တစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက်သုံးသပ်ချက်
ဒီအပတ်မှာလည်း ကမ္ဘာ့ဈေးကွက်အားလုံးကို အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲဂယက်က ရိုက်ခတ်လို့နေတော့တယ်။ ဂျပန်ကုန်သွယ်ရေးအရင်းအမြစ်က ဆိုသလို " နောက်ဆုံးမှာ နှစ်ဦးနှစ်ဘက် ညှိနှိုင်းသဘောတူညီမှုတွေနဲ့ ကုန်သွယ်ရေးစစ်ပွဲ ပြီးသွားကြမှာဖြစ်ပေမယ့် နှစ်ဘက်နိုင်ငံသားတွေက အတော်ထိခိုက်ကြမှာပါ" တဲ့။
တိုကျိုရဲ့ စံရော်ဘာဟာ တနင်္လာနေ့မှာ ဈေးဆက်ရ (gain) ပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ ၂၁ လအတွင်း အနိမ့်ဆုံးဖြစ်ခဲ့ရာမှ သောကြာနေ့ကျတော့ ဈေးပြန်ရလာကာ အခု တနင်္လာနေ့မှာပါ ဆက်ရလာတာဖြစ်တယ်။ တပြိုင်တည်းမှာ ရှန်ဟိုင်းရော်ဘာဈေးနဲ့ ရေနံဈေးကလည်း မာလာတယ်။
ပြီးခဲ့တဲ့အပတ်က အမေရိကန်ရဲ့ အရန်ရေနံဟာ ၃ နှစ်ကျော်ကာလအတွင်း အနိမ့်ဆုံးကို ရောက်သွားတယ်ဆိုတဲ့ ဒေတာကိုသိပြီးနောက် ကုန်သည်တွေက ကြပ်နေတဲ့ ဈေးကွက်အခြေအနေကို အာရုံစိုက်လာတော့ ရေနံဈေးက မြင့်တက်လာတယ်။
ပြီးခဲ့တဲ့ အပတ်အကုန်မှာ အမေရိကန်က တရုတ်ကုန်စည်တွေအပေါ် အကောက်ခွန် တိုးမြှင့်ကောက်ခံစည်းကြပ်တော့ တရုတ်က ချက်ချင်းလက်တုန့်ပြန်ရာမှ ထွက်ပေါ်လာမယ့် ဆိုးကျိုးကို ကုန်သည်တွေက အာရုံစိုက်နေစဉ်မှာ၊ ဈေးအမြင့်နဲ့ ပိတ်သွားသော်လည်း၊ ဂျပန်နဲ့ တရုတ်တို့မှာ အရန်ရော်ဘာတွေများနေခြင်းက အာရှရော်ဘာဈေးကို ဖိအားသက်ရောက်နေတယ်။ သဘောက တက်ချင်ပေမယ့် သိပ်မတက်နိုင်ဖြစ်နေတယ်ပေါ့။ တိုကျိုရဲ့ TOCOM မှာ ဒီဇင်ဘာကန်ထရိုက် ရော်ဘာဈေးဟာ တနင်္လာနေ့မှာ ၃.၂ ယန်းတက်ကာ ၁၇၄.၆ ယန်း($၁.၅၈)/ကီလိုဂရမ်ဈေးနဲ့ ဈေးပိတ်သွားတယ်။
တိုကျိုစံရော်ဘာဟာ အင်္ဂါနေ့မှာ စောစောပိုင်းဈေးရထားသမျှ ပြန်ဖျက်ချလိုက်ပြီး ဈေးပိတ်သွားတယ်။ ဈေးအပိတ်မှာ ပြန်ကျသွားတယ်ပေါ့။ တရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ပွဲက ကုန်သည်တွေအပေါ် အရိပ်ထိုးနေတာကြောင့် စိုးရိမ်စိတ်တွေရှိနေလို့ပါပဲ။
