ကောင်းကျိုး ဆိုးကျိုးတွေနဲ့ ပလတ်စတစ်
ဈေးထဲကိုသွား တစ်ခုခုဝယ်၊ ဘာဖြစ်ဖြစ် ကြွပ်ကြွပ်အိတ်နဲ့ ထည့်ပေးလိုက်တာချည်းပဲ။ ဘုရားပန်းကလွဲရင်ပေါ့။ အဲ တစ်ခါတစ်လေ အလှစည်းထားတဲ့ အပွင့်အခက်လေးတွေနဲ့ ပလတ်စတစ်စလေးတွေတောင် ပါနေသေးတယ်။ အဲ့တော့ ပလတ်စတစ်တွေ ဖြစ်ပေါ်လာပုံ၊ ကောင်းကျိုး၊ မကောင်းကျိုးတွေ စတဲ့အချက်တွေကို ပြန်ပြီးတော့ သုံးသပ်ကြည့်ရအောင်။
ပလတ်စတစ်တွေဆိုတာက ၁၉၀၇ ခုနှစ်မှာ စပြီးတော့ တီထွင်ခဲ့တာပါ။ နယူးယောက်မြို့တော်ကြီးက လီယို ဘေ့ကာလန် (Leo Baekeland) က ပလတ်စတစ်ဆိုပြီးတော့ ထုတ်လုပ်ခဲ့ပါတယ်။ အဲ့နောက်ပိုင်းကနေစပြီးတော့ ပလတ်စတစ်ကို အမျိုးမျိုးလုပ်လာကြတာ ၂၀ ရာစုမှာ အသုံးအများဆုံးဖြစ်ခဲ့ပြီးနောက်တော့ ပစ်လိုက်တဲ့ပစ္စည်းတွေက လွယ်လွယ်နဲ့မဆွေးဘူးဆိုတာကို တွေ့လာကြရပြန်တယ်။ ဒါပေမဲ့ ပလတ်စတစ်တွေ ထုတ်လုပ်ဖို့အတွက်လည်း ကုန်ကျစရိတ်က အများကြီးမဟုတ်ဘူးဆိုတော့ တွင်တွင်ကျယ်ကျယ်ကို ထပ်ပြီးအသုံးပြုလာကြတယ်။ တစ်ခြား လုပ်ငန်းသုံးပစ္စည်းတွေအဖြစ်ကိုလည်း ပြောင်းပြီးတော့ အသုံးပြုလာကြပြန်ပါတယ်။ ဗီနိုင်းလို မျိုးတွေပေါ့။
ကောင်းတဲ့ အချက်အလက်တွေကို စပြီးတော့ ကြည့်ကြရအောင်ပါ။ အလွယ်တကူ သုံးလို့ရတယ်။ ကောင်းကျိုးတွေ အများကြီးထဲမှာ ကောင်းတာလေးတစ်ချက်တော့ ပေါ့ပေါ့ပါးပါးဖြစ်တဲ့ ပလတ်စတစ်အိတ်တွေကို နေရာတိုင်းမှာ သုံးလို့ရတာကြောင့်ပဲ သုံးဖြစ်နေတာလို့ ဆိုလိုက်ရင်တော့ ကောင်းကျိုးကို တန်းမြင်မိမှာပါ။
သန်မာမှုနဲ့ တာရှည်ခံမှု
ကားထဲမှာပါတဲ့ dash book တွေဆိုတာ ပလတ်စတစ်အခြေခံပြီး ထုတ်ထားတာပါ။ ဆိုတော့ သန်မာမှုကို အသုံးချပြီးတော့ ကောင်းကျိုးကိုရယူနေတာပါ။ ကားမှာတပ်တဲ့ ဘန်ပါဆိုတာကလည်း ပလတ်စတစ်ကနေ ထုတ်လုပ်ထားတာတွေပါပဲ။ အဲ့လို သန်မာမှုတွေကြောင့်လည်း သုံးနေကြတာဖြစ်ပါတယ်။
ဈေးတန်တာ
တစ်ခြားဟာတွေထက် ဈေးပေါတယ်ဆိုတာကလည်း သူ့ရဲ့ အားသာချက် ကောင်းကျိုးတစ်ချက်ပါပဲ။ အဲ့တော့ လုပ်ငန်းတော်တော်များများက လုပ်ချင်တိုင်းလုပ်၊ ဖန်တီးချင်တိုင်း ဖန်တီးလို့ရတဲ့ ပလတ်စတစ်ကိုသုံးပြီးတော့ လုပ်ငန်းတွေ ပြိုင်ဆိုင်ကြတာပေါ့။
