မြေဆီလွှာထဲမှာရှိတဲ့ အဏုဇီဝသက်ရှိတွေရဲ့ အကျိုးပြုပုံများ
မြေဆီလွှာမျက်နှာပြင်ရဲ့ အပေါ်ဘက်နဲ့ အောက်ဘက်တွေမှာ များစွာသော အဏုဇီဝ သက်ရှိတွေရှိတယ် ဆိုတာကို သိကြလားရှင့်..
မြေကြီးကို လက်ဖက်စားဇွန်းနဲ့ ကလော်ကြည့်လိုက်ရင် အဏုဇီဝသက်ရှိတွေ သန်း ၅၀ လောက် ပါလာပါတယ်တဲ့။
အဲ့ဒီအဏုဇီဝသက်ရှိတွေက သာမန်မျက်စိနဲ့မမြင်နိုင်ပါဘူး။ မိုက်ခရိုစကုပ်နဲ့မှ မြင်နိုင်ပါတယ်။
အဏုဇီဝသက်ရှိတွေဟာဆိုရင် မြေသားဖွဲ့စည်းတည်ဆောက်မှုကောင်းမွန်ဖို့နဲ့ မြေဆီဩဇာပြည့်ဝဖို့ အတွက် မရှိမဖြစ်လိုအပ်တဲ့ သက်ရှိလေးတွေပဲ ဖြစ်ပါတယ်။

အဏုဇီဝသက်ရှိလို့ခေါ်တဲ့ မိုင်ခရိုအော်ဂနဆင်ဆိုတာဘာလဲ?
ဒီသက်ရှိလေးတွေက သမုဒ္ဒရာရဲ့ ကြမ်းပြင်ကနေစပြီး လေထုရဲ့အပေါ်ဘက်အထိ နေရာတိုင်းမှာ ရှင်သန်နေထိုင်နိုင်ကြပါတယ်။ သူတို့တွေက ဆဲလ်တစ်လုံးတည်းလည်းဖြစ်နိုင်သလို ဆဲလ်အများကြီး ပါနေတဲ့ သက်ရှိလည်း ဖြစ်နိုင်ပါတယ်။ အပင်ပေါ်မှာရှိတဲ့ ဘတ်တီးရီးယား၊ အာခီးယား၊ ပရိုတိုဇိုးဝါး အပြင် များစွာသော မှိုနဲ့ရေညှိတွေလည်း ဖြစ်နိုင်ပါတယ်။
စက္ကူညှပ်ကလစ်တစ်ခုထက်မပိုတဲ့ အလေးချိန်ပမာဏရှိတဲ့ မြေကြီးတုံးထဲမှာဆိုရင်..
- ဘတ်တီးရီးယား - သိန်း ၃၀ နဲ့ သိန်း ၅၀၀၀ ကြား
- အန်တီနိုမိုင်းစိ - ၁ သိန်းနဲ့ သိန်း ၂၀၀ ကြား
- ဖန်ဂျိုင်း - ၅၀၀၀ နဲ့ ၁၀ သိန်းကြား
- ပရိုတိုဇိုးဝါး - ၁၀၀၀ နဲ့ ၅ သိန်းကြား
- အယ်ဂျေး - ၁၀၀၀ နဲ့ ၅ သိန်းကြား
- နီမတုတ် - ၁၀ နဲ့ ၅၀၀၀ ကြား စတဲ့ အကောင်ရေတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။
အဏုဇီဝသက်ရှိတွေက ဘာကြောင့်အရေးကြီးတာလဲ?
