အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မီးဖိုချောင်ထဲက အနံ့အသက်ဆိုးတွေကို ဖယ်ရှားပေးနိုင်မည့် နည်းလမ်းကောင်းများ

မီးဖိုချောင်ထဲက အနံ့အသက်ဆိုးတွေကို ဖယ်ရှားပေးနိုင်မည့် နည်းလမ်းကောင်းများ

Green Way
Green Way • Greenovator • 22/01/2020

ဘယ်လိုနေရာ ဘယ်အခြေအနေမှာဘဲဖြစ်ဖြစ် အနံ့အသက်မကောင်းတဲ့အခါ နေရထိုင်ရတာလည်း ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ အထူးသဖြင့် မီးဖိုချောင်ထဲ နေ့တိုင်းဝင်နေရတဲ့ အိမ်ရှင်မများပါပဲ။

မိသားစုစားဖို့သောက်ဖို့အတွက် မဖြစ်မနေ မီးဖိုချောင်ထဲဝင်ပြီး ချက်ပြုတ်ရပါမယ်ဆိုကာမှ အထားအသိုမှားလို့ဖြစ်ဖြစ် အကြောင်းတစ်မျိုးမျိုးကြောင့် တစ်နေရာရာက အနံ့ဆိုးထွက်နေပြီဆိုရင် ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပါဘူး။

ဒါကြောင့် ကိုယ်နေ့တိုင်းဝင်နေရတဲ့ မီးဖိုချောင်ထဲမှာ အနံ့အသက်ဆိုးတွေ မရှိရလေအောင် အခုဖော်ပြပေးမယ့် နည်းလမ်းကောင်းလေးတွေကို သိထားသင့်ပါတယ်။

၁။ ကြက်သွန်ဖြူနံ့

အစားအသောက်ထဲမှာ ကြက်သွန်ဖြူပါသွားလို့ ပါးစပ်ထဲမှာ ကြက်သွန်ဖြူနံ့စွဲကျန်နေမှာကို စိုးရိမ်နေရပါသလား။ အကောင်းဆုံးနည်းလမ်းတစ်ခုကတော့ ပူစီနံအရွက်အနည်းငယ်ကို ဝါးစားပေးလိုက်ပါ။ ကြက်သွန်ဖြူနံ့ ပျောက်ကင်းသွားပါလိမ့်မယ်။

၂။ ဟင်းချက်အနံ့တွေ

မီးဖိုချောင်ထဲမှာ ဟင်းချက်ပါတယ်ဆိုမှတော့ ထမင်းဟင်းအနံ့တွေ သင်းနေတာက လူအများစုအတွက်တော့ ပြဿနာမဟုတ်ပေမယ့် တချို့သူတွေအတွက်ကတော့ စိတ်အနှောင့်ယှက် ဖြစ်စရာပါ။ ဟင်းချက်ပြီးလို့ မီးဖိုချောင်ထဲမှာ အနံ့တွေစွဲကျန်မနေအောင် လိမ္မော်ခွံတွေကို အပူငွေ့ငွေ့လေးကျန်နေတဲ့ မီးဖိုပေါ်တင်ထားပေးလိုက်ပါ။ လိမ္မော်နံ့လေး သင်းပျံ့နေပါလိမ့်မယ်။

၃။ လက်မှ ငါးညှီနံ့တွေ

အသားဟင်းချက်တဲ့ရက်မဟုတ်ဘဲ ငါးဟင်းလေးပြောင်းချက်တဲ့နေ့ကျရင် ငါးကိုင်ပြီးလို့ လက်မှာစွဲကျန်နေတဲ့ ငါးညှီနံ့က ဘယ်လောက်ပဲဆေးဆေး ပြောင်မသွားပါဘူး။ ဒါပေမယ့် ဒီလိုခက်ခဲတဲ့ အခြေအနေအတွက် လွယ်ကူတဲ့ဖြေရှင်းချက် ရှိနေပါတယ်။ ငါးညှီနံ့စွဲနေတဲ့ လက်ကို ဘေစင်၊ သံဇလုံတွေနဲ့ ပွတ်တိုက်ပေးလိုက်ပါ။ ငါးညှီနံ့တွေ ပျောက်သွားပါလိမ့်မယ်။

