ပုတက်ထီးတွေရဲ့ အားပြိုင်ပွဲက ပြောပြတဲ့ သဘာဝရဲ့မျှခြေ
ကျနော်တို့မြန်မာလူမျိုးတွေဟာ သစ္စာတရားနဲ့ ပတ်သက်လာရင် အောက်ချင်းငှက်မောင်နှံကို စံထားလေ့ရှိကြပါတယ်။ ဒါပေမဲ့ကျယ်ပြောလှတဲ့ ကမ္ဘာကြီးမှာ အောက်ချင်းငှက်တွေလောက် မဟုတ်ရင်တောင် သစ္စာတရားနဲ့ ပတ်သက်လာရင် မခေလှတဲ့ မျိုးစိတ်တစ်ခု ရှိပါသေးတယ်။ ဒီမျိုးစိတ် အကြောင်းကို ပြောရရင် ပုံပြင်လေးတစ်ပုဒ်နဲ့ အစပြုရပါလိမ့်မယ်။
ဇာတ်လမ်းလေးက ….
မြောက်အမေရိကတိုက်ရဲ့ အနောက်ဘက်ခြမ်း ကန္တာရတွေမှာ ကျင်လည်ကျက်စားနေတဲ့ ပုတတ်မျိုးစိတ်တစ်ခု ရှိပါတယ်။ ဒီပုတတ်မျိုးစိတ်ကို ဘေးအစက်ပါ ပုတတ်(side blotched lizard ) လို့ခေါ်ပြီးတော့ Uta မျိုးပေါင်းစုထဲမှာ ပါဝင်ပါတယ်။ အမြီးအပါအဝင် ခန္ဓာကိုယ်အရှည် ၆လက်မ ခန့်ရှိပြီး အထီးတွေဟာ အမတွေထက် ပိုပြီး အကောင်ကြီးပါတယ်။ ပြီးတော့ အထီးတွေရဲ့ လည်ပင်းမှာ ထင်ရှားတဲ့ အရောင်တစ်မျိုး ရှိပါတယ်။ ဒီအရောင်ကပဲ ပုတတ်အထီးတွေရဲ့ သွင်ပြင်ကို လိမ္မော်ရောင်၊ အဝါရောင်နဲ့ အပြာရောင်သုံးမျိုး ကွဲပြားသွားစေပါတယ်။ ဒါ့အပြင် ဒီအရောင်ပေါ်ကိုလိုက်ပြီး ပုတတ်ထီးတွေရဲ့ အမူအကျင့်တွေကလဲ ခြားနားသွားပါတယ်။
လိမ္မော်ရောင်အထီးတွေက အကောင်ကြီးပြီး ရန်လိုတတ်ကြပါတယ်။ ကျယ်ပြန့်တဲ့ နယ်မြေကို ထိန်းချုပ်ထားပြီးတော့ ပုတတ်အမတွေ အများကြီးနဲ့ မိတ်လိုက်တတ်ကြပါတယ်။
အဝါကောင်တွေကိုတော့ ကြာကူလီကောင်တွေလို့ ဆိုရမှာပါ။ ဒီကောင်တွေက ခွန်အားကြီးတဲ့ လိမ္မော်ရောင်အထီးတွေနဲ့ ထိပ်တိုက် ရင်မဆိုင်ပါဘူး။ အဲ့ဒီအစား လိမ္မော်ကောင်တွေရဲ့ အလစ်မှာ သူတို့ရဲ့ အမတွေကို ခိုးပြီး မိတ်လိုက်ကြပါတယ်။ ဒီလိုနဲ့ သူတို့ မျိုးဆက်ကို ချန်ကြပါတယ်။
