အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆိတ်များ ဆူဖြိုးစေနိုင်သော နည်းလမ်းများ

ဆိတ်များ ဆူဖြိုးစေနိုင်သော နည်းလမ်းများ

ဦးဇော်(dof)
ဦးဇော်(dof) • 29/09/2021

ကျွေးစာအရည်အသွေး- အစာကြေလွယ်၍ ပုပ်သိုးမှုမရှိ၊ သန့်ရှင်းသည့် မွေးမြူရေးကျွေးစာကို တတ်နိုင်သမျှ ရွေးချယ်ပါ။ 

ကျွေးစာတွဲဖက်ကျွေးခြင်း- ကျွေးစာကြမ်းအတွက် အလုံပိတ် အချဉ်ဖောက်ထားသော ပြောင်းရိုး၊ ပဲပုပ်ပင်ရိုး၊ မြေပဲပင် နှင့် မြက်ခြောက်များကို သိပ္ပံနည်းကျ ရောနှော ကျွေးနိုင်ပါသည်။ ကျွေးစာနုအတွက် ပြောင်းဖူး ၆၀%၊ ပဲဖတ် ၂၀%၊ ဂျုံမှရရှိ သော ဖွဲနု ၄%၊ ဆား၁%၊ baking soda ၁% စသည့် အချိုးများဖြင့်ရောနှောအစာကျွေးနိုင်သည်။ ဆိတ် မဆူဖြိုးမီကာလတွင် ကျွေးစာကြမ်းနှင့် ကျွေးစာနုတို့၏အချိုးမှာ ၇:၃ ဖြစ်၍ နောက်ပိုင်းကာလတွင် ၅:၅ သို့တစ်ဖြည်းဖြည်း ပြောင်းလဲပေးရမည်ဖြစ်ကြောင်း သိရပါသည်။ 

ကျွေးစာပမာဏ- ဆိတ်၏ နေ့စဉ်စားသောက်သော အစာခြောက်များသည် ခန္ဓာကိုယ်အလေးချိန်၏ ၂.၅%မှ ၃% အထိ နေရာယူထားသည်။ ဥပမာ- (၅၀)ကီလိုဂရမ်လေးသောဆိတ်သည် နေ့စဉ် (၁.၂၅-၁.၅) အလေးချိန်ရှိသော ကျွေးစာကို စားပေးရပါမည်။ ကုန်ခြောက်အရည်အသွေးအရ လက်ရှိကာလတွင် နံနက်(၇)နာရီနှင့် ညနေ(၅)နာရီတွင် နှစ်ကြိမ်ကျွေးပြီး ည(၁၀)နာရီမှ (၁၁)နာရီတွင် တစ်ကြိမ် ထပ်ကျွေးပေးနိုင်မည်ဖြစ်ကြောင်း သိရပါသည်။ 

ရေသောက်သုံးခြင်း- လုံလောက်သော သန့်စင်သည့်ရေကို တိုက်ကျွေးပေးရမည်။ ဖြစ်နိုင်လျှင် ပိန်နေသောဆိတ်အား  ရေနွေးနွေးလေးကို တိုက်ပေးရမည်ဖြစ်သည်။

အထက်ပါ အချက်အလက်များ သာမက ဆိတ် မွေးမြူသူများသည် ပုံမှန်ထိန်းသိမ်းမှုလုပ်ငန်းများနှင့် ရောဂါကြိုတင်ကာကွယ်မှုလုပ်ငန်းများကို ကောင်းစွာလုပ်ဆောင်ရန်လည်း လိုအပ်ပါသည်။ သာမန်အားဖြင့် ရက်(၂၀-၃၀)အကြာခန့်တွင် ပိန်နေသောဆိတ်များမှာ စတင်ဆူဖြိုးလာမည်ဖြစ်သည်။ 

ကိုးကား- www.agri.cn မှကောက်နှုတ်ဖော်ပြပါသည်။

 

1
မောင်ပိုင်

မောင်ပိုင်

လွန်ခဲ့သော ၄ နှစ် က

ဆိတ် မနိုးခဲနေတာဘယ်လိုကုသရမလည်းခဗျာ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဥစားဘဲ (ထိုင်း) မွေးမြူရေးနှင့် အကောင်တစ်ရာလျှင် ဥနှုန်းကောင်းမွန်စေရန် အစာစပ်ပုံများအကြောင်းကို သိရှိလိုပါသည်ခင်ဗျ။

ဦးအာကာမင်း • ဖြေကြားချက် 1 ခု

နွားဝစေရန်ရန်ဆေးနည်းလေးရှိရင်ပြောပြပါ

Min Maung • ဖြေကြားချက် 2 ခု

ဆိတ်စာချဉ်ဖတ် လုပ်လို့ရတယ်ပြောကြတယ်။ ဘယ်လိုလုပ်ရသလဲ ပြောပေးပါ။

Min Soe • ဖြေကြားချက် 1 ခု

ဝက်မွေးမြူရေးတွင် ဝက်များအတွက် လိုအပ်သော လိုင်ဇင်းဓါတ်ကို သဘာဝအစားအစာများတွင် မည်သည့်အပင်/အစားအစာက ရရှိနိုင်သနည်း။သို့မဟုတ် လိုင်ဇင်ဓါတ်ရရှိအောင်မည်သို့ ဆောင်ရွက်ရမည်နည်း

Kyaw Thu Lin • ဖြေကြားချက် 1 ခု

Mineral block နွားလျှက်ဓာတ်ဆားခဲ့မကွေးမြို့ဘယ်မှာဝယ်လို့ရလည်းဗျ

ဖြိုးဝေယံစိုး • ဖြေကြားချက် 0 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။