သောကြာနေ့တုန်းက တရုတ်နဲ့ အမေရိကန်တို့ ၃၄ ဘီလီယံတန်ဘိုးရှိကုန်တွေကို အပြန်အလှန် ဘတပြန် ကျားတပြန် အခွန်အကောက်စည်းကြပ်ကြတယ်။ ပွဲက တရုတ်ငွေကြေးဈေးကွက်ကို တရစက်လာရိုက်ခတ်တယ်။ ယွမ်က အဆိုးဆုံးအခြေအနေကို ဇွန်လမှာ ရောက်ခဲ့တယ်လို့ မှတ်တမ်းတင်တယ်။
အရှေ့တောင်အာရှဲ့ ရော်ဘာဈေးကို ထင်ဟပ်တဲ့ TOCOM ရော်ဘာဈေးဟာ ရှန်ဟိုင်းရော်ဘာဈေးအားပျော့နေခြင်းရဲ့ ဖိအားကိုခံနေရတယ်။ ရှန်ဟိုင်းကျတော့ TOCOM လည်း လိုက်ကျတယ်ပေါ့။
" ယူအက်စ်-တရုတ် တင်းမာမှုက ကုန်စည်အားလုံးအတွက် ခြုံပြောရရင် အားလုံးအတွက် မကောင်းဘူး" တဲ့ ဂျပန်ကုန်သွယ်ရေးအရင်းအမြစ်တွေကပြောတယ်။ တိုကျိုရဲ့ TOCOM မှာ ဒီဇင်ဘာလကန်ထရိုက်ဈေးဟာ အင်္ဂါနေ့မှာ ၁.၄ ယန်းကျကာ၁၇၃.၂ ယန်း ($၁.၅၆)/ကီလိုဂရမ်ဈေးနဲ့ ပိတ်တယ်။ ပြီးခဲ့တဲ့အပတ် ကြာသပတေးနေ့ကဆိုရင် ၂၁ လအတွင်း အနိမ့်ဆုံးဖြစ်တဲ့ ၁၆၆.၉ ယန်းဈေးကို ရောက်ခဲ့သေးတယ်လေ။
တိုကျိုမှာ TOCOM ရော်ဘာကန်ထရိုက်ဈေးဟာ ဗုဒ္ဓဟူးနေ့မှာ လျှောကျသွားတယ်။ တရုတ်အပေါ်အမေရိကန်က အကောက်ခွန်စည်းကြပ်မှု အသစ်ချဘို့ ခြိမ်းခြောက်ပြီးနောက် ကုန်စည်တွေရောင်းချကြလို့ပါပဲ။ ရောင်းလိုအားများပြီး ဝယ်အားနည်းနေရင် ဈေးကျတာပါပဲ။ ဒါက ကုန်သွယ်ရေးတင်းမာမှုကို ပိုနက်ရှိုင်းစေပြီး ကမ္ဘာ့စီးပွား ရေး တိုးတက်မှုကို ကျဆင်းစေပါတယ်။
တရုတ်နဲ့ ကုန်သွယ်ရေး အငြင်းပွားမှုမှာ အမေရိကန်က သူ့ဘက်က စစ်ပွဲအရှိန်ကိုမြှင့်တင်တဲ့အနေနဲ့ တရုတ်ရဲ့ သွင်းကုန် ဘီလီယံ ၂၀၀ ဘိုးကို ၁၀% အကောက်ခွန်တိုးကောက်ဘို့ ခြိမ်းခြောက်လိုက်တယ်။
" တရုတ်နဲ့ အမေရိကန်တို့ကြား ကုန်သွယ်ရေး ကတောက်ကဆတ်ဖြစ်မှု မြင့်တက်လာခြင်းက ရော်ဘာအပြင် အခြားကုန်စည်ဈေးကွက်တွေကိုပါ ထိုးနှက်တော့တယ်" လို့ ဖူဂျိတိုမိကုမ္ပဏီမှ ဈေးကွက်ဆန်းစစ်သူ တိုရှိတက တဇဝက ပြောပါတယ်။