နောက်ဆုံးကျန်နေတာကတော့ ထူးခြားတဲ့ အပြာကောင်လေးတွေပဲ ဖြစ်ပါတယ်။ ဘဝတစ်လျှောက်လုံး ပုတတ်အမတစ်ကောင်ကိုပဲ အာရုံစိုက်ပိုးပန်းပြီး အဲ့တစ်ကောင်ကိုပဲ တစ်သက်လုံး စောင့်ရှောက်သွားကြတဲ့ သစ္စာရှင်လေးတွေပါ။ အံ့ဩစရာကောင်းတာက အမတစ်ကောင်ကို မိတ်လိုက်ဖို့အတွက် အပြာကောင်တွေဟာ အချင်းချင်း ပြိုင်ဆိုင်လေ့ မရှိကြပါဘူး။ အဲ့ဒီအစား အချင်းချင်း ပူးပေါင်း ဆောင်ရွက်တာမျိုးတောင် ရှိပါတယ်။ သူတို့ နယ်မြေထဲကို တခြားကောင်တွေ ကျူးကျော်လာရင် အချင်းချင်း အချက်ပြ သတိပေးကြပါတယ်။ ဘယ်လိုမျိုးလဲ ဆိုတော့ ဒိုက်ထိုးပြတာပါ။ ဒီအချက်ပြတာက တော်ရိလျော်ရိပဲ မဟုတ်ပါဘူး။ သူတို့အတွက် အန္တရာယ်ရှိနေရင်တောင် အသက်စွန့်ပြီး ဘော်ဒါကြီးတွေကို သတိပေးတတ်ကြတာပါ။

ဆိုတော့ ဒီပုတတ်မျိုးစိတ်ရဲ့ မတူညီတဲ့ အထီးသုံးကောင် အားပြိုင်မှုက ကျနော်တို့ ငယ်ငယ်က ဆော့ဖူးကြတဲ့ ဗိုလ်၊ ကျား၊ သေနတ် ကစားနည်းလိုမျိုး သံသရာလည်နေပါတယ်။ ခွန်အားကြီးတဲ့ လိမ္မော်တွေက အပြာကောင်တွေကို နိုင်ပါတယ်။ ဒါပေမဲ့ ဒီလိမ္မော်ကောင်တွေက အလစ်သုတ်ပြီး မိတ်လိုက်ကြတဲ့ အဝါတွေကိုတော့ အရှုံးပေးရပါတယ်။ ပါးနပ်လှပါပြီဆိုတဲ့ အဝါကောင်တွေကလဲ အမတစ်ကောင်ထဲကို အမြဲတမ်း အရိပ်တကြည့်ကြည့်ရှိနေတတ်တဲ့ အပြာကောင်တွေနဲ့ အတွေ့မှာတော့ လက်မြှောက်လိုက်ရပြန်ပါတယ်။ ဒီလိုနဲ့ ဗိုလ်က သေနတ်ကိုနိုင်၊ သေနတ်က ကျားကိုနိုင်၊ ကျားက ဗိုလ်ကိုနိုင်ဆိုတဲ့ သံသရာမှာ လည်နေပါတယ်။ ဒီသံသရာလည်နေမှုကပဲ အထီးအရောင်တစ်မျိုးထဲက ပုတတ်မျိုးစိတ်တစ်ခုလုံးကို လွှမ်းမိုးမသွားအောင် ဟန်ချက်ညီနေစေပါတယ်။ ဒီဟန်ချက်ညီမှုက နှစ်ပေါင်း ၁၅ သန်းတောင် ကြာသွားပြီလို့ဆိုပါတယ်။
ဒီလို နှစ်ပေါင်းများစွာ ဟန်ချက်ညီနေမှုအတွက် အရေးပါတဲ့ နောက်တစ်ချက်က အမတွေပဲ ဖြစ်ပါတယ်။ ပုတတ်အမတွေဟာ ရှားပါးတဲ့ အထီးအရောင်ကို ပိုပြီး နှစ်သက်ကြပြီး မိတ်လိုက်ဖို့ ရွေးပါတယ်။ ဆိုတော့ လိမ္မော်ကောင်တွေအရမ်းများနေရင် အမတွေက အဝါကောင်တွေ အပြာကောင်တွေနဲ့ မိတ်ပိုလိုက်ကြမှာ ဖြစ်ပါတယ်။ ကဲ… ပုံပြင်လေးကတော့ ဆုံးပါပြီ။
စာရှုသူမိတ်ဆွေတို့ကော ဒီဟန်ချက်ညီမျှမှုက အမြဲတမ်း ဆက်ရှိသွားမယ် ထင်ပါသလား။ အကယ်၍ ဒီဟန်ချက်ကျိုးပျက်သွားပြီး အထီးတစ်မျိုးထဲက လွှမ်းမိုးသွားမယ်ဆိုရင်ကော ဘယ်အရောင်ကို အနိုင်ရစေချင်ပါသလဲ။ ခွန်အားကြီးတဲ့ လိမ္မော်လား၊ ပါးနပ်တဲ့ အဝါလား.. ဒါမှမဟုတ် သစ္စာရှင် အပြာကောင်လေးတွေလား။