မြေဆီလွှာထဲမှာရှိတဲ့ အဏုဇီဝတွေက ဩဂဲနစ်ပစ္စည်းတွေ ပုပ်သိုးဆွေးမြေ့အောင် လုပ်ဆောင်တဲ့ နေရာနဲ့ အပင်တွေ သီးနှံတွေကို အာဟာရတွေ ထောက်ပံ့ပေးနိုင်အောင် လုပ်ဆောင်ရာမှာ အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်လုပ်ဆောင်ပါတယ်။ ဩဂဲနစ်ပစ္စည်းတွေ ဆွေးမြည့်ခြင်းက အဏုဇီဝသက်ရှိတွေကို ကြီးထွားဖို့နဲ့ ဆဲလ်အသစ်တွေဖြစ်ဖို့အတွက် ကာဗွန်ကို ထောက်ပံပေးပါတယ်။
ဒါ့အပြင် အော်ဂဲနစ်ဒြပ်စင်တွေကို ဖြိုခွဲရာမှာ ကူညီပေးတဲ့အတွက် မြေဆီလွှာထဲမှာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ထုတ်လွှတ်ပေးကာ နိုက်ထရိုဂျင်ကိုလည်း ပြုပြင်ပေးပါတယ်။ အာဟာရဓာတ်တွေကိုလည်း အပင်တွေအသုံးပြုနိုင်တဲ့ ဓာတ်သတ္တု ပုံစံတွေအဖြစ် ပြောင်းလဲရာမှာ ကူညီပေးပါတယ်။ သေးငယ်တဲ့ ဇီဝသက်ရှိလေးတွေက မြေဆီလွှာမှာ ရွေ့လျားသွားလာတဲ့အတွက် လေဝင်လေထွက် ကောင်းစေပြီး မြေဆီလွှာအတွင်း ရေစီးဆင်းမှုနဲ့ မြေသားဖွဲ့စည်းတည်ဆောက်မှု တိုးတက်ကောင်းမွန်အောင်လည်း လုပ်ဆောင်ပေးပါတယ်။
ပတ်ဝန်းကျင်အတွက်ဆိုရင် အဏုဇီဝတွေရဲ့ အခန်းကဏ္ဍက ရာသီဥတုကို ထိန်းညှိပေးခြင်း၊ မိုး ခေါင်ခြင်း၊ ရေကြီးခြင်းနဲ့ ရေတွေစစ်ထုတ်တဲ့ နေရာမှာ ကူညီပေးတဲ့ ကမ္ဘာပေါ်ရှိ တန်ဖိုးအရှိဆုံး ဂေဟဗေဒ စနစ်တစ်ခုအနေနဲ့ ပါဝင်ပါတယ်။
အဏုဇီဝတွေက စိုက်ခင်းထဲမှာ ဘယ်လိုတွေအကျိုးပြုလဲ?
အကျိုးရှိတဲ့ အဏုဇီဝသက်ရှိတွေ မြေဆီလွှာထဲမှာ ရှင်သန်နေထိုင်နိုင်ဖို့ဆိုရင် သူတို့ရဲ့ အစာ၊ ရေနဲ့ အောက်စီဂျင်တို့ လိုအပ်ပါတယ်။
စိုက်ပျိုးတောင်သူတွေကလည်း အကျိုးပြုအဏုဇီဝသက်ရှိတွေ မြေကြီးထဲ ပေါများနေဖို့ အောက်ပါ နည်းလမ်းအမျိုးမျိုးနဲ့ ဖြည့်တင်းနိုင်ပါတယ်။
(၁) စိုက်ခင်းထဲမြေဆွေးထည့်ပေးခြင်း
ကာဗွန်ဆိုတာက အဏုဇီဝသက်ရှိတွေရဲ့ အဓိကစွမ်းအင်အရင်းအမြစ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့တွေ အသက်ရှင်ဖို့ သဘာဝပစ္စည်းတွေ အများကြီးထည့်ပေးဖို့ လိုအပ်ပါတယ်။
(၂) မြေဖုံးပင်တွေစိုက်ပျိုးခြင်း
မြေဖုံးပင်တွေစိုက်ပျိုးခြင်းက မြေကြီးထဲမှာရှိတဲ့ အဏုဇီဝပိုးတွေအတွက် အစာအရင်းအမြစ်ကို ထောက်ပံ့ပေးနိုင်ပါတယ်။
https://greenwaymyanmar.com/posts/Cover_Crops_and_Their_Benefits
ဒီဆောင်းပါးလေးမှာ ဖတ်ကြည့်လို့လည်း ရပါတယ်။
(၃) မြေဆီလွှာကို ရေသေချာလောင်းပေးခြင်း
အကျိုးပြုအဏုဇီဝတွေက သင့်တင့်တဲ့ အပူချိန်နဲ့ အစိုဓာတ်ရှိမှ အသက်ရှင်နိုင်ကြပါတယ်။
မြေပေါ်မှာ ဘာအပင်မှမရှိဘူး ဗလာဖြစ်ကာ ခြောက်သွေ့နေမယ်၊ အပူချိန်ကလည်း မြင့်မားနေမယ် ဆိုရင် အဏုဇီဝပိုးတွေကို သေစေနိုင်ပါတယ်။
(၄) ရုပ်ပိုင်းဆိုင်ရာ ထိခိုက်စေခြင်း
