ပန်းအာလူး ဘယ်လိုစိုက်ကြမလဲ..
မြန်မာအမည် = ပန်းအာလူး
အင်္ဂလိပ်အမည် = red potato
ရုက္ခဗေဒအမည် = Solanum tuberosum
အစိမ်းရောင်လမ်း အမေးအဖြေကဏ္ဍ မှာ 'ပန်းအာလူးကို ဘယ်လိုစိုက်ရတာလဲ" လိူ့မေးလာတဲ့ သန်လျင်မြို့က Phyo theingi ရဲ့မေးခွန်းကို ဖြေကြားရင်း ဒီဆောင်းပါးလေးကို ရေးလိုက်ရခြင်း ဖြစ်ပါတယ်။

ပန်းအာလူးစိုက်စနစ်ကို မရေးခင် အာလူးအကြောင်း အနည်းငယ် ပြောချင်ပါတယ်။
အာလူးရဲ့ မူရင်းဒေသက တောင်အမေရိကတိုက်ဖြစ်ပါတယ်။ အာလူးအမျိုးအစားပေါင်းအနေနဲ့တော့ ၅၀၀၀ ကျော်လောက်ထိ ကွဲပြားခြားနားတဲ့ ပုံသဏ္ဌာန်၊ အရောင် စသဖြင့် ရှိတယ်လို့ ဆိုပါတယ်။
အာလူးဥရဲ့ အခွံအရောင်၊ အတွင်းသားအရောင်အရလည်း၊ အခေါ်အဝေါ်အမျိုးမျိုး ရှိပါတယ်။
အဝါရောင်အာလူး၊ အနီရောင်အာလူး(အတွင်းသားအဖြူ)၊ ပန်းရောင်အာလူး(အတွင်းအပြင်ပန်းရောင်) အနက်ရောင်အာလူး၊ စသဖြင့် ခေါ်ကြပါတယ်။
ပန်းအာလူး(red potato) ဆိုတာကတော့...
အခွံက ပန်းရောင်သန်းပြီး အတွင်းသားကတော့ ဖြူပါတယ်။
အလုံးဝိုင်းသဏ္ဍာန်ရှိပြီးသကာလ စားလိုက်ရင် စီးတွဲတွဲနဲ့ ဆိမ့်သွားတဲ့အရသာက စွဲမက်စေပါတယ်။
အသုံးပြုပုံ
- ပန်းအာလူးကို အလုံးသေးဆိုဒ်ရယူပြီး၊ အခွံမခွာဘဲ ကြော်စားကြလေ့ရှိပါတယ်။
- အချို့ကတော့ ဟော့ပေါ့ထဲမှာ ထည့်ကြသလို အချို့ကကျတော့၊ ပန်းအာလူးချဉ်စပ် ပြုလုပ်စားသုံးကြပါတယ်။
- ပန်းအာလူးမှာ ကိုလက်စ်ထရောဖရီးဖြစ်လို့ ခန္ဓာကိုယ် ထိန်းသိမ်းရာမှာ ကျန်းမာရေးအစာအဖြစ်လည်းသတ်မှတ်ကြပါတယ်။
- ဗီတာမင်- ဘီ 6 နဲ့ ပိုတက်စီယံ များစွာပါဝင်ပါတယ်။
- ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်လို့ ကင်ဆာဆဲလ်ကို ထိန်းနိုင်တယ်လို့လည်း ပညာရှင်တွေ လက်ခံထားကြပါတယ်။
- မြန်မာနိုင်ငံမှာတော့ ရှမ်းပြည်နဲ့ ကချင်ဒေသတွေမှာ ပန်းအာလူးကို စိုက်ပျိုးတာတွေ့ရပါတယ်။
- တောင်ပေါ် အေးတဲ့ဒေသတွေမှာ စိုက်ပျိုးဖြစ်ထွန်းတာကိုး။
စိုက်ပျိုးနည်းစနစ်
- အရင်ဦးဆုံး စိုက်မယ့်မြေနေရာရွေးချယ်ပါ။
- ကိုယ့်အိမ်ထဲမှာ မြေနေရာကျဉ်းရင် စည်ပိုင်းပြတ်၊ ပီနံအိတ်၊ပလပ်စတစ် ပုံးခွံတွေထဲမှာလည်း စိုက်လို့ရပါတယ်။
မြေချစိုက်မယ်ဆိုရင်တော့...