အားလုံးပဲ ဘေးကင်းကြပါစေခင်ဗျာ။
https://www.youtube.com/watch?v=rafdHxBwIbQ မှ Video ကို မြန်မာဘာသာဖြင့် သင့်လျော်သလို ဘာသာပြန်ဆိုထားသော ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။
ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဂန္ဓပန်းအခုမှစမ်းစိုက်ကြည့်မလို့ပါစိုက်ပျိုးနည်းစနစ်လေးသိချင်လို့ပါခင်ဗျာ
ကိုချမ်း • ဖြေကြားချက် 1 ခု
ကျွန်တော့် ညီ/အကို/မောင်နှမများ ဆရာများ ခင်ဗျ ပဲကြီးစိုက်ပျိုးနည်းလေးရှိရင် မျှဝေ ပေးကြပါအုံးနော်🥰 စိုက်ပျိုးရမည့်အချိန် စိုက်ပျိုးသင့်သော မြေ (ဒေသ) စိုက် ၁ ဧက ဘယ်လောက် နှုန်း စိုက်သင့်လည်း စိုက်ပျိုးပြီး ဘယ်အချိန်တွေမှာ ပေါင်းနုတ်မျက်သင်လုပ်ရလည်း? အားဆေး ကာကွယ်ဆေး ဘယ်အချိန် ဖြန်းသင့်လည်း? စိုက်ပျိုးပြီး ဘယ်နှစ်လအကြာ ရိတ်သိမ်းရမလည်း? ၁ ဧက အထွက်နှုန်းထား ဘယ်လောက်ထွက်လည်း? ဒါတွေတကယ်မသိလို့ မျှဝေပေးပါအုံး🥰😍😍
ကိုအောင်မင်းထွန်း • ဖြေကြားချက် 1 ခု
ချီးပါနေတဲ့အကောင်ပါ2လသားကျော်ကာစပါ အသားရဲတယ်အစာအံနေလို့ပါ
Min Maung • ဖြေကြားချက် 0 ခု
ဘာမြေသြဇာ ကျွေးရမလည်းဗျ
ZawHtwe • ဖြေကြားချက် 1 ခု
နှင်းဆီက ဘာဖြစ်တာလဲ? ပွင့်လာတော့ အပွင့်က မလှဘူး။ အရွက်ကလည်း တွန့်နေတယ်။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
More from Thu Ra Nyi Nyi
အားလုံး
သမိုင်းအစဉ်အလာကြီးတဲ့ ငရုတ်သီး
24/06/2026
သဘာဝကိုလေ့လာ၊ ရာသီဥတုကိုကာကွယ်၊ အနာဂတ်ကိုကယ်
05/06/2026
ဆေးဖိုးမကုန်ဘဲ ကြွက်နှိမ်နင်းနိုင်မယ့် လျှို့ဝှက်လက်နက် "ကိုဇီးကွက်"
19/11/2025
စာဗူးတောင်းသိုက်လေးတွေရဲ့ နောက်ကွယ်..
07/07/2025
မျိုးသုဉ်းနိုင်ခြေရှိတဲ့ ပိုးစုန်းကြူးလေး မီးလင်းရတဲ့ လျှို့ဝှက်ချက်
26/06/2025
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....