အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဒီရေတောများမှ ရရှိနိုင်သော အကျိုးကျေးဇူးများ

ဒီရေတောများမှ ရရှိနိုင်သော အကျိုးကျေးဇူးများ

ဒီရေတောများသည် လူသားတို့အတွက် သဘာဝတရားကပေးခဲ့သော တန်ဖိုးမဖြတ်နိုင်သည့် လက်ဆောင် ဖြစ်သည်။

ဒီရေတောများမှရရှိနိုင်သော အကျိုးကျေးဇူးများကို အခြေခံအားဖြင့် နှစ်မျိုးခွဲခြားနိုင်မည်ဖြစ်သည်။ ၎င်း တို့မှာ (၁) လက်တွေ့မြင်နိုင်သော အကျိုးကျေးဇူးများနှင့် (၂) သွယ်ဝိုက်သောအကျိုးကျေးဇူးများ ဖြစ်လေသည်။

လက်တွေ့မြင်တွေ့နိုင်သော အကျိုးကျေးဇူးများ

ဒီရေတောအပင်များမှတစ်ဆင့် အိမ်အသုံးအဆောင်ပစ္စည်းများကို အလွယ်တကူရရှိမည်ဖြစ်သည်။ ဥပမာအားဖြင့် သစ်၊ ထင်း၊ မီးသွေး၊ အမိုးအကာ စသည်တို့ဖြစ်သည်။ သို့ရာတွင် ဒီရေတောပင်များကို ပြုန်းတီးနိုင်လောက်သည်အထိ အလွန်အကျွံခုတ်ထစ်၍ သုံးစွဲခြင်းမှ ကာကွယ်ရမည်ဖြစ်သည်။ ဒီရေတောအပင်များမှတဆင့် စားသုံးရန်အသီးအရွက်များလည်းရရှိနိုင်သည်။ ဥပမာအားဖြင့် ငှက်ကြီးတောင် (မှိုဟင်း)၊ ကန့်ပလာ (ပျားဇီး)၊ ဓနိ (ဓနိရည်)၊ ဓနိဖူးခြောက် အစရှိသည်တို့ဖြစ်သည်။ ထိုအပြင် ဒီရေတောများမှာ ဆေးဖက်ဝင်အပင်များလည်းဖြစ်ပါသည်။ ခယာအရွက်၊ အဆိပ်တရာ၊ မိချောင်းကွမ်းဖတ်တို့မှာ တိုင်းရင်းဆေးအဖြစ်အသုံးပြုလျက်ရှိသော ဒီရေတောပင်များဖြစ်သည်။ ပျားရည်၊ ပျားဖယောင်းတို့အား ဒီရေတောပင် များမှတစ်ဆင့်ရနိုင်သကဲ့သို့ စက်မှုလုပ်ငန်းသုံးပစ္စည်းများလည်းရရှိနိုင်သည်။ ဥပမာ မဒမခေါက်၊ ဗြူးခေါက်တို့အား ဆိုးဆေးအဖြစ်အသုံးပြုနေကြသည်။ နောက်တစ်ချက်မှာ ဒီရေတောမှတစ်ဆင့် ငါး၊ ပုစွန်၊ ကဏန်း၊ ဂုံး အစရှိသည့် ရေနေသတ္တဝါအများအပြားရှာဖွေတွေ့ရှိနိုင်ခြင်းဖြစ်၍ လူတို့၏ အစားအစာအတွက်အထောက်အကူပြုမည်ဖြစ်သည်။ 