စိုက်ခင်းမြေပြုပြင်ရန်...
- ရေမဝပ်တဲ့နေရာ၊ မြေသြဇာကောင်းတဲ့နေရာ ဖြစ်ရပါမယ်။
- မြေကြီး pH 5.2 - 6.0 ကြား (အကယ်၍ pH 5.0 အောက်ဆိုရင် ထုံးထည့်ပေးပါ။
- 7.8 - 8 ကျော်ရင် ဂျစ်ဆန် သို့မဟုတ် ဆာလ်ဖာ မြေသြဇာထည့်ပါ။)
- သဘာဝမြေသြဇာ ၂ လက်မ အထူရအောင် ဖြန့်ခင်းပါ။
- မူလမြေကြီးနဲ့ သဘာဝမြေသြဇာ သမအောင် ထွန်ခြစ်နဲ့ မွှေပေးပါ။
စိုက်ချိန်
- အကောင်းဆုံးစိုက်ချိန်ကို ရွေးမယ်ဆိုရင် ဇန်နဝါရီပထမပတ် - ဖေဖော်ဝါရီလကုန်ပိုင်း စိုက်တာကောင်းပါတယ်။
မျိုးစေ့ပြုပြင်ခြင်း
- မျိုးစေ့ကို အလုံးသေးစိုက်တာထက် အလုံးကြီးကို အနာအဆာကင်းတာ ရွေးစိုက်ပါ။
- အာလူးကြီးတာဆိုရင် မျက်စေ့ ၂ ခုပါအောင် ဓားဖြင့်ခွဲစိတ်ပါ။
- မစိုက်မီ မျိုးပိုင်းတွေကို(အင်ဒေါင်း-မျိုးလူးဆေး) ဆေးစိမ်ပြီးမှစိုက်ပါ။ (ဆေး၁၀ဂရမ်/ရေ ၁ ဂါလံ)
ပန်းအာလူးစိုက်ပျိုးခြင်း
- အဆင်သင့်ပြုပြင်ထားပြီးသား မြေပေါ်မှာ ၈ လက္မ × ၁၂ လက္မ စိုက်ကြောင်းဆွဲပါ။
- ၁ ကျင်းမှာ အာလူးမျိုး ၁ စေ့ ချပြီး ၆ လက္မ အနက်စိုက်ပါ။
- အာလူးဥကို နေရောင်တိုက်ရိုက်မထိဖို့တော့ အရေးကြီးပါတယ်။
- မြေအနေအထားကြည့်ပြီး ရေလောင်းပေးရပါမယ်။
အာလူးနုတ်သိမ်းခြင်း/သိုလှောင်ခြင်း
- ပန်းအာလူးကို စိုက်ပြီး ၃-လ ကြာရင် နုတ်သိမ်းနိုင်ပါပြီ။
- စားသုံးမှု လိုအပ်ချက်အရ အလုံးဆိုဒ်သေးသေးလိုချင်ရင် စောစောနုတ်သိမ်းအသုံးပြုနိုင်ပါတယ်။
- အာလူးကို ကြာရှည်စွာသိုလှောင်မယ် ဆိုရင်တော့... အထူးသတိပြုဖို့လိုပါတယ်။
- အာလူးကို နေရောင်တိုက်ရိုက်ထိရင် အခွံရော၊ အသားရောစိမ်းလာခြင်း၊ အညှောင့်ထွက်လာခြင်း ဖြစ်နိုင်ပါတယ်။
(အစိမ်းရောင်ဖြစ်သွားတဲ့ အာလူးမှာ ဂလိုင်ကို အယ်လ်ကာလွိုက် ပါဝင်တာကြောင့် လူတယောက်/၄၅၀ဂရမ် စားသုံးပါက နျူရိုတောက်ဆစ် ဖြစ်တတ်ပြီး မူးမော်အော့အန်တတ်ပါသတဲ့၊)
ဒါကြောင့်..