၄။ အစားအသောက်ထည့်တဲ့ဘူးတွေ

ကော်ဘူးတွေထဲမှာ ဟင်းတွေထည့်ပြီးလို့ ဘယ်လောက်ပဲပြန်ဆေးဆေး အနံ့တွေပျောက်မသွားဘူးဆိုရင် ကော်ဘူးထဲကို ရေနွေးထည့်ပြီး မုန့်ဖုတ်ဆိုဒါ သုံးဇွန်းလောက်ထည့်ပေးလိုက်ပါ။ တစ်ညထားပေးလိုက်ပြီးတော့ နောက်တစ်နေ့မနက်မှာ ဆေးကြောပေးလိုက်ပါ။ အသစ်အတိုင်းဖြစ်သွားပါလိမ့်မယ်။

၅။ ရေခဲသေတ္တာ

ရေခဲသေတ္တာက အနံ့ဆိုးတွေ ထွက်နေပါသလား။ ပထမဦးဆုံးလုပ်ရမှာကတော့ ရေခဲသေတ္တာထဲက ဒိတ်လွန်နေတာတွေ၊ မကောင်းတာတွေကို ဖယ်ထုတ်လိုက်ပြီး ထိုနေရာမှာ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် ဖျန်းပေးလိုက်ပါ။ ပြီးရင် မိုက်ခရိုဖိုက်ဘာ အဝတ်နှင့် သုတ်ပေးလိုက်ပါ။ ရေခဲသေတ္တာထဲက အနံ့တွေ ပျောက်ကင်းသွားပြီး ယခင်ထက်လည်းပိုပြီး သန့်ရှင်းတောက်ပြောင်သွားမှာပါ။

၆။ ခြစ်

အခြားမီးဖိုချောင်သုံးပစ္စည်းတွေ မဆိုထားနဲ့ ခြစ်တောင်မှ အနံ့ဆိုးထွက်နေတယ်ဆိုပါက မီးကင်ထားတဲ့ ပေါင်မုန့်တစ်ချပ် နှစ်ချပ်လောက်ယူပြီး ခြစ်နဲ့ ခြစ်လိုက်ပါ။

၇။ စဥ့်နီတုံး

ပလပ်စတစ်စဥ့်နီတုံးတွေဟာ သုံးစွဲရလွယ်ကူသလောက် အနံ့တွေစွဲထာလည်း လွယ်ကူပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့မီးဖိုချောင်ထဲက ဦးစွာအနေနဲ့ ဆပ်ပြာရည်လေးဝေ့နေတဲ့ ရေနွေးနွေးလေးနဲ့အရင် ဆေးပေးလိုက်ပါ။ ထို့နောက် သံပယိုသီး(လီမွန်)ကို အလယ်ကထက်ခြမ်းခြမ်းကာ စဥ့်နီတုံးမှာ လိုက်ပွတ်ပေးလိုက်ပါ။

၈။ ပန်းကန်ဆေးဖော့တုံးများ

ဟင်းရွက်ပန်းကန်တွေဆေးကြောတဲ့ ဖော့တုံးတွေလည်း အနံ့အသက်မကောင်းတော့ဘူးဆိုပါက မုန့်ဖုတ်ဆိုဒါ စားပွဲတင် ၁ဇွန်း ထည့်ထားတဲ့ ရေနွေးနွေးထဲမှာ တစ်ညစိမ်ထားလိုက်ပါ။ စွဲနေသမျှ အနံ့တွေ အားလုံးကို စုပ်ယူသွားပါလိမ့်မယ်။

Source: www.onegoodthingbyjillee.com

MyFood Myanmar Website မှ ကူးယူဖော်ပြပါသည်။

You

ဆက်စပ်မေးခွန်းများ

နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ

မင်းမင်း • ဖြေကြားချက် 0 ခု

မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏

bominthu • ဖြေကြားချက် 2 ခု

အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ

JohnSaw • ဖြေကြားချက် 1 ခု

နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ

Khing Hein • ဖြေကြားချက် 2 ခု

နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ

Nwe Nwe aung • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။