ဒါကတော့ မြေကြပ်နေခြင်းနဲ့ အမြဲတမ်း ထွန်ယက်နေခြင်းကို ဆိုလိုတာပါ။ တစ်ခါတစ်ရံတော့ ကိစ္စမရှိပေမယ့် အမြဲ ထွန်မွှေနေမယ်ဆို မြေကြီးရဲ့ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ အကျိုးပြုအဏုဇီဝတွေရဲ့ လုပ်ဆောင်ချက်တွေကို ထိခိုက်နိုင်ပါတယ်။
(၅) ပျိုးဘောင်တွေကို မြေဖုံးထားခြင်း
သဘာဝပစ္စည်းတွေဖြစ်တဲ့ သစ်ရွက်တွေ ထင်ရှူးရိုးတွေလိုမျိုး ပျိုးဘောင်တွေမှာ ဖုံးထားမယ်ဆိုရင် မြေဆီလွှာကို အစိုဓာတ်ထိန်းပေးတဲ့အတွက် အကျိုးပြုအဏုဇီဝတွေကို ရှင်သန်စေနိုင်ပါတယ်။
(၆) ပိုးသတ်ဆေးတွေရှောင်ကြဉ်ခြင်း
ဓာတုနဲ့လုပ်ထားတဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး၊ မှိုသတ်ဆေး နဲ့ မြေဩဇာတွေက မြေကြီးထဲမှာရှိတဲ့ အကျိုးပြုအဏုဇီဝသက်ရှိတွေကို ဖျက်စီးနိုင်ပါတယ်။ ဓာတုအစား အောဂဲနစ် မြေဆွေးတွေ မြေဩဇာ တွေ သုံးပေးမယ်ဆိုရင် မြေဆီလွှာထဲမှာ အချိန်အကြာကြီး အာဟာရဓာတ်တွေ ထုတ်လွှတ်နိုင်ပြီး ဓာတုမြေဩဇာလိုမျိုး ဓာတုအကြွင်းအကျန်တွေ မကျန်ခဲ့နိုင်ပါဘူး။
စတဲ့ နည်းလမ်းကောင်းတွေနဲ့ အကျိုးပြုအဏုဇီဝတွေကို မြေကြီးထဲမှာ ပိုမိုရှင်သန်အောင် လုပ်ဆောင်နိုင်ပါတယ်။
Ref:https://cedarcirclefarm.org/tips/entry/the-living-soil-microorganisms
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာ 909 ခရမ်းချဥ်ပါ အခု ဂွသီးလေးတွေ စခူးနေပါပြီ အပင်သက်တမ်းအားဖြင့် ၃ လထဲရောက်နေပါပြီ အတာ ဘယ်လပိုင်းလောက်ထိ ခူးရနိုင်လောက်လဲဗျ ဒီမှာတော့ ခရမ်းချဥ် ၁ ပိဿာကို ၃၅၀၀နှုန်းရောင်းရပါတယ်ခင်ဗျ အတော်လေးသီးသလိုအတော်လေးလဲအဆင်ပြေပါတယ်ခင်ဗျ အပင်ကတော့ ထိုင်သွားတယ်လို့ပဲထင်ပါတယ်ဆရာ မုန်းတိုင်းအချိန်ကြောင့်ခုထိအဆက်မပြတ် မိုးရွာနေစဲဆရာ
U Yan • ဖြေကြားချက် 0 ခု
နှမ်းအတွက် အပွင်းအသီးအာဆေးဘယ်တွေသုံရင်ကောင်မလည် ပြောပြပါအုံးခင်မျာ ဆောင်နှမ်းပါခင်များ
မင်းမင်း • ဖြေကြားချက် 1 ခု
မဂ်လာပါ ပန်းအရွက်လိပ်ပီးအထဲမှာပိုးရှိနေပါတယ်ဘာဆေးဖျန်းရမလဲဖြေကြားပေးပါ။🙏
bominthu • ဖြေကြားချက် 3 ခု
အဲ့ဆေး၂မျုိးကိုဘယ်လိုဖြန်းသင့်လဲဗျာ ကွမ်းပင်၃လသားမှာပင်ခြေကနေ အဖြူရောင်အလုံးလုံးလေးတွေနဲ့ပုတ်သေတာ
JohnSaw • ဖြေကြားချက် 1 ခု
နွားချေးအစို+ဖွဲ့နု+ကျောက်မှုန့်(ဂျစ်ပဆမ်) +ပဲမှုန့်+တင်လဲရည်+တဆေးတို့နဲ့ အချည်ဖောက်အရည် ပြုလုပ်လို့ရပါသလား ရခဲ့ရင် အသုံးပြုရမယ့်ပစ္စည်းပါဝင်မှုအချိုးအစားသိပါရစေ
Khing Hein • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၅)
29/09/2026
မုန်တိုင်းငယ်၏ တိုက်ရိုက် သက်ရောက်မှုကြောင့် ၇ ရက်အတွင်းဖြစ်ပေါ်မည့် မိုးလေဝသအခြေအနေ
29/09/2026
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
More from ဆုမြတ်နိုး
အားလုံး