အာလူးကို ကြာရှည်သိုလှောင်မယ်ဆိုရင်...
- အာလူးတွေကို ရေမဆေးရပါ။
- အရိပ်ကောင်းကောင်း၊ မှောင်မဲတဲ့နေရာမှာ ထားရပါမယ်။
- အေးမြပြီး ခြောက်သွေ့တဲ့နေရာ ဖြစ်ဖို့လိုပါတယ်။
- လေလုံတဲ့ သေတ္တာ၊ စည်ပိုင်း၊ အောက်ခံမှာ သတင်းစာစက္ကူတွေ ခံထားရပါမယ်။
ကဲ.. ဒီလောက်ဆိုရင်တော့ သန်လျင်မြို့က Phyo theingi ရဲ့ မေးခွန်းကို ဖြေကြားရင်း စာဖတ်သူများလည်း၊
ဗဟုသုတရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
နောက်တပတ်ကျရလည်း ဘယ်မြို့က ဘယ်သူ့မေးခွန်းကိုဖြေဖို့ အလှည့်ကျမလဲ စောင့်စားတော်မူကြပါဦး..လို့
ဆန္ဒပြုရင်း..
စေတနာများစွာဖြင့်..
ဒို့ဦးလေး
Ref; How to grow red potatoes.
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
သက်နိုင်ဝင်း
လွန်ခဲ့သော ၇ လ ကသိုလောင်တဲ့နေရာမှာ တချို့ကျ လေဝင်လေထွက်ကောင်းတဲ့နေရာမှာထားပါတဲ့ ဒီမှာက လေလုံတဲ့နေရာတဲ့ သုံးသပ်ပေးပါအုံးဗျ
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
Trichoderma ကိုမတ်ပဲအတွက်သုံးချင်လို့အဆင့်အဆင့်သုံးရမယ့်နည်းလမ်းသိချင်လို့ပါဆရာသူ့ရဲ့အကျိုးပြုပုံလေးလည်းသိချင်လို့ပါဆရာ
Zaw Than Oo • ဖြေကြားချက် 1 ခု
ခရမ်းချဉ်ပျိုးတာ5ရက်ရှိပြီအမင်မပေါက်လာသေးလို့ဆရာ/မျှားနီတံဆိပ်
Zaw Than Oo • ဖြေကြားချက် 1 ခု
GW11ကိုတဧကဘယ်နတင်းလောက်ကျဲပတ်ရင်ကောင်းမလဲအချိုကပါးပါးကျဲရင်စပါးအရန ည်းတယ်ဆိုတာဟုပ်ပါသလားခင်ဗျား။
U Win Zaw • ဖြေကြားချက် 1 ခု
ဒီနှစ်နွေစပါးအတွက် အယ်နီညိုရှိတော့ မျိုးစပါးအတွက်။ ဆာဖိုးသာနဲ့ Gw11 ဘယ်မျိုးထည့်ရင် ကောင်းနိုင်လဲဆရာ
Nwe Nwe aung • ဖြေကြားချက် 5 ခု
ခရမ်းချဉ်မျိုးစေ့က ဘယ်နှစ်ရက်ဆို အပင်ပေါက်ပါသလဲ ? ကြက်ဟင်းခါး ငရုပ်လည်းဖြေပေးပါအုံး သိနားလည်သောဆရာများ ခင်ဗျာ
စောတိုးသူဝင်း • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
More from Thar Po
အားလုံး