သန္တာကျောက်တန်းဂေဟစနစ်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး
ဂေဟစနစ်ဆိုသည်မှာ...
သက်ရှိသတ္တဝါများအချင်းချင်း သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ အပြန်အလှန် အကျိုးပြုနေထိုင်ခြင်း ဖြစ်တည်နေသော ကွန်ရက်ကြီးတစ်ခု ဖြစ်သည်။ တိကျသေချာသော အကျယ်အဝန်းတစ်ခု သတ်သတ်မှတ်မှတ် ဖြစ်တည်မှု ရှိကြသည်။
အချို့သော သိပ္ပံပညာရှင်များအနေဖြင့် ဂြိုဟ်တစ်ခုလုံးသည် ဂေဟစနစ်တစ်ခုဖြစ်သည်ဟု ဆိုကြပါသည်။
ဂေဟစနစ်ပတ်ဝန်းကျင်၏ ဥပမာများမှာ -
- ရေကန်ဂေဟစနစ်
- သန္တာကျောက်တန်းဂေဟစနစ်
- မြစ်ဝ ဂေဟစနစ်
- သစ်တော ဂေဟစနစ်
- မိုးသစ်တော ဂေဟစနစ်
- မြက်ခင်းပြင် ဂေဟစနစ်
- ပင်လယ်ရေနက်ပိုင်း ဂေဟစနစ် အစရှိသဖြင့် ရှိကြပါသည်။
အကယ်၍ ဂေဟစနစ်သည် ရေရှည်မတည်တံ့လျှင်-
- ဂေဟစနစ် ယိုယွင်းပျက်စီးသွားနိုင်ခြင်း၊
- စွမ်းအင် ကောင်းစွာ မလည်ပတ်နိုင်တော့ခြင်း၊
- သက်ရှိအုပ်စုများ၏ အမျိုးအစားကွဲပြားမှု ယိုယွင်းပျက်စီးခြင်း၊
- နောက်ထပ် ဂေဟစနစ် မတည်ရှိတော့ခြင်းများ ဖြစ်ပေါ်လာပါမည်။
သန္တာကျောက်တန်း ဂေဟစနစ်ဆိုတာ..

သန္တာကောင်(Coral or Coral reef)များသည် ဇီဝသက်ရှိ တစ်မျိုးဖြစ်ပြီး မာကျောသော ပြင်ပအကာအရံ( hard skeleton) ကိုတည်ဆောက်ရန် သန္တာကောင်တစ်ကောင်ချင်းစီမှ ထုံးကျောက်ဟုခေါ်သော Calcium carbonate ကို စစ်ထုတ်၍ သန္တာကျောက်တန်းကြီးကို တည်ဆောက်ကြပါသည်။
သန္တာကောင်(Coral) များသည် ပင်လယ်ပြင်နေ ကျောရိုးမဲ့သတ္တဝါ( marine Invertebrate) များ ဖြစ်ကြပြီး ၎င်းတို့စုပေါင်းနေထိုင်ရာ သန္တာကျောက်တန်းများသည် ပုံသဏ္ဍန်အမျိုးမျိုး ရှိကြပါသည်။ သားလောင်းဘဝတွင် ရေစီးနှင့် မျောပါကြသော်လည်း ကြီးကောင်ဘဝတွင် တစ်နေရာတည်း၌ ကပ်တွယ်နေထိုင်ကြပါသည်။
Coral များတွင် အဓိကအားဖြင့် hard coral နှင့် soft coral ဟူ၍ ၂ မျိုး ရှိကြပါသည်။ Hard coral များသည် ကျွတ်ဆတ်၍ ကျိုးလွယ်ပြီး Calcium Carbonate များပါရှိကာ ကျောက်များနှင့် ဆင်တူပါသည်။
Soft coral များမှာမူ ကျောက်တုံးတွင်ကပ်၍နေတတ်ပြီး ကိုင်လိုက်လျှင် ချွဲကျိ၍ ရေစိုဖော့ကဲ့သို့ ပုံသဏ္ဍာန်ရှိပါသည်။၄င်းတို့သည် အကိုင်းအခက်ပုံစံရှိ၍ Calcium Carbonate များ မပါရှိပါ။ အလင်းရောင်နည်းသည့်နေရာတွင်လည်း ရှင်သန်နိုင်ကြပါသည်။
Coral အမျိုးအစားပေါင်း ၂၅၀၀ ကျော်မှ ၃၀၀၀ နီးပါးထိရှိပြီး အရွယ်အစားအမျိုးမျိုး ပုံစံအမျိုးမျိုးနှင့် တွေ့နိုင်ပါသည်။ Coral များသည် နေရောင်ခြည်ကောင်းစွာရ၍ ကြည်လင်သန့်ရှင်းသောရေတွင်သာ တွေ့ရတတ်ပါသည်။ နောက်ကျိသောရေ (turbid water) နှင့် cold water တို့တွင် မတွေ့ရှိရပါ။
အချို့သော coral များတွင် အဆိပ်ပါရှိကြပြီး ၎င်းကိုထိမိပါက ပြင်းထန်သော အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာဖြစ်ပြီး သေစေနိုင်ပါသည်။
