတွက်အကျိုးပြုတဲ့ ဘတ်တီးရီးယားတွေကို ပွားစေအောင်ရယ်၊ အထွက်တိုးစေဖို့ရယ် အတွက်ပါ။ ဘာအပင်မဆို များများစိုက်ပြီဆိုတာနဲ့  မြေကြီးမှာလည်း မြေဩဇာတွေခမ်းခြောက်လာတယ်။ အပင်မှာလည်း ခုခံအားနည်းလာတယ်။ ရောဂါဖြစ်ပွားနှုန်း များလာနိုင်တယ်။ ဒါတွေကို ကြိုတင်တွက်ဆပြီး သုံးပေးတာပါ။

ဟု ဦးကီးဟုန်းက ဆက်လက်ပြောသည်။

    ဝဥပင်ကို မေလကုန် ဇွန်လပိုင်း မိုးဦးကျကာလတွင် စတင်စိုက်ပျိုးလေ့ရှိပြီး၊ အောက်တိုဘာလအကုန်တွင် ဥများကိုတူးဖော်ရောင်းချကြသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
အမည်မသိ

အမည်မသိ

လွန်ခဲ့သော ၆ နှစ် က

ရေရှည် စျေးကွက်ရှိနိုင်လား?

You

ဆက်စပ်မေးခွန်းများ

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ

Zaw Than Oo • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။