သွယ်ဝိုက်သောအကျိုးကျေးဇူးများ

လေပြင်းမုန်တိုင်းနှင့် ဆူနာမီကဲ့သို့ ရေလှိုင်းဒဏ်နှင့် ကမ်းပါးပြိုရေတိုက်စားခြင်းတို့မှ ကာကွယ်ပေးခြင်းဖြင့် ဒီရေတောများသည် လူတို့၏နေ့စဉ်ဘဝအတွက် အထောက်အကူပြုလျက်ရှိလေသည်။ ကာဗွန်ဒိုင်အောက်ဆိုက်ကို လေထဲမှစုပ်ယူပြီး အောက်ဆီဂျင်လွှတ်ထုတ်ပေးခြင်း၊ ကာဗွန်ဒိုင်အောက်ဆိုက်ကိုမြေပေါ်သာမက မြေအောက်တွင် ပိုမိုစုပ်ယူထားနိုင်ခြင်းတို့မှာ အဖိုးမဖြတ်နိုင်သော အထောက်အကူများဟု ပင်ဆိုရမည်။ ဒီရေတောများသည် ရေသတ္တဝါတို့အတွက် အဓိကအစာထုတ်လုပ်ပေးသည့်နေရာလည်း ဖြစ်ပြီး ပင်လယ်ရေသတ္တဝါတို့၏ ငယ်စဉ်ဘဝအဓိက ကြီးပြင်းရာ ဥချပေါက်ဖွားရာနေရာလည်းဖြစ်ပါသည်။ ဥပမာအားဖြင့် ကျားပုစွန်၊ ကကတစ်၊ ဂဏန်းတို့သည် ဒီရေတောများတွင် ဥချပေါက်ဖွားလေ့ရှိသည်။ 

ဒီရေတောများသည် ကုန်းတွင်းပိုင်းသို့ မြေအောက်မှ ဆားအငံဓာတ်စိမ့်ဝင်မှုကို ကာကွယ်ပေးနေပြီး ရေကိုလည်း သန့်စင်ပေးလေသည်။ ဒီရေတောများထူထပ်စွာရှိခြင်းအားဖြင့် သဘာဝခရီးသွားလုပ်ငန်းကဲ့သို့သော ဒေသခံများအတွက် ဝင်ငွေရရှိစေမည့် အခွင့်အလမ်းများကိုဖန်တီးပေးပြီး သုတေသနနှင့်ဖွံ့ဖြိုးမှု လုပ်ငန်းများဆောင်ရွက်နိုင်ခြင်းဖြင့်လည်း အထောက်အကူပြုပေးနေသည်။ ဒီရေတောဆိုင်ရာ သိကောင်းစရာများကို https://www.facebook.com/WorldviewInternationalFoundation တွင်လည်းဖတ်ရှု နိုင်ပါ သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 

ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။

အကြောင်းအရာ 1

ဂေဟစနစ်

ဂေဟစနစ်

1
ကျော်ဇင်လတ်

ကျော်ဇင်လတ်

လွန်ခဲ့သော ၃ နှစ် က

ဒီရေတောပင်တွေရဲ့အကျိုးကျေးဇူးတွေကဘာတွေလဲ

You
Worldview International Foundation

နည်းပညာမိတ်ဖက်အဖွဲ့

Worldview International Foundation

Worldview International Foundation သည် ၂၀၁၂ ခုနှစ်တွင် အာရှရှိ ပထမဆုံးဒီရေတောပြန်လည် ထိန်းသိမ်းရေးစီမံကိန်းကို ရှေ့ဆောင်လုပ်ဆောင်ခဲ့သည်။ ထို့နောက်အပြာရောင်ကာဗွန်စီမံကိန်း၊ ပင်လယ်မြက်များထိန်းသိမ်းခြင်း၊ ပင်လယ်ရေမှော်များမွေးမြူခြင်း နှင့် အခြားဆောင်ရွက်ချက်အမျိုးမျိုးတို့ကိုတိုးချဲ့ဆောင်ရွက်ခဲ့သည်။ မြန်မာနိုင်ငံတွင် ဒီရေတောပြုစုပျိုးထောင်ရေးလုပ်ငန်းကို ၂၀၁၂ ခုနှစ် တွင်စတင်ဆောင်ရွက်ခဲ့ပြီး လက်ရှိ အချိန်တွင် သိပ္ပံနည်းကျ နည်းစနစ်များဖြင့် ကုန်ကျစရိတ်များစွာ သက်သာပြီး အပင်များရှင်သန်မှု ၉၆ ရာခိုင်နှုန်းရှိသော စိုက်ပျိုးနည်းကိုအသုံးပြုကာ ဒီရေတော ထိန်းသိမ်း ရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နေပါသည်။ မြန်မာနိုင်ငံရှိ WIF ကို ဒီရေတောပြန်လည်ထူထောင်ရေးဆိုင်ရာပညာရှင်များ၊ အဏ္ဏဝါသိပ္ပံပညာရှင်များ၊ သစ်တောတက္ကသိုလ်ဘွဲ့ရများ၊ အခြားနယ်ပယ်အသီးသီးမှ ပညာရှင်များဖြင့် ဖွဲ့စည်းထားပါသည်။ မြန်မာနိုင်ငံရှိ ဆုံးရှုံးသွားသော ဒီရေတောများကို ပြန်လည်ထူထောင်နိုင်ရေးအတွက် ဒီရေတော အပင်ပေါင်း ဘီလီယံချီ၍စိုက်ပျိုးနိုင်ရန်ရည်ရွယ်ထားပါသည်။  

နည်းပညာမိတ်ဖက်အဖွဲ့ အားလုံး

ဆက်စပ်မေးခွန်းများ

တနိုင်တပိုင် ငါးမွေးချင်လို့ မိုးကာစနဲ့ မြေပေါ် ငါးကန်လေး လုပ်ချင်လို့ပါ။ ဝယ်ရမယ့် ပစ္စည်း အဓိက မိုးကာစနဲ့ တခြားလိုအပ်တာလေးတွေ လမ်းညွှန်ပေးပါဦး၊ ဘယ်မှာ ဝယ်ရမလဲပေါ့နော် ၊ မွေးမှာကတော့ တီလားဗီးယားငါးပါ၊ ပုံပါအတိုင်း ငါးကန်လေးမျိုးလုပ်ချင်တာပါ။ ​မြေနေရာ အကျယ်တော့ သိပ်မရှိပါဘူးဗျ၊ တကန်လောက် စမ်းပြီး မွေးကြည့်ချင်လို့ပါ၊ ရန်ကုန်ကပါဗျ။

Zin Ko Latt • ဖြေကြားချက် 0 ခု

‌ဘတ်တီးရီးယား ရွက်ပျောက်ဖြစ်တာလားခင်ဗျ။ စိုက်ခင်းပါ အရင်နှစ်ကလည်း အပင်တွေက ယခုလို ဖြစ်လို့ ပြန်ထွန်ပြီး နောက်ပျိုးပင် ပြောင်းစိုက်လည်း ဖြစ်ပါတယ်။ ‌ဖြေကြားပေးကြပါဦးခင်ဗျာ။

Nan Lin Soe • ဖြေကြားချက် 0 ခု

ပဲတစ်ခါမှမလုပ်ဖူးတဲ့လယ်မြေမှာပဲလုပ်ရင် အဆင်ပြေပါမလဲ မတ်ပဲလားပဲဒီစိမ်း လား.

ဦးကျော်ဇင်သန့် • ဖြေကြားချက် 1 ခု

မတ်ပဲ၂၅ရက်သားအရွယ်ကိုရွှေနဂါးရွက်ဖျန်းအားဆေးနဲ့awbaကထုတ်တဲ့ပီဖိုလန်အသီးအား​းေဖျန်းပေးရင်ပိုကောင်းလား

Sawsamson • ဖြေကြားချက် 1 ခု

မတ်ပဲအပင်ကြဲသွားလို့ အပင်ကြီးပြီးပြန်ပိတ်သွားအောင်ဘာဆေးသုံးသင့်လဲ အထွက်နှုန်းတစ်အားမလျော့အောင်

Sawsamson • ဖြေကြားချက် 1 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။