ရေစိုခံတယ်။
အဲ့ဒါကလည်း တွေးစရာ နောက်တစ်ချက်လေနော်။ ငယ်ငယ်တုန်းက ပလတ်စတစ်အိတ်ကို ခေါင်းစွပ်ပြီး မိုးရေထဲပြေးဆော့။ ရေစိုခံတယ်။ ရေလုံတယ်။ ဒီတစ်ချက်ဆိုတာကလည်း တော်တော်လေးကို အကျိုးရှိတဲ့အချက်ဖြစ်တာကြောင့်မို့ မရှိမကောင်း ရှိမကောင်းဆိုတာ ဖြစ်လာတာပါပဲ။
အနံ့မရှိဘူး
သူများတွေနဲ့ မတူတဲ့တစ်ချက်ပေါ့။ အနံ့အသက်မရှိတဲ့အပြင်ကို အနံ့အသက်တွေကိုလည်း လုံစေနိုင်တာကြောင့်မို့ သုံးနေကြရတဲ့ အကြောင်းရင်းတစ်ချက်ပေါ့။
ပြန်သုံးလို့ရတယ်။
အိတ်တွေ...အိတ်တွေစုထားပြီး ဘာထည့်ထည့် သုံးနေလို့ရတာဆိုတော့ အဲ့ဒါကလည်း ကောင်းတဲ့အချက်တွေထဲက တစ်ချက်ပါပဲ။
ကဲ လာပြီ လာပြီ ဒေါ်သက်ရီ...အဲ့လေ လာပြီ လာပြီ ဆိုးကျိုးတွေလေ။ ကောင်းတာတွေလည်းရှိသလို ဆိုးကျိုးတွေလည်းရှိတယ်ဆိုတော့ကာ ထပ်ပြီးတော့ ကြည့်လိုက်ပါဦးမယ်။
ဆွေးမြေ့ပျက်စီးဖို့ ကြာတယ်။
သန်မာပြီးတော့ ကြာရှည်ခံတယ်ဆိုတာကတော့ လွန်သွားတဲ့ အတိုင်းအတာထဲမှာရှိပါတယ်။ ဘယ်ကိုပစ်ထုတ်လိုက်လိုက် ဆွေးမြေ့ပျက်စီးဖို့ကြာတာကြောင့် အမှိုက်ပုံကြီးက ကြီးသထက်ကြီးလာပြီးတော့ ပတ်ဝန်းကျင်ညစ်ညှမ်းမှုကို ဖြစ်စေပါတယ်။
ကင်ဆာရောဂါတွေလည်း ဖြစ်စေနိုင်တယ်။
အဆိုးဆုံးအချက်လို့ထင်ပါတယ်။ ဘာထည့်ထည့် သုံးနေကြတဲ့ ပလတ်စတစ်အိတ်တွေထဲက စားစရာပူပူလေးတွေနဲ့ ပလတ်စတစ်အိတ်နဲ့ ထိပြီးတော…..BPA ပါတဲ့ ပလတ်စတစ်အိတ်တွေကြောင့် လူတွေမှာ မျိုးစုံတဲ့ကင်ဆာတွေ ဖြစ်လာကြရတယ်ဆိုတာ ငြင်းမရနိုင်အောင်ပါပဲ။ BPA ကိုဖယ်ထုတ်လိုက်ရင်တောင်မှပဲ တစ်ခြားပစ္စည်းတွေ အများကြီးပါနေသေးတာကြောင့်မို့ ကလေးတွေကျန်းမာရေးနဲ့ ပုံမှန်အတိုင်းမဟုတ်တဲ့ ကြီးထွားမှုတွေကို ဖြစ်စေတတ်ပါတယ်။
အရည်ပျော်မှတ် နိမ့်တာ။
ပလတ်စတစ်ဆိုတာ ပါးပါးလေးပါ။ အရည်ပျော်ဖို့ကလွယ်ပါတယ်။ အပူနည်းနည်းလေး ထိလိုက်တာနဲ့တင် အရည်မပျော်ရင်တောင် အနံ့လေးနည်းနည်းထွက်လာတာကို ခံစားရမှာပါပဲ။ အဲ့ဒါက ကိုယ်တွေကို တဖြည်းဖြည်းချင်း အဆိပ်သင့်စေနေတာပဲဖြစ်ပါတယ်။
