မြေဆီလွှာပြန်လည်ကောင်းမွန်ဖို့ Cover Crop  စိုက်ကြစို့

27/10/2020 15:00 PM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

       Cover Crop  ဆိုသည်မှာ ပျက်စီးနေသော  မြေသားများ ပြန်လည်ကောင်းမွန်ဖို့အပြင် သီးနှံများ အရင်နှစ် သို့မဟုတ် အရင်ရာသီထက် အထွက်နှုန်းပိုမို ကောင်းမွန်ရန်အတွက် စိုက်ပျိုးကြသော သီးခြားသီးနှံ တစ်မျိုးဖြစ်ပါတယ်။ Cover Cropကို အများအားဖြင့် မြက်မျိုးရင်းဝင်များကို စိုက်ပျိုးကြပါတယ်။ မြက်မျိုးရင်းဝင် အပင်များသည် မြေသားတိုက်စားခံရခြင်းကို ပြန်လည် ထိန်းသိမ်းခြင်း နှင့် မြေဆီလွှာ ဖွံ့ဖြိုးကောင်းမွန်ဖို့ ပြန်လည် တည်ဆောက်ရာတွင် ကူညီပေးပါတယ်။ ဦးကြီးတို့စိုက်ပျိုးနေသော သီးနှံများတွင် နှစ်စဉ်ကျရောက်နေသော ရောဂါများနှင့် ပိုးမွှားများကို ထိန်းချုပ်နိုင်ပြီး ဇီဝမျိုးကွဲများရှားပါးလာခြင်းမှလည်း ကာကွယ်ပေး ပါတယ်။ အများအားဖြင့် Cover Crop  ကို ဆောင်းအကျော်တွင် စိုက်ပျိုးကြလေ့ရှိပါတယ်။

      Cover Crop စိုက်ပျိုးခြင်းကြောင့် မြေဆီလွှာ ကို အဓိကပြန်လည် ကျန်းမာစေပါတယ်။ မြေကြပ်ခဲများဖြစ်ပေါ်နေသော နေရာမှ ပေါင်းမြတ်များကို လျှော့ချရန်၊ အကျိုးပြုအင်းဆက် ပိုးမွှားများကို ထိန်းသိမ်း ကာကွယ်ရန်အပြင် မြေအစိုဓာတ်ရရှိ၍ မြေဆီလွှာ ပြန်လည် ထိန်းသိမ်းလိုသော နေရာများမှာ Cover Crop  ကို စိုက်ပျိုးသင့်ပါတယ်။  Cover Crop  ကို Cash Cropသီးနှံများ ဖြစ်သည့် ကော်ဖီ ၊ကိုကိုး၊ လက်ဖက်၊ ကြံ၊ဝါ၊စပါး၊ ဂျုံနှင့်ပြောင်း စသည့်သီးနှံများ စိုက်ပျိုးရိတ်သိမ်းပြီး နောက်တွင် အဓိကထား စိုက်ပျိုးသင့်ပါတယ်။ Cover Crop  ကို စိုက်ပျိုးရိတ်သိမ်းပြီး၍ နောက်တစ်သီးစိုက်ပျိုးရန် ထွန်ယက်ချိန်တွင် မြေဆီလွှာတွင် စမ်းရှိနေသကဲ့သို့ အစိုဓာတ်တွေရရှိနေတာကို လည်းမြင်တွေ့ရမှာပါ။ ထို့အပြင်အမြစ်နှင့် အပင်အပေါ်ပိုင်း ရှင်သန်ကြီးထွားဖို့ သဘာဝသစ်ဆွေးမြေဩဇာ အဖြစ်ပေါင်းထည့်နိုင်ခြင်းနှင့် မြေကြီးထဲသို့ လုံလောက်သော အာဟာရဓာတ်များ ရရှိခြင်းစတဲ့ အကျိုးကျေးဇူးတွေ ကိုလည်း ခံစား ရစေပါတယ်။ Cover Crop  သီးနှံများသည် မြေကြီးအတွင်းရှိနေသော( မြေဆောင်ရောဂါနှင့် အင်းဆက် ပိုးမွှားများ) သီးနှံများအား မဖျက်စီးစေရန် တားဆီးကာကွယ်ပေးပါတယ်။ ထိုမျှသာမက မြေငွေ့ထိန်းပေးခြင်း လုပ်ငန်းစဉ်အပြင် ပေါင်းမြက်များ ရှင်သန်ကြီးထွားမှု မရှိစေရန်လည်းကူညီပေးပါတယ်။ Cover Crop  များစိုက်ပျိုးခြင်းသည် ကျွဲ၊နွားစသော လယ်ယာသုံး တိရစ္ဆာန်များအတွက် စားကျက်မြေကိုပါ ရရှိစေပါတယ်။

      Cover Crop သီးနှံများ ကိုစိုက်ပျိုးသည့် အခါအလုပ်သမားခရော အချိန်ရောပါ ထပ်ဆောင်း ကုန်ကျခြင်းကြောင့်တောင်သူအများစု စိုက်ပျိုးကြလေ့မရှိကြသေးပါ။ ယခင်စိုက်ပျိုးသီးနှံကရသည့် ငွေအချို့သည် ဈေးမရသည့်ကတစ်ကြောင်း ဈေးရလာပြန်လျှင်လည်း အင်းဆက်ပိုးမွှားကနှိပ်စက် ၊ရောဂါကနှိပ်စက် ကြားခံပွဲစားကဈေးနှိမ်ခြင်းစသော ဈေးကွက်ပြသနာများကြောင့် မြေဆီလွှာ ပြန်လည် ထိန်းသိမ်းသည့်ဘက် မလှည့်ဖြစ်သေးခြင်း ဖြစ်သည်ဟုမြင်မိပါတယ်။ ထို့အပြင် Cover Crop  ကိုစိုက်ပျိုးခြင်းအားဖြင့် ထပ်ပေါင်းထည့်ရသည့်ငွေထက် အလုပ်သမားခများ ပိုပေးနေရ ပါသေးတယ်။ သို့သော်ငြားလည်း ဦးကြီးတို့ပထမရာသီတွင် ရောဂါများပိုးမွှားများ၊ ပေါင်းမြက်များ ဆိုးရွားစွာ ကျရောက်ခဲ့လျှင် ဒုတိယရာသီတွင် Cover Crop  ကိုစိုက်ပျိုးကြည့်ကြဖို့ တိုက်တွန်းပါရစေ။

Cover Crop  အဖြစ်စိုက်ပျိုးသင့်သောသီးနှံများ

    1. လူး၊ဆပ်၊ပြောင်း(millet)

    2. ပဲလွန်း(cowpea)

    3. ပိုက်ဆံလျှော်(sunnhemp)

    4. ဂျူံ(oat)

    5. ပန်းဂျူံ(buckwheat)

    6. မုယော(barley)

        Cover Crop  ကို စိုက်ပျိုးမည်ဆိုလျှင် ပဲမျိုးရင်းဝင် အပင်များနှင့် မြက်မျိုးရင်းဝင် အပင်များအား ရွေးချယ်စိုက်ပျိုးခြင်းသည် အကောင်းဆုံးပါ။ Cover Crop စိုက်ပျိုးခြင်းဖြင့် ဉီးကြီးတို့ စိုက်ခင်း မြေဆီလွှာများလည်း ပြန်လည် ကျန်းမာကောင်းမွန်ပြီး အထွက်နှုန်းများ တိုးကာ ဝင်ငွေများ တိုးတက်ကြပါစေ။

Reference:

https://www.treehugger.com/definition-of-cover-crop-3016953

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်