ကမ္ဘာ့သမုဒ္ဒရာများ၏ 0.1 % မှာ coral region များဖြစ်၍ 25 % သောရေသတ္တဝါများ မှီခိုနေထိုင်ရာနေရလည်း ဖြစ်ပါသည်။ သန္တာကောင်များသည် အပင်မျှောလှေး (Phytoplankton) ၊ အကောင်မျှောလှေး (Zooplankton) နှင့် Krill ဟု ခေါ်သော အကောင်ငယ်လေးများကို စားသုံးကြပါသည်။
သန္တာကောင်များ၏ cell အတွင်းတွင်ပါရှိသော Zooxanthelae (microscopic algae)ကြောင့် သန္တာကောင် များကို အရောင်အသွေးစုံလင်စွာဖြင့် တွေ့ရခြင်း ဖြစ်ပါသည်။
Coral များကို အများအားဖြင့် အပြာ၊ အစိမ်း၊ အနီနှင့် ရွှေရောင်များဖြင့် တွေ့ရလေ့ရှိသည်။ ၎င်းတို့သည် ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်၍ အရောင်ပြောင်းနိုင်ကြပါသည်။
သန္တာကျောက်တန်း(coral reef)များကို တနင်္သာရီကမ်းရိုးတန်း၊ ရခိုင်ကမ်းမြောင်ဒေသ စသည်တို့၏ ကမ်းရိုးတန်းနှင့် ကမ်းလွန်ပင်လယ်ပြင်ကျွန်းအများစုအနီးတွင် တွေ့ရှိရနိုင်ပါသည်။
သန္တာကျောက်တန်း(coral reef) များသည် ကျွန်းများကို မုန်တိုင်းဒဏ်၊ ရေစီးကြောင်းဒဏ်၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုဒဏ်များမှ ကာကွယ်ပေး၍ အချို့သော ပင်လယ်ရေသတ္တဝါများအတွက် သားပေါက်ရာနေရာ၊ သားပေါက်များ ခိုအောင်းရာနေရာအဖြစ်လည်း အထောက်အကူပြုပါသည်။
မြန်မာ့ပင်လယ်ပြင်တွင် ရေလုပ်ငန်းအတွက် အဓိက အားကိုးအားထားပြုလို့ရသောအရာမှာ သန္တာကျောက်တန်း ဂေဟစနစ်ပဲ ဖြစ်ပါသည်။ထို့ကြောင့် မြန်မာနိုင်ငံ၏ ပင်လယ် ငါးဖမ်းလုပ်ငန်းတွင် သန္တာကျောက်တန်းဂေဟစနစ်ဖြစ်သည့် သန္တာကျောက်တန်း၊ ဒီရေတောနှင့် ပင်လယ်မြက်တို့ တည်ရှိနေမှုအပေါ်မှာ အများကြီး မှီခိုနေပါသည်။
သန္တာကျောက်တန်းဂေဟစနစ်သည် ရေလုပ်ငန်းအတွက်သာမက ပင်လယ်ပြင်ခရီးသွားလုပ်ငန်းဖြစ်သည့် Snorkeling နှင့် Scuba Diving ပြုလုပ်ခြင်းတို့အတွက်ပါ အသုံးဝင်သည့် ဂေဟစနစ်တစ်ခုလည်း ဖြစ်ပါသည်။

ထို့အပြင် ဤဂေဟစနစ်တွင်ပါဝင်သည့် ဒီရေတောသည်လည်း Creative ပြုလုပ်နိုင်လျှင် ခရီးသွားလုပ်ငန်းအတွက်သာမက စိုက်ပျိုးရေးလုပ်ငန်းအတွက်ပါ အသုံးချလို့ရနိုင်ပါသေးသည်။
လွန်ခဲ့သောနှစ်ပေါင်း ၃၀ ခန့်အတွင်း coral 50% လောက် ဆုံးရှုံးခဲ့ပြီးဖြစ်ပါသည်။ ထို့ကြောင့် အပူချိန်မြင့်တက်လာခြင်း၊ အက်စစ်ဓာတ်ပြုခြင်း၊ nitrogen နှင့် phosphorus များပြားခြင်း၊ ငါးအလွန်အကျွံဖမ်းခြင်း (ဥပမာ-ပေါက်ကွဲမှုဖြင့် ငါးဖမ်းခြင်း၊ cyanide ဖြင့် ငါးဖမ်းခြင်း)တို့ကို ရှောင်ရှားပေးရန် လိုအပ်လှပါသည်။
ထို့ပြင် သန္တာကျောက်တန်းဂေဟစနစ်တွင် ပါဝင်သည့် အရာအားလုံးကို ထိုပတ်ဝန်းကျင်မှာ နေထိုင်ကြသူများအနေဖြင့် မပျက်စီးစေဖို့ ဝိုင်းဝန်းထိန်းသိမ်းကာကွယ်စောင့်ရှောက်ရန် အထူးလိုအပ်လှပါကြောင်း သန္တာကျောက်တန်း ဂေဟစနစ်၏အကျိုးပြုပုံများအကြောင်းကို လေ့လာရေးသားလိုက်ရပါသည်။
ရေးသားသူ-ပင်လယ်ပြာ(ငါးဦးစီး)
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 0 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 1 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026