ကမ္ဘာကြီးကို ကယ်တင်စေနိုင်တဲ့ အလွယ်လမ်းများ (မိမိကိုယ်ကို လူပျင်းဟု ခံယူထားသူများ အတွက်သီးသန့်)
- လျှပ်စစ်စွမ်းအင်ကို ချွေတာဖို့အတွက် ကွန်ပျူတာအပါအဝင် ခင်ဗျားရဲ့အသုံးအဆောင်ပစ္စည်းတိုင်းကို အသုံးမလိုရင် ပိတ်ထားပေးပါ။
- စက္ကူသုံးစွဲမှုကိုချွေတာဖို့အတွက် မီတာခလို ငွေပေးချေမှုတွေကို ခင်ဗျားရဲ့ဖုန်းထဲကတဆင့် အွန်လိုင်းဝန်ဆောင်တစ်မျိုးမျိုးဖြင့် ပေးဆောင်ပါ။ စက္ကူသုံးစွဲမှုလျော့နည်းလေ သစ်တောပြုန်းတီးမှု သက်သာလေဖြစ်မှာပါ။
- likeပေးရုံသာမဟုတ်ဘဲ shareလုပ်ပေးပါ။ အကယ်၍ ခင်ဗျားသုံးစွဲတဲ့social mediaမှာ အမျိုးသမီးအခွင့်အရေးတွေအကြောင်း၊ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတွေအကြောင်း ဖတ်မိရင် likeပေးရုံသာမဟုတ်ဘဲ shareလုပ်ပေးပါ။ ဒါမှလဲ ခင်ဗျားရဲ့ သူငယ်ချင်း၊ အပေါင်းအသင်း၊ မိတ်ဆွေတွေကလဲ ဖတ်ရှုသိရှိနိုင်တာပေါ့။
- ထုတ်ဖော်ပြောကြားပါ။ ခင်ဗျားနေထိုင်တဲ့ပတ်ဝန်းကျင်မှာရှိတဲ့ ဒေသဆိုင်ရာ အာဏာရှိသူတွေကို လူတွေနဲ့သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့လုပ်ငန်းတွေကို မြှင့်တင်လုပ်ဆောင်နေပြီလားဆိုတာသိရအောင် မေးခွန်းများများမေးပြီး ခင်ဗျားရဲ့ဆန္ဒကို ထုတ်ဖော်ပြသပါ။ ပြီးခဲ့တဲ့ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်မှာပြုလုပ်ကျင်းပခဲ့တဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံအရ ကမ္ဘာ့ခေါင်းဆောင်တွေရဲ့ ကာဗွန်လျော့ချရန်သဘောတူညီချက်ဆုံးဖြတ်ခြင်းအကြောင်း မေးမြန်းသိရှိနိုင်ရန်နဲ့ ထောက်ခံပေးရန် ဖော်ပြပါလင့်ခ်တွင်သွားရောက်ပြီး ခင်ဗျားရဲ့အမြင်တွေကို ထုတ်ဖော်ပြသနိုင်ပါတယ်။ (http://momentforaction.org/)
- တတ်နိုင်သလောက် ပရင့်မထုတ်မိအောင်ကြိုးစားပါ။ ခင်ဗျားသိချင်တဲ့ အကြောင်းအရာတစ်ခုခုကို အွန်လိုင်းမှာရှာပြီးသွားပြီဆိုရင် မှတ်စုစာအုပ်ပေါ်မှာ ချရေးလိုက်ပါ။ ဖြစ်နိုင်ရင် ဖုန်းထဲက မှတ်တဲ့စာအုပ်လိုမျိုး၊ ကွန်ပျူတာထဲက မှတ်စုလိုမျိုးက ပိုကောင်းပါတယ်။ စာရွက်သုံးစွဲမှု ပိုမိုသက်သာတာပေါ့။
- အမှန်တကယ် အလင်းရောင်လိုအပ်မနေရင် မီးချောင်းတွေကို ပိတ်ပေးပါ။ ခင်ဗျားကြည့်နေတဲ့တီဗွီ၊ ဒါမှမဟုတ် ကွန်ပျူတာမျက်နှာပြင်တွေက အလင်းအရောင်အသင့်အတင့်ပေးနိုင်တာကြောင့် အနီးအနားမှာရှိတဲ့ မီးအုပ်ဆောင်းတို့ တခြားလျှပ်စစ်သုံးစွဲနေရတဲ့ အသုံးအဆောင်တွေကို ပိတ်ပေးပါ။
- သဘာဝပတ်ဝန်းကျင်ထိခိုက်အောင် လုပ်ဆောင်တာမျိုးမရှိကြောင်းသိရတဲ့ ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တွေကို အွန်လိုင်းပေါ်မှာ သေချာစုံစမ်းပြီးမှ ရွေးချယ်ဝယ်ယူသုံးစွဲပါ။
- အကယ်၍ အွန်လိုင်းပေါ်မှာ ညစ်ညမ်းတဲ့စာတွေ၊ ဓာတ်ပုံတွေပိုပြီးခြိမ်းခြောက်နှောင့်ယှက်တာတွေကို မိမိကိုယ်တိုင်ကြုံရတာပဲဖြစ်ဖြစ် ခင်မင်ရင်းနှီးသူတစ်ဦးဦး ကြံုတာပဲဖြစ်ဖြစ်သက်ဆိုင်ရာကို တိုင်ကြားပြီး ကျူးလွန်သူကို အရေးယူဆောင်ရွက်ပါ။
- သတင်းအချက်အလက်များ အမြဲရယူရှာဖွေပါ။ ဒေသဆိုင်ရာ၊ နိုင်ငံတကာဆိုင်ရာသတင်းများကို ဂရုစိုက်ဖတ်ရှုပြီး တစ်ကမ္ဘာလုံးဆိုင်ရာ ရည်ရွယ်ချက်များနဲ့ ထိတွေ့ရင်းနှီးနေရန် @GlobalGoalsUNရှိ သတင်းများကို လေ့လာပါ။
- သင့်ရဲ့လုပ်ဆောင်ချက်များကို တခြားသူများနဲ့ ချိတ်ဆက်လေ့လာသင်ယူနိုင်ရန် social mediaတွင် hashtag(#)ခံပြီး ထုတ်ဖော်ပါ။
- သင်၏ကာဗွန်ထုတ်လွှတ်မှုနှုန်းကို ထိန်းညှိပေးပါ။ ခင်ဗျားရဲ့ကာဗွန်ခြေရာ(ကိုယ်သုံးလိုက်တဲ့ ကာဗွန်ပမာဏ)တွေကို ဘယ်လိုတွက်ချက်ပြီး climate creditတွေရယူမလဲဆိုတာကိုတော့ Climate Neutral Nowမှာ လေ့လာနိုင်ပါတယ်။ (www.climateneutralnow.org/SitePages/How.aspx )
မုဒြာ (အစိမ်းရောင်လမ်း)
ဆက်စပ်မေးခွန်းများ
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 1 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နှင်းပန်းပွင့်တွေက ခါးမှာ ပုတ်သလို ဖြစ်ပီး အပွင့်တွေက ပုံပါအတိုင်းဖြစ်နေလို့ပါဆရာ။ ဘာကြောင့်ဖြစ်တာလဲရှင့် ဘာဆေးဖြန်ရင်ရလဲဆရာ
Nwe Nwe aung • ဖြေကြားချက် 3 ခု
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Green Way
အားလုံး
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026