" ကုန်သွယ်ရေးအငြင်းပွားမှုကြောင့် စီးပွားရေးတိုးတက်မှု နှေးကွေးနေခြင်းနဲ့ မော်တော်ယာဉ်လုပ်ငန်းမှ ဝယ်လို အားနည်းနေခြင်းတို့ကို စိုးရိမ်မှုတာရှည်နေတာဟာ ရော်ဘာဈေးကွက်အပေါ် ရှေ့ဆက် ဖိအားတွေ ဖြစ်ပေါ်စေမှာပါ" တဲ့ သူကဆက်ပြောတယ်။ တိုကျိုမှ TOCOM မှာ ဒီဇင်ဘာကန်ထရိုက်ရော်ဘာဈေးဟာ ဗုဒ္ဓဟူးနေ့မှာ ၁.၂ ယန်းကျပြီး ၁၇၂.၀ ယန်း($၁.၅၅)/ကီလိုဂရမ်နဲ့ ဈေးပိတ်တယ်။
တိုကျိုရဲ့ စံထားတဲ့ ရော်ဘာကန်ထရိုက်ဈေးဟာ အင်္ဂါနဲ့ ဗုဒ္ဓဟူးနေ့တွေမှာ ၂ ရက်ဆက်တိုက်ဈေးကျနေပြီးနောက် ကြာသပတေးနေ့မှာ ပြန်တက်သွားတယ်။ ရှန်ဟိုင်းရော်ဘာဈေး မာနေတာကြောင့်ပါ။
စတော့တွေ ကုန်စည်တွေ အနည်းငယ် ဈေးပြန်တက်တယ်။ ဒါပေမယ့် ဈေးရ gain တာက အကန့်အသတ်နဲ့ပါ။ ယူအက်စ်နဲ့ တရုတ်ရဲ့ ကုန်သွယ်ရေးတင်းမာမှုက အရှိန်မြင့်နေတယ်မဟုတ်လား။ သတင်းရင်းမြစ်တွေက အဲဒီလိုပဲပြောနေကြတယ်။ တိုကျိုရဲ့ TOCOM မှာ ဒီဇင်ဘာကန်ထရိုက်ရော်ဘာဈးဟာ ကြာသပတေးနေ့မှာ ဝ.၆ ယန်းတက်ကာ ၁၇၂.၆ ယန်း($၁.၅၄) /ကီလိုဂရမ်ဈေးနဲ့ ပိတ်သွာတယ်။
ဒီနေ့သောကြာနေ့မှာတော့ ဈေးအဖွင့်မှာ TOCOM ကန်ထရိုက်ဈေးက အနည်းငယ်အလျော့ (အနုတ်ပြ)နဲ့ ဖွင့်ပေမယ့် ဈေးအပိတ်မှာတော့ ဈေးအနည်းငယ်အမြင့်(အပေါင်းပြ) ပြီးပိတ်သွားတယ်ခင်ဗျ။ ဒီနေရာမှာ အလျဉ်းသင့်လို့ ပြောရရင် သူတို့မှာ ဈေးအပြောင်းအလဲကို လက်ငင်းဖြစ်တဲ့ဈေးနဲ့ ဒီနေ့အဖွင့်ဈေးကို နှိုင်းယှဉ်ပြောတာမဟုတ်ပဲ ပြီးခဲ့တဲ့နေ့ အပိတ်ဈေးနဲ့ နှိုင်းယှဉ်ပြီးပြောတာဖြစ်တယ်။ မနေ့ကညအပိတ်ဈေးထက် ယခုလက်ငင်းဖြစ်နေတဲ့ဈေးက များနေရင် အပေါင်းလက္ခဏာပြ ဖော်ပြတာပေါ့။ နည်းနေရင်တော့ အနုတ်ပေါ့။ ဒီနေ့ဆိုရင် ၁၇၂.၉ ယန်းနဲ့ပိတ်သွားတယ်။ ကြာသပတေးနေ့အပိတ်ဈေးက ၁၇၂.၆ ယန်းဆိုတော့ အပြောင်းအလဲက +ဝ.၃ ယန်းဖြစ်တယ်။ ဈေးတက်တယ်။ ဈေးရတယ်ပေါ့။
ညီသွေး
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Nyi Thway
အားလုံး