မီးရှို့လိုက်ရင်ထွက်တဲ့ အဆိပ်ငွေ့တွေ။
မပျက်စီးနိုင်လို့များ မီးရှို့မိလိုက်တယ်ဆိုရင်လည်း ပတ်ဝန်းကျင်ကိုညစ်ညမ်းစေတဲ့ ဓာတ်ငွေ့တွေ ထွက်လာပါသေးတယ်။ အဲ့ဓာတ်ငွေ့တွေက ကမ္ဘာကြီးပူနွေးမှုကိုတောင် ဖြစ်စေတယ်ဆိုတော့ လူတွေနဲ့ တိရိစ္ဆာန်တွေရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကတော့ ပြောစရာကို လိုအပ်လိမ့်မယ်လို့မထင်ပါဘူး။ မီးရှို့လိုက်လို့ထွက်လာတဲ့ ဓာတ်ငွေ့တွေကို ရှူမိတဲ့ အခါ ဖြစ်လာတဲ့ရောဂါတွေက ကုချင်လည်း ကုလို့ရမယ်။ ကုလို့မရတာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကြောက်စရာတော့ကောင်းပါတယ်။
သုံးနေရတာက ပြန်မရနိုင်တဲ့ ပစ္စည်းတွေပါ။
အဲ့တော့ ပြန်မရနိုင်တဲ့ အရင်းအမြစ်တွေကို အသုံးချပြီးတော့ ထုတ်လုပ်နေတဲ့ ပလတ်စတစ်တွေပါ။ ထုတ်ရင်းနဲ့ အရင်းအမြစ်တွေ ထုတ်ရင်းထုတ်ရင်းနဲ့ ကုန်သွားတဲ့အခါမှာ နောက်ထပ် ဘယ်တော့မှပြန်မမြင်ရတော့ဘူးဆိုတာကိုလည်း သတိပြုရမှာပါ။
ကဲ ဒါတွေကတော့ အများဆုံး လူပြော သူပြောများတဲ့ အချက်တွေကိုပဲ တင်ဆက်ထားတာကြောင့်မို့လို့ တကယ်တမ်း ပြောစရာတွေက အများကြီးရှိနေပြီးတော့ ပြောမကုန်တဲ့အချက်တွေ ရှိနေပါသေးတယ်။ ဒီနေ့တော ဒီလောက်ပါပဲနော်။
အတတ်နိုင်ဆုံး ပလတ်စတစ်သုံးတာ လျော့ချဖို့ တိုက်တွန်းရင်း......
ထွန်းဝင်းကျော်
http://www.meritsdemerits.com/advantages-disadvantages-plastic-essay-points/
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 2 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from Htunn Winn Kyaw
အားလုံး
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
မောင်နီပြောတဲ့ ခရမ်းချဉ်စင်တင်နည်း
07/09/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
အသံ
ရေကြီး ဒေသတွေမှာ ရေကျပြီးရင် တောင်သူတွေအနေနဲ့ ဘာတွေ ပြန်လုပ်ကြရမလဲ? ဘာတွေပြန်စိုက်မလဲ?
22/08/2026